Ep - 3

3.5K 406 132
                                    

(Unicode)

ရှောင်းကျန့်က ရိပေါ်ကို လွှတ်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ရှောင်းကျန့်ကို တွန်းဖယ်ပြီး သန့်စင်ခန်းထဲက အပြေးထွက်လာခဲ့သည်။

ရှောင်းကျန့်က လက်ဆော့ထားတာကြောင့် အကျီလက်တွေက ပခုံးထိ လျှောကျနေပြီး ဖရိုဖရဲဖြစ်နေသေး၏။

ဂါဝန်စကို တက်နင်းမိတာကြောင့် မှောက်လဲတော့မလိုဖြစ်သွားသေးသည်။ အတင်းကုန်းရုန်းထပြီးနောက် ပြေးထွက်ခဲ့ရာ စလစ်ပါတစ်ဖက်က သန့်စင်ခန်းထဲကျွတ်ကျန်ခဲ့၏။

ရိပေါ်လည်း ကျွတ်ခဲ့တဲ့ဖိနပ်ကို ပြန်မစီးအား။ မြန်မြန်သာထွက်မပြေးရင် ဒီလူ့လက်ထဲမှာပဲ လုံးပါးပါးတော့မည်မို့။

နားနေခန်းထဲရောက်မှ အမောဖြေရသည်။ ဟောဟဲဆိုက်နေတဲ့အပြင် နှုတ်ခမ်းတွေပါပေါက်လို့ သွေးထွက်နေတဲ့ ရိပေါ်ကို သူငယ်ချင်းတွေက မယုံသင်္ကာကြည့်နေကြ၏။

ဟန်ကွေ့ချန်ကလည်း အိမ်သာသွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ပေါ်မလာသေး။

မဟုတ်မှလွဲရော ဒီကောင် ဟန်ကွေ့ချန်နဲ့ ရန်ဖြစ်ခဲ့တာလား ? ဤသည်မှာ မင်လျန်ရဲ့အတွေး။

" ရိပေါ် အဆင်ပြေလား "

" မပြေဘူး။ ငရဲတွင်းက လွတ်အောင်ပြေးခဲ့ရတယ် "

" အမ် "

ရိပေါ်ရဲ့ အဖြေကို မင်လျန်က နားမလည်ပါပေ။ ရှူးသွားပေါက်တာ ဘယ်လိုလုပ်ငရဲရောက်သွားတာတုန်း။

" ဘာတွေပြောနေတာလဲ ။ ငါနားမလည်ဘူးကွ "

" စောက်စကားများလိုက်တာ ခွေးကောင်ရ။ လူမှ မောပါတယ်ဆို .. အာ့ ကျွတ်* ကျွတ် * "

မင်လျန်ကို ‌ဆဲလိုက်စဥ်မှာပဲ အနမ်းခံရလို့ ပေါက်သွားတဲ့ နှုတ်ခမ်းသားက ပိုပြဲသွား၏။ ရိပေါ်က နှုတ််ခမ်းသားတွေကို လက်ခုံနဲ့သုတ်လိုက်သည်။ ထို့နောက် မကျေနပ်စွာ ခပ်တိုးတိုး ရေရွတ်လိုက်၏။

သောက်ဘိုးတော် လူမှ ဟုတ်ရဲ့လားပဲ !

" ဒီဝတ်စုံကြီးနဲ့ မနေနိုင်တော့ဘူး ။ အကျီလဲတော့မယ် "

" ခဏနေ ဆုယူရမယ်ဆိုရင်ရော "

" ဆုရရင် ငါမယူတော့ဘူး။ မင်းတို့ပဲ ယူလိုက်ကြတော့ "

Hi ! How are you , babe?Onde histórias criam vida. Descubra agora