တစ်ချိန်က ရန်သူတော်
(1)
"ဟေ့ ဟေ့ ရှောင် ရှောင်! "
ကိုယ့်ရှေ့က သူငယ်ချင်းမက ကိုယ့်အနောက်သို့မျှော်ကြည့်ရင်း အတင်းရှောင်ခိုင်းပေမဲ့ ဘာကိုရှောင်လို့ ရှောင်ခိုင်းမှန်းမသိ ။" ဟင်! " တစ်လုံးနဲ့ တွေဝေနေတုန်း
" အ. အား...."
ကိုယ့်ရဲ့ နောက်စေ့ ကို အရှိန်ပြင်းပြင်းနဲ့ လာမှန်တဲ့တစ်ခုခုကြောင့် အရှေ့သို့ ဟက်ထိုးယိုင်လဲသွားကာကိုယ်လည်း နောက်စေ့ကို လက်ဖြင့်စမ်းရင်း လာမှန်ပြီး လိမ့်သွားတဲ့ ဘောလုံးကို လှမ်းကောက်က ဘယ်ကောင်ပစ်တာလဲဆိုတဲ့ မျက်လုံးနဲ့ ဂျိုပေးလိုက်တော့
Assemblies ကွင်းထဲကနေ .
" ဘောလုံး ပြန်ပေး "
ဆိုပြီး လှမ်းအော်နေတဲ့ ကောင် ကိုတွေ့သည်။မူလတန်းအရွယ် ကလေးပီပီ
" ငါနင့်ကို ဆရာမတိုင်မယ် "
လို့ ကိုယ့်အသံစူးစူးနဲ့ ပြန်အော်လိုက်ကာ
ဘောလုံးကို ပိုက်ပြီး စာသင်ခန်းထဲပြေးဝင်ခဲ့သည် ။" ဟာ ဟျောင့်... မင်းက အချင်း ချင်းကို ဟျောင့်! !. "
သြော်ဟော ဆရာမကိုကြောက်လို့ အနောက်ကနေပြေးလိုက်လာတာလို့ မထင်လိုက်ပါနဲ့ ။ထမင်းစားကျောင်းဆင်း စာသင်ခန်းထဲမှာ ဆရာမ မရှိတာအခွင့်ကောင်းယူပြီး သူဟာ ကိုယ့်ရဲ့ ရှပ်အင်္ကျီကိုဂုတ်ကနေလှမ်းဆွဲလိုက်သည်။
ဟုတ်ပါတယ် ၂တန်းကျောင်းသူပေမဲ့ အစ်ကိုတွေရဲ့ အကျ ယောက်ျားလေးရှပ်တွေနဲ့ ဘောင်းဘီတွေသာ ဝတ်ဖြစ်တယ် ။
သူများမိန်းကလေးတွေလို အဖြူအစိမ်းဂါဝန်လှလှကလေးတွေများ ဝတ်ချင်စိတ်မရှိသလို အိမ်ကလည်း ဝယ်ပေးတာမဟုတ်ဘူး ။
အစ်ကို ၂ယောက်နဲ့နေရတော့ အဖေက ကိုယ့်ကိုလည်း သူ့သားတွေနဲ့အတူတူ ဘိုကေတိုတိုညှပ်ပေးထားသည် ။
" အား မဆွဲနဲ့ ငါနင့်ကို ဆရာမတိုင်မှာ "
ဆိုပြီး ဂုတ်က သူ့လက်ကို မှီသလောက်လှမ်းရိုက်ပေမဲ့ ဒီဂတုံးကောင်က အားအရမ်းသန်တာ ကိုယ့်ကိုတောင် ကိုင်ပေါက်နိုင်လောက်တယ် ။အင်းလေ ယောကျ်ားနဲ့မိန်းမ ဘယ် အားချင်းမျှမလဲ ။
" မင်းက လူလေးပေါက်စနနဲ့ ငါ့ကို ရန်စတာလား ဟုတ်လား "
သူဟာ ကိုယ့်ကို သူ့ဘက်ဆွဲလှည့်လိုက်တော့
အသားဖွေးဖွေး ကုလားစင်မျက်ဝန်းနက်နက်နဲ့ စုတ်ချွန်းချွန်း ကတုံးကောင်ဟာ လူကသာ ၂တန်း ရှပ်အင်္ကျီကြယ်သီးပြုတ်နဲ့ သူ့ကိုယ်သူဘာမှတ်နေသလဲမသိဘူး ။
YOU ARE READING
တစ်ချိန်က ရန်သူတော် OC (one short)
Short StoryReality ဆန်ဆန် ငယ်ဘဝကနေ ကျောင်းသားဘဝအထိ Romance Story လေးဖြစ်ပါတယ်။ Uni/Zawgyi Reality ဆန်ဆန် ငယ်ဘဝကနေ ကျောင်းသားဘဝအထိ Romance Story လေးဖြစ်ပါတယ်။