Part (9) to Final Uni/Zawgyi

9.6K 400 134
                                    

(9)

ဘယ်တက္ကသိုလ်ကိုတက်ကြမလဲ?
ဘယ်အသက်မွေးလမ်းကြောင်းကိုရွေးကြမလဲ?
အရေးအကြီးဆုံးအပိုင်းကိုရောက်လာပြီ။

ကိုယ်ဝါသနာပါရာ ပါရာ ကိုယ်တက်ချင်ရာ ကျောင်း အမှတ်နဲ့ကိုက်ညီမယ့်ကျောင်းကို ရွေးချယ် လျောက်ထားလိုက်ကြသည်။

ကိုယ်ကတော့ Tourism ကိုရှေ့ဆုံးကနေထားလျောက်လိုက်တာ တကယ်လည်း Tourism တက်ဖို့ အကြောင်းကပါလာပြီ။
အိမ်ကလည်း သဘောကျကြပါတယ် ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာ ဘာမှ ဝေဖန်ခြင်းမရှိဘူး။

ဒါပေမဲ့ ကိုယ့်ရဲ့ချစ်သူငယ်ချင်းမကတော့ အိမ်နဲ့အနည်းငယ်ပြဿနာရှိသည်။
သူ့အမေက TU မှ TU တက်စေချင်သတဲ့
သူ့သမီးရဲ့အမှတ်က MTU မမှီသဖြင့် မှီတဲ့ TU ကိုတက်စေချင်ပါသော်လည်း
သူငယ်ချင်းကတော့ မန္တလေး ကွန်ပျူတာတက္ကသိုလ်ကို လျောက်ဖြစ်အောင် လျောက်လိုက်သည်။

ကိုယ်နဲ့ ကွန်ပျူတာသင်တန်းတက်ကတည်းက ကိုယ့်ကို ပြောဖူးသည် သူ ကွန်ပျူတာတက္ကသိုလ်ပဲတက်ချင်တယ်တဲ့။
ဒါကို ကိုယ်က အမှုမဲ့အမှတ်မဲ့ပဲ သဘောထားလိုက်တာ ဒီကြားထဲ တက္ကသိုလ်ကိစ္စဆွေးနွေးတော့လည်း သူက ကွန်ပျူတာတက္ကသိုလ်ကိုပဲတက်မယ်လို့ အတည်တကျတော့မပြောခဲ့။
အခုတော့ အိမ်နဲ့အတိုက်အခံပြုပြီးကို လုပ်ချလိုက်တာပဲ။

ကိုယ်လည်း သူ့အိမ်သွားပြီး သူ့အမေကိုလည်း ဝိုင်းဖျောင်းဖျရင်း ကိုယ့်သူငယ်ချင်းကိုလည်း အားပေးလိုက်ရသေးသည် ။
သူက TU မတက်ခဲ့ပေမဲ့ သူ့ရည်းစား မှန်ကြောင်ကတော့ MTU မှာ civil လျောက်ပေမဲ့ Mechanical ပဲမှီလိုက်သည် ။
ဟိုကောင် ကတော့ Civil သေချာပေါက်မှီခဲ့သည် ။

ထိုအခါက ကိုယ်တောင် မနာလိုဖြစ်မိသေးသည်။ ဒီကောင်ဟာ မွေးကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ရွှေဇွန်းကိုက်သူဌေးသားဖြစ်တဲ့အပြင် ငယ်ငယ်ကလည်း ကျောင်းမှာ အသာစီးအနိုင်ရ မျက်နှာသာပေးခံရတဲ့ကောင်။
သူရှာသမျှပြဿနာတွေကို သူ့အဖေကဒိုင်ခံလိုက်ရှင်းပေးခဲ့တဲ့ လိုတိုင်းရနေတဲ့ကောင်။
ဟော ၁၀တန်းအောင်တော့လည်း ၄ဘာသာရခဲ့တဲ့အပြင် အခု တက္ကသိုလ်ကိုတောင်သူတက်ချင်တဲ့ Civil ကို ကပ်ဝင်သွားတာ
ဒီကောင် ကံကောင်းချက်က အားလုံးသူ့ဘက်မှာချည်းပဲ ။

တစ်ချိန်က ရန်သူတော် OC (one short)Where stories live. Discover now