**
" မယု။ ဒါ မေခန့် ပါပါး ဦးမျိုးထက်နိုင် တဲ့။
ပါပါး.. ဒါ မေခန့် ပြောတဲ့ မယုလေ"ကားပေါ်က ဆင်းဆင်းခြင်း မယုကို ပါပါးနှင့်မိတ်ဆက်ပေးမိသည်။
" မင်္ဂလာပါဗျာ။ သမီးက အရမ်းပြောလွန်းလို့ ဆရာမကို သိပြီးသားပါ ။ သမီးညွှန်းသလောက်လည်း ချောနေတာကိုး"
မေခန့်မှာ အားနာစွာပင် ပါပါးလက်မောင်းကို ဆိတ်ကာ မယုကို အကဲခတ်မိသည်။
မိတ်ကပ်ဖုံဖုံ လိမ်းထားသည့် မျက်နှာ နုနုလေးသည် ကြည်စင်လျက်။ ပါးပါး၏ စကားကြောင့် အနည်းငယ် နေရခက်သည့်ဟန် ပေါ်သွားသည့်တိုင် ထိုရှက်ရဲရဲ အမူအရာ၌ပင် စွဲမက်ဖွယ် ကောင်းအောင် လှပနေပါသည်။
" ကျွန်မလည်း ဦးလေးကို ရင်းနှီးနေပါရဲ့ရှင်။ဦးလေး ကိုယ်တိုင် လာကြိုတာကို အားနာလိုက်တာရှင်"
" မနာရပါဘူးဗျာ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က ဒီ ထ.၂ အလွန်မှာ နေတာလေ။ သူ့အိမ်ကို ထမင်းချိုင့် လာပို့ရင်း သမီးကိုပါ တစ်ခါတည်းခေါ်လာတာ။ တက်ပါ ဆရာမ။ သမီးလည်း အနောက်မှာပဲ ထိုင်လိုက် "
မေခန့်က နောက်ခန်းတံခါးကို ဆွဲဖွင့်ကာ
မယုကို အရင်ဝင်စေသည်။ ပြီးမှ ဘေးတွင် ဝင်ထိုင်ကာ ကားတံခါးကို ဆွဲပိတ်သည်။မယု၏ ကိုယ်ပိုင် Signature ရနံ့ ဖြစ်သည့် forest နံ့က သင်းခနဲ။
ထိုရနံ့ကို မေခန့် ကြိုက်ပါသည်။
လူသူ မရှိသည့် တောအုပ်ထဲ ရောက်သွားသလို စိမ်းသက် တိတ်ဆိတ်၍ အေးမြသော ရနံ့မျိုး။
ရနံ့များအကြောင်း အတန်ငယ် လေ့လာဖူးသဖြင့် မယု၏ ရနံ့သည် Forest နံ့ ဟူ၍ ကောက်ချက်ချမိခြင်းပင်။
Forest ဟူသော စကားလုံးဖြင့် လိုက်ဖက်ညီစွာပင် လင်းယုနွယ် ဟူသည် တိတ်ဆိတ်၊စိမ်းသက်၍ ပဟေဠိ ဆန်လှသည် မဟုတ်ပါလား။ တောအုပ်တစ်ခု၏ ကြောက်မက်ဖွယ် ကောင်းခြင်းမျိုး မပါဝင်လာစေဖို့တော့ ဆုတောင်းရမည်သာ။ဆွမ်းကပ်ရာ " ပညာတံခွန်" ကျောင်းတိုက်က မေခန့်တို့အိမ်နှင့် မျက်စောင်းထိုးမှာ ရှိသည်မို့ အလွယ်တကူ ဖြစ်ရသည်။
ကျောင်းတိုက် ရှေ့က မြေကွက်တွင် ကားရပ်တော့ မေခန့်က အရင်ဆင်း၍ တံခါးကို ဖွင့်ပေးကာ ပြောရသည်။

YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော( Completed)
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....