Unicode 14

6.2K 525 17
                                    

" မနေ့ ညနေ က ဦးမျိုးထက်နိုင် ဖုန်းဆက်လာသေးတယ်"

ဂေါ်ရာကန် ပတ်လမ်းတစ်လျှောက် လမ်းလျှောက်နေရင်း ပြောလိုက်သော မယု ကြောင့် မေခန့် ရင်ထဲ ထိတ်ခနဲ ဖြစ်ကာ ငဲ့ကြည့်မိရသည်။

" ပါပါး က လား...။ ဘာလို့လဲ"

မေခန့်၏ မှေးရိုးကို လက်ဖျားဖြင့် အသာ
ဆွဲယူကာ ပင့်မော့စေလိုက်သောမယု။

ဒီရက်ပိုင်းတွေမှာ ပိုမိုနီးကပ်လာကြတဲ့ထိတွေ့မှုတွေ ဆိုပေမဲ့ မေခန့်အတွက်တော့ အသားမကျနိုင်စွာ ရင်ခုန်ရမြဲ။

အနာကတ် တိတ် ပါးပါးလေးဖြင့် ဖိကပ်ထားသော မေးရိုးကို လက်ချောင်းဖြင့် ခပ်ဖွဖွ တစ်ချက်သပ်ကာ သက်ပြင်းရှိုက်ပြန်သည်။

ဒီဒဏ်ရာသေးသေးလေး မပျောက်မချင်း
မယုတစ်ယောက် မေခန့်ကို အားနာသည့်မျက်ဝန်းများဖြင့် ကြည့်နေဦးမှာသေချာသည်။

" တော်သလင်း လပြည့်နေ့တဲ့။ တိမ်းဖာဆိုလား ဘာလား။ အဲ့ဒီနေရာမှာ မိသားစု ဆွမ်းကပ်ရှိတယ်ဆို။ ဆရာမ ကို ဖိတ်ချင်တယ် တဲ့လေ။ မေခန့်က မသိသေးဘူးလား"

" အာ....ဟုတ်လား။ မေခန့်လည်း အိမ်မှာ
မနေတာကြာတော့ အစဉ်အလာတွေ မေ့နေရောပဲ"

တိမ်းဖာ ဆိုသော စကားလုံးကြောင့် စိတ်လှုပ်ရှားသွားရတာကို ဝန်ခံရမည်။

မေခန့်အတွက် တားမြစ်နယ်မြေ ဖြစ်ခဲ့သည် မဟုတ်ပါလား။

သမိုင်းကြောင်း လိုလို ဒဏ္ဍာရီ လိုလို အချက်အလက် မျိုးစုံဖြင့် ရှိနေသော " ဝိလာသ မင်းသား" ၏ ရာဇဝင်နှင့် "နဂါးစောင့်တောင်" ဟု ခေါ်ကြသော တောင်တော် တိမ်းဖာက မေခန့်နှင့် ပဌာန်းဆက် ရှိသတဲ့။

ခေတ်လူငယ်မို့ ထိုအရာတွေအပေါ်
အစွဲအလမ်း မထားမိသော်လည်း မေခန့်၏ ငယ်ဘဝ တစ်လျှောက်မှာ တိမ်းဖာတောင်၏ အရိပ်အငွေ့နှင့် ဝိသေသတို့ လွှမ်းမိုးခဲ့တာကိုတော့ လက်ခံရမည်။

ငယ်ငယ်က ဖျားပြီး နေမကောင်းဖြစ်လို့
ဘာဆေးနဲ့မှ မပျောက်ရင် တိမ်းဖာတောင်ပေါ်မှာ ဆွမ်းတစ်နပ် ကပ်လိုက်တာနဲ့ ချက်ခြင်း နေကောင်းသွားတတ်တာမျိုး။

ချစ်ခြင်းဖြင့် ချည်နှောင်သော( Completed)Where stories live. Discover now