Special Episode

5.2K 196 24
                                    

Unicode -

ဒါလေးကတော့ ပထမအကြိမ်တင်တုန်းက မလုပ်ရဲခဲ့ပေမဲ့ အခုတစ်ကြိမ်မှာတော့ ကိုယ့်ဖန်တီးမှုကိုကိုယ် ယုံကြည်ချက်ရှိလာတဲ့အတွက် အကောင်အထည် ဖော်ဖြစ်လိုက်ပါတယ်။

-ချစ်ခြင်းဖြင့်ချည်နှောင်သော- ကို နိုးနဲ့အတူ လိုက်ပါစီးမျောပေးကြတဲ့ တစ်ဦးချင်းစီမှာ တကယ်ကို နှစ်သက်သဘောကျတယ်ဆိုရင်ဖြင့် မေခန့်နိုင်နဲ့ လင်းယုနွယ် တို့အတွက် ရင်တွင်းစကားလေးတွေ ရှိကြမယ်လ်ို့ ယုံကြည်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ဇာတ်ကောင်တစ်ယောက်ချင်းစီ ကို မေးချင်တာ၊ ပြောချင်တာ တွေ အပါအဝင် စာရေးသူကို ဝေဖန်အကြံပြုချင်တာ တွေကိုပါ Comments ရေးပေးသွားဖို့ပါ။

Comments တွေမရှိခဲ့ဘူး ဆိုရင်တော့ ဒီ episodeကို ပြန်ဖျက်ရပါလိမ့်မယ်( ရှက်ရွံ့စွာနဲ့ :3)

ပြီးတော့ ဒါက ကျေးဇူးတင်လွှာပါ။

နိုးရဲ့ Wattpad နယ်ပယ် က ပထမဆုံး own creation Fiction ဖြစ်တဲ့ ' ချစ်ခြင်းဖြင့် ချည်နှောင်စေ ' ကို ပထမဆုံး စရေးခဲ့တဲ့ အချိနကတည်းက Ongoing လိုက်ပေးကြသူတွေ ရော ၊ Complete ဖြစ်မှ စ ဖတ်ကြသူတွေကိုရော ၊အခု အသစ်ပြန်တင်တဲ့အခါ ရောက်လာကြသူတွေရော တစ်ဦး တစ်ယောက်ချင်းစီကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင် ပါကြောင်း ဒီနေရာ ကနေ ပြောလိုက်ပါရစေ။

စစ ဖန်တီးခြင်းမှာ ကိုယ့် ဇာတိ ကချင်ပြည်နယ်ရဲ့ အငွေ့အသက် ကို ပုံဖော်ချင်စိတ်နဲ့ အလောတကြီး ဖန်တီးလိုက်မိပေမဲ့ လင်းယုနွယ် ဆီကို ကိုယ်တိုင်က အလဲလဲ အပြိုပြို ပျော်ဝင်မိခဲ့ရတော့ အဆင့်ဆင့် ထပ်ပြင်၊ ဖြည့်စွက်ပြီး စိတ်ကျေနပ်သည်အထိ ပြင်ခဲ့ရပါတယ်။

ပြီးတော့ မေခန့်နိုင်ဟာ ကိုယ် လွှမ်းမိုးလို့ ရတဲ့ ဇာတ်ကောင်မဟုတ်မှန်း ရေးနေရင်း သဘောပေါက်လာရပါတယ်။
သူ့ရဲ့ အပြစ်ကင်းစင်ပုံ တွေ၊ ရိုးသား တည်ကြည် ပုံတွေ ၊ အချစ်ခံရပုံတွေ...
ဒါတွေဟာ စာရေးသူက တမင် ကြိုးစားဖန်တီးခဲ့ခြင်း မဟုတ်ပါဘဲ မေခန့်နိုင် က သူ့ ဖြစ်တည်မှု ကို သူ ချပြသွားခဲ့တာပါပဲ။

လင်းယုနွယ် ဟာလည်း သိပ်ကို နားလည်ရခက်ပြီး ခိုင်မာတည်ကြည်လွန်းပါတယ်။
သူသည်လည်း စာရေးသူ ရဲ့လွှမ်းမိုးမှုကို မခံဘဲ ပြတ်သားစွာ ရှင်သန်ခဲ့တဲ့ အမျိုးသမီး တစ်ဦးပါပဲ။

ချစ်ခြင်းဖြင့် ချည်နှောင်သော( Completed)Hikayelerin yaşadığı yer. Şimdi keşfedin