ဒုန်း!ဘိုင်း ကျိုးချန်မိတ်ကပ်ခန်းထဲမှာကျန့်ကျန့်ကိုစောင့်နေရင်းကြားလိုက်ရတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့
"အားးးးစိတ်ညစ်လိုက်တာ စိတ်ညစ်တာမှအရမ်းအရမ်းကိုစိတ်ညစ်တာပဲ"
"အာဖြည်းဖြည်းသက်သာလုပ်ပါကျန့်ကျန့်ရယ် ခုမှရောက်ပြီးဘာဖြစ်လာတာတုန်း"
"အိမ်ကသကောင့်သမီးကြောင့်ပေါ့ချန်ကောရယ် ဘယ်နှယ့်ကိုယ့်ရဲ့တစ်ဦးတည်းသောသမီးလေးမို့ချစ်လွန်းနှမြောလွန်းလို့အိမ်ထဲကအိမ်ပြင်တောင်အထွက်မခံဘဲ ပိုးလိုဥပြီးမွေးထားတာကို ဒင်းကယောင်းမမြင်းစီးထွက်တယ်လေ"
"အယ် ကျင်းကော်လားသူဘာဖြစ်လို့လဲ"
"ဒီလိုဗျာ ဘယ်လိုထွက်လဲဆိုတော့ဟိုအပတ်ကကျွန်တော့်အလုပ်အားရက်တစ်ပါတ်ရပါရောလားအင်းအဲ့ချိန်ဘယ်ကကလေကဝကြောင်တစ်ကောင်လဲမသိပါဘူဒင်းကိုလာလာကြောင်နေတာ အိမ်ရှေ့ကနေအသံပေးလိုက်နောက်ဖေးပေါက်ကခိုးဝင်လိုက်နဲ့သမီးလေးကိုလာလာရွိုက်နေတာ ပထမတော့အော်ငါ့သမီးကအဲ့လိုမည်းမည်းတူတူးတွေစိတ်ဝင်စားမှာမဟုတ်ပါဘူးဆိုပြီးထားလိုက်တာ နောက်ဟိုကောင်လာလာကြောင်ပြီးသုံးလေးရက်ကြာတော့သူကနည်းနည်ညွတ်ချင်လာတယ်လေ ဟိုအမည်းကောင်ကမရောက်သေးဘူးသူကအိမ်ရှေ့ငုတ်တုတ်ရောက်နေပြီ အဲ့အမည်းကောင်ရောက်ပြီဆိုတာနဲ့စပြပါပြီသူ့ဗိုက်သားဖွေးဖွေးတွေကိုဟိုလှည့်လိုက်ဒီလှည့်လိုက်နဲ့တကယ်စိတ်တိုလိုက်တာသိလား အဲ့လိုမည်းမည်းတူးတူးကောင်တေကိုတကယ်မကြိုက်ပါဘူးဆို"
"အော် ကျန့်ကျန့်ရယ်ကြောင်ပဲအရွယ်ရောက်တော့မိတ်လိုက်ချင်မှာပေါ့ကိုယ်တားလို့မှမရတာ"
"ဘာအကို အကို့ကိုကျွန်တော်ပြောပေါင်းထပ်နေပြီနော်သူကကြောင်မဟုတ်ဘူးဗျ ကြောင်မဟုတ်ဘူးသူကကျွန်တော့်သမီး ကျွန်တော့်ရဲ့တစ်ဦးတည်းသောနုနုထွတ်ထွတ်သမီးလေးအဲ့ကြောင့်အဲ့လိုမည်းမည်းတူးတူးကောင်တွေနဲ့မပေးစားနိုင်ဘူး"
"အော် အေးပါကွာအေးပါကြောင်လို့မခေါ်တော့ဘူးကျင်းကော် ကျင်းကော်ဟုတ်ပြီလား ငါပြောတာကမင်းသမီးကအရွယ်ရောက်နေပြီလေသူလဲလိုချင်မျာပေါ့မင်းအဲ့လိုမည်းမည်းတူးတူးကောင်နဲ့သဘောမတူရင်မင်းကြိုက်တဲ့အမျိုးအစားနဲ့ပေးစားကွာ"
(:အော်ငါ့နှယ်ကြောင်မို့လို့ကြောင်လို့ခေါ်တာကိုခေါ်ခွင့်မရှိတဲ့အပြင်အခုကြောင်အော်သွယ်တော်ပါဖြစ်နေပြီ ဘဝကဆိုးချက်:)
YOU ARE READING
ဝှတ်သယ်ဖက် "ငါကကြောင်ဖြစ်သွားတာလား"!!!
Fanfiction"လောကကြီးက စောက်ရမ်းဆန်းကြယ်တာပဲသိလားကိုယ့်အိမ်ကကြောင်နဲ့မျိုးဆက်ပေးဖို့ဆိုပြီးအိမ်ခေါ်လာတဲ့ကြောင်ကငါ့ကိုတက်လုရဲဇားစကားပြောသွားရတယ်လို့ တကယ်ပါပဲ တကယ်ကိုဆန်းကြယ်လွန်းပါတယ်"