My DEMON😈.Part 4

24 3 0
                                    

😊- ပြန်လာပြီလား..Babyလေး..
အရမ်းမောနေပြီမလား..ရေလေးသောက်ပါအုံး...ဈေးသွားဝယ်တာကိုယ့်ကို ခေါ်ပါ့လား..ပစ္စည်းတွေ
ကိုယ်သယ်ပေးလို့ရတာပေါ့...အခုတော့...
Sora- 📢 Jeon Jungkook..မောရတဲ့ကြားထဲ နားညည်းတာ..အပေါက်လေးကို ပိတ်ထားစမ်းပါ...
Jk- 😣ကိုယ်က စေတနာနဲ့ပြောတာပါ..ကိုယ့်ကို အဲလောက်ကြီး မအော်ပါနဲ့..ကိုယ့်ရဲ့နှလုံးသားလေး အရမ်းနာကျင်ရတယ်😔
Sora- ဟွန်း...တောင်းပန်ပါတယ်..ငါလည်း နင့်ကို ဒီတိုင်းပြောလိုက်တာပါ..စိတ်ထဲက မပါပါဘူး...
Jk- ရပါတယ်..ကိုယ်က Babyဆို ခွင့်လွှတ်ပြီးသား..
Sora- (ခေါင်းအသာရမ်းရင်း)
အေးပါ..
ညစာစားပွဲ၌
👩- Soraမနက်ဖြန် အလုပ်သစ်သွားလျှောက်မှာမလား...
Sora- အွန်း..ဟုတ်တယ်..
Jk- အရင်ကုမ္ပဏီက ဘာဖြစ်လို့လဲ..
👩- မပြောချင်ပါဘူးဟယ်...သူလေ
ဒေါသထွက်လို့ဆိုပြီး မန်နေဂျာရဲ့ခေါင်းကို ပန်းအိုးနဲ့ရိုက်ခွဲလိုက်တယ်လေ..
Jk- 😨ဟမ်.................တကယ်လား
Sora- အေး..ဟုတ်တယ်...
Jk- ဘာလို့လဲ.........
Sora- ကုမ္ပဏီရဲ့ငွေစာရင်းတွေကို ငါက ဖျောက်ထားတယ်ဆိုပြီး လိမ်ပြောလို့လေ...အဲ့ဒီအပတ်က စာရင်းတွေကို ငါဖြင့် သိတောင်မသိဘူး..ပြီးတော့ ငါက ကုမ္ပဏီငွေစာရင်းတွေစီမံရတဲ့ဝန်ထမ်းမှ မဟုတ်တာ...အဲဒါကို ငွေပျောက်တော့ ငါ့ကို လက်ညှိုးထိုးတာတဲ့...ငါလည်း
အဲ့တုန်းက ရှင်းပြပါတယ်...ဒါပေမဲ့ ငါက မန်နေဂျာလောက်အဆင့်မရှိတော့ လူတိုင်းက သူပြောတာ ယုံကြတာပေါ့...ငါလည်း ငါလုပ်တာ မဟုတ်ပဲနဲ့ အတင်းလိမ်ပြောနေတော့ ဒေါသထွက်ပြီး အနားက ရှိတဲ့ပန်းအိုးနဲ့ ရိုက်ချလိုက်တာ...
Jk- ဟားဟားဟား....
Sora- နင်က ဘာရယ်တာလဲ..ဟမ်
Jk- ဘာမှမဟုတ်ပါဘူး..
ကိုယ့်Babyက အစွာလေးမို့ သဘောကျလို့ ရယ်တာပါ..
Sora- ...........(ကျက်သတုံး‌ကောင်)
နောက်နေ့မနက်
👩- ဖြေးဖြေးလုပ်ပါ..သိပ်လည်း
နောက်မကျသေးပါဘူး..
Sora- သေတော့မှာပဲ...အလုပ်အင်တာဗျူးဖြေဖို့ နောက်ကျလို့မရပါဘူးဆို....
Jk- ပြီးပြီလား...ကိုယ် ဘတ်စ်ကားဂိတ်ထိ လိုက်ပို့ပေးမယ်
Sora- အေး..ပြီးပြီ..သွားမယ်..လာ
ဘတ်စ်ကားဂိတ်၌
Sora- ဟာ..ချီးပဲ..ကားက မလာသေးဘူးလား..နောက်ကျတော့မှာပဲ
Jk- ခနနေလာတော့မှာပါ
Sora- နင်က ဘယ်လိုသိတာလဲ..
နင့်အဖေမို့လို့လား..
Jk- ကိုယ့်ကို တစ်ခါလောက်တော့ စကားအကောင်းပြောပါအုံး..
Sora- ........
Jk- ဆံပင်စည်းသွားပါလား...ဆံပင်တွေရှုပ်နေရင် မကြိုက်ဘူးမလား..
Sora- ထားလိုက်တော့...ခေါင်းစည်းကွင်းပါမလာဘူး..
Jk- ကိုယ့်မှာ ပါတယ်...
Sora- နင်က ခေါင်းစည်းကွင်း ဘာလုပ်ဖို့ ဝယ်ထားတာလဲ..
Jk- ကိုယ်ဝယ်ထားတာ မဟုတ်ပါဘူး..ကိုယ့်ဘာသာလုပ်ထားတာ..
သိပ်တော့ မလုပ်တတ်ဘူး..
Sora- တကယ် နင် လုပ်ထားတာလား..
Jk- ဒါပေါ့..Babyကို ပေးဖို့လေ..
Sora- ကျေးဇူးပါ...
Jk- မလိုပါဘူး...Babyကြိုက်လား..
Sora- အွန်း...မွ...(Jkဘယ်ဘက်ပါးကို နမ်းလိုက်ခြင်း)
Jk- Bae....Baby...ကိုယ့်ကို
Sora- ပါးလေးနမ်းလိုက်တာပါဟယ်..အဲလောက်နှမြောမနေစမ်းပါနဲ့
Jk- ကိုယ်က မနှမြောပါဘူး...
ထပ်နမ်းလို့လည်း ရပါတယ်..
Sora- တော်ပြီ..ကားလာနေပြီ..ငါ
သွားတော့မယ်...အိမ်ကို သေချာပြန်
Jk- ဟုတ်ကဲ့ပါဗျ....
Sora- ဟွန့်...ပိုကိုပိုတယ်...

ကုမ္ပဏီ၌ဝန်ထမ်း- အစ်မ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကုမ္ပဏီ၌
ဝန်ထမ်း- အစ်မ...ဘာကူညီပေးရမလဲ..
Sora- အာ...အလုပ်အင်တာဗျူးဖြေဖို့လာတာပါ..
ဝန်ထမ်း- အင်တာဗျူးဖြေဖို့ နောက်တောင်ကျနေပြီ..ကျွန်မနောက် မြန်မြန်လိုက်ခဲ့ပါ..သူဌေးက စိတ်မရှည်ဘူး...အခုတောင် ပြန်သွားပြီလား မသိဘူး...ဒီအခန်းပါ..မြန်မြန်ဝင်သွားလိုက်ပါ..
Sora- ဟုတ်...(အခန်းထဲ မြန်မြန်ဝင်ပြီး)..လူကြီးမင်းတို့အားလုံးကို
တောင်းပန်ပါတယ်ရှင့်..ကျွန်မ နောက်ကျသွားတယ်...
အကြီးအကဲ- ဘာလို့ နောက်ကျနေရတာလဲ...မင်းက အင်တာဗျူးဖြေရမယ့်နေ့တောင် နောက်ကျနေတာ
မင်းကို ငါတို့က ဘယ်လိုအလုပ်ခန့်ရမှာလဲ..
Sora- တောင်းပန်ပါတယ်...
အကြီးအကဲ- တော်ပြီ..အင်တာဗျူးအတွက် စာရွက်စာတမ်းတွေ အကုန်ပါတယ်မလား...
Sora- ဟုတ်ကဲ့...
အကြီးအကဲ- ပေး...
Sora- ......(ခေါင်းမော့လိုက်ချိန် မြင်လိုက်ရတဲ့လူကြောင့် သွေးတောင်ဆောင့်တက်သွားသလိုပဲ..ဘာလို့..
ဘာလို့ အဲဒီလူကို အခုလိုအချိန်မှ ပြန်တွေ့ရတာလဲ..သေလိုက်ပါတော့..အဲ့လူ ငါ့ကို ဘာလို့ အဲဒီလိုလာကြည့်နေရတာလဲ..ဘာလုပ်လို့လုပ်ရမှန်းမသိတော့လို့ အကြည့်လွှဲပြီး လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်တယ်...သူ့ကို မကြည့်တော့ဘူးဆိုပေမဲ့ သူ ငါ့ကို ကြည့်နေတုန်းလို့ ထင်နေတယ်..ဘာလုပ်ရမလဲ..အခုပဲ ထပြန်လိုက်ရမလား...မဖြစ်သေးဘူး..ငါ အလုပ်ရမှဖြစ်မှာ...)
Tae- အားလုံးပဲ ပြန်လို့ရပြီ...
အကြီးအကဲများ- ဟမ်...
Tae- မကြားလိုက်ဘူးလား...
အကြီးအကဲများ- ဟုတ်ကဲ့....
Sora- (ဘာလို့ ပြန်ခိုင်းတာလဲ..
အင်တာဗျူးမှ မပြီးသေးတာ...သူတို့ ပြန်သွားတော့ ငါလည်း ပြန်ရတော့မှာလား...ချီးပဲ..အလုပ်မရဘဲ ပြန်ရတော့မယ်...)
Tae- မင်းကို ဘယ်သူက ပြန်ခိုင်းလို့
မင်းက ပြန်မှာလဲ...အင်တာဗျူးမပြီးသေးတာ သိတယ်မလား...အလုပ်မလိုချင်ရင် ဘာလို့ လာလျှောက်တာလဲ..
Sora- အဲ့...အဲ့လို မဟုတ်ပါဘူး..
အားလုံးပြန်ကြတော့ဆိုတော့ ကျွန်မက ပြန်ရမှာလား..မပြန်ရဘူးလား
မသိလို့ပါ...(သူက ဘာလို့ ငါ့ဆီ လျှောက်လာနေတာလဲ...)

{ဒီFicက သုံးပွင့်ဆိုင် မဟုတ်ပါဘူးနော်......}

အချိန်ပေးပြီး အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။💜💜💜💜💜💜💜

My DEMON👿Where stories live. Discover now