အပိုင်း💖၅ (ဇော်ဂျီ)ဇာတ်သိမ်း

1.1K 11 0
                                    

🌼 Imaginary Friend 🌼

🌼🌼 ဇာတ်သိမ်း 🌼🌼

Ost song-Dvwn(no problem)

🎶 ငါ မင်းကို ဘယ်လောက်ပဲ ခေါ်နေပါစေ 
မင်းဆီရောက်လာလိမ့်မယ်လို့ ငါတော့မထင်ဘူး။ မင်းနဲ့ငါနဲ့ တဖြေးဖြေးနဲ့ ဝေးကွာလာခဲ့ပြီ 🎶

Teddy လည်း ပစ္စည်းတင်
အိမ်အပြောင်းအရွှေ့လုပ်သော
ကားပေါ်သို့ စီးလာရာ လမ်းတစ်လျှောက်

ကားရှိ ဖွင့်ထားသော
သီချင်းအားနားတောင်ရင်း

🎶🎶 မင်းဘက်က သိပါတယ်။
ငါ့ရဲ့မမြင်ရတဲ့ဝေဒနာတွေကို

ငါ မင်းနဲ့ နီးလာတဲ့အခါ မင်း
အဝေးကို ထွက်သွားဖို့ ကြိုးစားတယ်။
ဒါပေမယ့်

မင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးမယ်။ အဆုံးမဲ့ဝမ်းနည်းမှုတွေက မင်းအနားမှာရှိနေရင်တောင် 🎶🎶

"" ဒီနေ့ဆရာတို့သင်မဲ့သင်ခန်းစကတော့..."'

ပြောလည်းပြောကျောခိုင်းခါ
Whiteboardပေါ်တွင် Chapter 9ဟု
တပ်နေစဉ်အတွင်းမှာဘဲ
ဘောင်းဘီမှာချွတ်ကျသွားနေတော့သည်။

ဤသည်ကိုမြင်သွားကြသော
ကျောင်းသားများလည်းသဘောကျခါရီလျှင်
တစ်ခန်းလုံးဆူညံသွားခါနေ၏။

ထိုအဖြစ်ပျက်ကို မြင်၍မရီနိုင်သည့်
တစ်ယောက်တည်းသောသူမှာ
Teddyတစ်ယောက်တည်းပင်

" ဟိတ် ဒီလူကြီးကတော့ကွာ "

Holoမှ အမူအယာဖြင့်
နောက်ရွှတ်ရွှတ်ပုံစံဖြင့်
ဆရာ့၏။အနားမှနေ၍ လက်နှစ်ချောင်းတောင်၍
Selfieရိုက်သည့်ပုံစံအနေအထား
လိုက်ပြလိုက်သည့်အခါမှသာလျှင်
Teddyလည်းရီနိုင်နေတော့သည်။

ခဏအကြာထို
ဆရာလည်းရှက်ရမ်းရမ်းခါထိုအခန်းထဲမှ
ပြေးထွက်သွားနေတော့သည်

" ဘယ်လိုလဲ မင်းကြိုက်တယ်မလား?"
" လူကြီး ခင်ဗျားဘာတွေလျှောက်လုပ်
နေတာလဲ? ""

" အချစ်လေး သူကမင်းကို
လူရှေ့လူရှေ့ဒီလိုအရှက်ခွဲခွဲနေတာ
ဒီလိုတော့ပညာပြသင့်တာပေါ့ မဟုတ်ဘူးလား?''

" လူကြီးပြောတာမှန်ပေမဲ့
ဒီလိုတော့မဟုတ်သေးဘူးလေဗျာ "

အစကတည်းက ကောလဟာလတွေထွက်နေတာကို အခုလည်းကျွန်တော်အပြောခံရတော့မယ်ထင်တယ်"

🌼 Imaginary Friend 🌼 (completed)Where stories live. Discover now