အပိုင်း၃(ဇော်ဂျီ)

403 10 0
                                    

🌼🌼 စိတ်ကူးယဉ် ချစ်သူ 🌼🌼

"" နေ့လည်စာစားချိန်ရောက်ပြန်တော့လည်း
သူကျွန်တော့်နောက်ကနေလိုက်နေတုန်းဘဲ

အမှန်ဆိုရင် ကျွန်တော်တို့ကျောင်းက
လူစိမ်းပေးမဝင်ဘူး ကျွန်တော့်အထင်
ခန့်မှန်းရသလောက် ဒီလူက ကျောင်းအုပ်ဆရာကြီးရဲ့ အသိလည်း
မဖြစ်နိုင်ဘူး

ဒါကြောင့်ဘဲ
သူဘယ်သူလဲဆိုတာကို
ကျွန်တော်သိလိုစိတ်တွေပိုပြင်းလာခဲ့တယ်

တကယ်ဘဲ ခင်ဗျားကျွန်တော့်နောက်ကို
ဘာလို့လိုက်နေရတာလဲ? ""

ပြောလည်းပြော Teddyလည်းထမင်းစား
စာပွဲတို့အလာ
မည်သူမျှကောင်လေးအားအဖက်မလုပ်ကျ
ထို့ကြောင့် Teddyလည်း မည်သူမျှမရှိသော
စာပွဲသို့ တစ်ယောက်တည်း
ထိုင်ခါစားနေ၏။

ခဏအကြာထိုသူမှာလည်း
Teddyရှိရာသို့ချဉ်းကပ်လာနေအပြီး

" ငါလည်း မင်းနဲ့အတူ ဝင်ထိုင်လို့ရမလား? "
" ဟုတ် ရပါတယ် ဒါနဲ့ ခင်ဗျားက
တကယ်ဘဲဘယ်သူလဲ ဘာလို့ခုနကတည်းက
ကျွန်တော့်နောက်ကို လျှောက်လိုက်နေရတာလဲ?"

" မင်းတစ်နေ့တော့အနှေးနဲ့အမြန်သိလာရမှာပါ
ဒါပေမဲ့မင်းခန့်မှန်းမိအောင်တစ်ခု
ပြောပြရမယ်ဆိုရင် ငါ့နာမည်က
Holoလို့ခေါ်တယ် "

" Ho...Holo...? "

ဟု၍ သူ၏။နုတ်မှ ရေရွှတ်ပြီးနောက်
စိတ်ထဲမှလည်း

" တိုက်ဆိုင်လိုက်တာ အိမ်က
ငါ့ရဲ့အရုပ်လေးနာမည်နဲ့မှ ဒီလူ့
နာမည်နဲ့တူရတယ်လို့ "

ဟု

Teddyလည်း ထိုကဲ့သို့ တွေးလိုက်ရင်းမှ
ထိုသူအားဘာမျှလည်း ဆက်၍မပြောတော့
နေ့လည်စာစားခါနေပြီးနောက် ထိုနေရာမှ
ထ၍ ထွက်လာကာ နေတော့သည်။

ဤသို့ဖြင့် အချိန်များမှာတစ်ဖြေးဖြေးဖြင့်
ကုန်ဆုံးသွားခါနေပြီးနောက်

ကျောင်းဆင်းချိန်သို့
ရောက်လာခဲ့လျှင် မိုးရွာနေပြီဖြစ်ပြီး
Teddyတစ်ယောက်ထီးမပါလာခဲ့ပေ

ထို့ကြောင့်

ကျောင်း၏။အမိုးရှေ့ မတ်တပ်ရပ်နေသောအချိန်
လူတစ်ယောက်မှာ မိမိ၏။ရှေ့တွင်လာရပ်နေရာမှ

🌼 Imaginary Friend 🌼 (completed)Where stories live. Discover now