Part-1

32 3 2
                                    

(Unicode)
"အရှင်မင်းကြီး"

အံကြိတ်ထားတာမျိုးမဟုတ်ဘဲပုံမှန်အတိုင်းထင်းနေသောမေးရိုး...၊ တည်တံ့ပြီးလုပ်ရှားမှုမရှိသောနှုတ်ခမ်း..၊
လူတိုင်းကိုအပြောမလိုအကြည့်တစ်ချက်ဖြင့် တုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်စွမ်းရှိသော မျက်ဝန်းဝိုင်းတွေ..၊ ဖြောင့်စင်းပြီးသိသိသာသာလုံးဝိုင်းနေသောနှာတံ..၊သွယ်လျပြီး ရှည်လျားတဲ့လက်တံများကပြတင်းပေါက် ဘောင်ပေါ်ငြိမ်သက်စွာတင်ထားသည်..။သွေးကြောစိမ်းများရောယှက်နေသည်ကိုပင်မြင်ရသည်ထိ ဖွေးစွက်နေသောအသားအရည်ပေါ် အနက်ရောင်စိုနေသည့် ဝတ်ရုံရှည်ကိုသာအမြဲဝတ်ဆင်ထားသူ..။
ပြတင်းပေါက်အပြင်ကတိုက်ခတ်နေတဲ့လေကိုပင်မမှုနိုင်အောင် နောက်သို့လှန်တင်ထားသောဆံပင်ရှည်...။ဘယ်လောက်ပင်လေများတိုက်ခတ်နေပစေ တစ်ချောင်းတောင်ရွေ့လျားမသွားသော နက်မှောင်နေသည့်ဆံနွယ်များသည်လည်းအရှင်မင်းကြီး၏ အမိန့်ကိုတစ်သဝေမတိမ်းလိုက်နာနေသည့်ပုံ...။

တုံ့ပြန်မှုမရှိ...။ အိပ်ခန်းဆောင်ရဲ့ ပြတင်းပေါက်အပြင်ကလမင်းကိုမျက်တောင်တစ်ချက်မခတ် စူးရှတဲ့မျက်ဝန်းဝိုင်းများဖြင့်ကြည့်ရင်း ကိုယ်ရံတော်မှဆက်ပြောလာမည့် စကားကိုနားထောင်နေလိုက်သည်...။

မလိုအပ်ပဲ တုံ့ပြန်မှုမရှိသော အရှင်မင်းကြီးရဲ့အကြောင်းကိုအလိုက်သိသူပီပီ တုံ့ပြန်မှုကိုစောင့်မနေတော့ ရှေ့ဆက်ပြောရမယ့်စကားကိုသာစလိုက်သည်။

"မယ်တော်ကြီးကအမှာပါးလိုက်ပါတယ် သဘက်ခါကျရင် ဂျပန်နဲ့ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးပူးပေါင်းမှုအတွက်အရှင်မင်းကြီးကို.."

"ရပြီ"

ထပ်ပြောလာမည့်စကားကိုကြိုသိနေတာမို့ ကြားဖို့မလိုတော့။ ပြတင်းပေါက်နားမှာသူရပ်နေတာလည်းအတော်ကြာပြီဖြစ်သည်..။ဆိုတော့လှုပ်ရှားမှုလေးလုပ်သင့်ပြီ..။ အိပ်ခန်းဆောင်မှတန်းတန်းမတ်မတ် အိပ်ဆောင်ပြင်သို့တည်ငြိမ်စွာနဲ့ငြိမ်ငြိမ်သက်သက်အခန်းဆောင်တစ်ခုဆီသို့ဦးတည်ကာ လျှောက်သွားလိုက်သည်...။

အနောက်ကကိုယ်ရံတော်လည်းဘာမှန်းမသိပေမယ့် မေးခွန်းပြန်ထုတ်လို့လည်းမရတာကြောင့် လျင်မြန်စွာအနောက်ကနေလိုက်လာခဲ့တော့သည်..။

Liar Love Where stories live. Discover now