Extra 🍪

2K 185 15
                                    

"သုန်တို့ ကြို့ဆီသွားကြမလား"

"ဟင် အစ်မကြိုက ပုဂံမှာဆို။ပြန်ရောက်ပြီလား"

"ပုဂံကိုပဲ လိုက်သွားမလို့လေ"

"ဟယ် ရုတ်တရက်ကြီး"

သူမ တအံ့တဩဖြင့် သုန့်ကိုပြူးကြည့်တော့ လက်တစ်ဖက်တည်းဖြင့် ကားမောင်းနေသည့် သုန်က သူမ ပေါင်ကို အသာလှမ်းကိုင်ကာ

"မစီစဉ်ပဲသွားတာက ပိုပျော်ဖို့ကောင်းတယ်လေ။ သုန်လည်း အလုပ်ပါးနေတာမို့ အန်တီ့ဆီက ခွင့်ယူလို့ရတယ်။ အသဲဆိုင်ကရော ဟိုကောင်မလေးနဲ့ ထားခဲ့လို့ ရလား။ မရရင်လည်း ၂ရက်လောက် ပိတ်ထားလိုက်ပေါ့"

bakerကောင်မလေးနဲ့ ဆိုင်ကို လွှဲထားခဲ့လို့က အဆင်ပြေပါသည်။ ဆိုင်မှာ သူမနှင့်ထိုကောင်မလေး နှစ်ယောက်တည်းရှိပေမဲ့ တစ်ယောက်မရှိလည်း ကျန်တစ်ယောက်က ဆိုင်ကိုအပြည့်အဝ ဦးစီးနိုင်သည်။

ပြီးတော့ မနက်ဖြန်မှ ဗုဒ္ဓဟူး ၊ ကြားရက်တွေဆို ဆိုင်က မနက်ခင်းနဲ့ညနေခင်းလောက်သာ လူကျပြီး သိပ်အလုပ်မရှုပ်။ ဒါတွေထက် သုန်က ဘာလို့ ရုတ်တရက် ခရီးထွက်ရတာပါလဲ။

"ဆိုင်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ဘာလို့
ရုတ်တရက်ကြီးလဲ။ ဒီတိုင်းကြီး သွားမလို့လား၊ အဝတ်အစားတွေတော့ ဝင်ယူကြမယ်လေ"

"အာ .. ဒီတိုင်းသွားမယ်။ လိုရင်ဝယ်မှာပေါ့။ ပုဂံမှာက ဘယ်လိုဝတ်ဝတ် မထူးခြားဘူးလေ ၊ ပြီးတော့ ကြိုလည်း ရှိတာပဲ။ နော် .. သွားမယ်မလား သွားမယ်မလား"

"ဟယ် .. သုန်ရယ် ၊ ညစာ စားဖို့ပြောနေရင်းကနေ ဘယ်လိုကဘယ်လို ပုဂံသွားဖို့ ဖြစ်သွားတာလဲ မသိဘူး"

"bookingကို cancel လိုက်ပြီးမှ ဘယ်မှာစားရပါ့မလဲ တွေးရင်း ထမင်းနဲ့ပဲကြီးနှပ်က အတွေးထဲရောက်လာတာ။ ဟားဟား .. မိုက်တယ်။ အသဲနဲ့ ခရီးသွားရပြီ"

သုန်က သူ့အတွေးကို သူ့ဘာသာ သဘောကျပြီး တဟားဟားအော်ရယ်ရင်း သူမ ပေါင်ကိုလည်း အားပါးတရ ဆွဲညှစ်နေသေးသည်။ ဆာနေသလိုလိုရှိသည့် ဝမ်းဗိုက်တောင် လန့်ပြီး မဆာတော့သလိုပါပဲ။ သူမမှာ စကားပင်မဆက်နိုင် ၊ သုန် ရယ်နေသည်ကိုသာ ငေး၍ ခေါင်းတခါခါ။

foramomentWhere stories live. Discover now