part 3

2.3K 60 0
                                    

အကြင်နာစမ်းရေ (အပိုင်း ၃)

      လှေကားထစ်တွေကနေ မြန်မြန်ဆင်းပြီး ကားပေါ်ရောက်သည်ထိ စံ မျက်နှာတွေပူထူနေလေသည်။ ထိုလူကို ဒေါသလည်းဖြစ်သည်။ မရင်းနှီးသည့် မိန်းကလေးတစ်ယောက်ကို အရှက်မဲ့စွာ ဆက်ဆံတက်သည့် သူ့ကို ရွံမိတာတော့ အမှန်ပင်။ မေမေနှင့် ထိုလူ ဘယ်လိုရေစက်ဆိုးရှိခဲ့မှန်းမသိပေမယ့် ကောင်းသောရေစက်မဟုတ်ခဲ့တာတော့ သေချာသည်။

     စံ လာစုံစမ်းသည့် သင်တန်းမှာ ထိုလူဘာကြောင့် ရှိနေခဲ့သည်ကို စံသိချင်သည်။ အကယ်၍ နောက်ဒီသင်တန်းကို စံ တက်ဖြစ်ခဲ့လျှင် မေမေနဲ့မတည့်သည့် ဒီလူကို အမြဲလိုတွေ့နေရမှာ စိုးရိမ်မိသည်။

"မမလေး....ဘယ်ကို ပို့ပေးရဦးမလဲ"

"အိမ်ကိုပဲ မောင်းပေးပါ။ စံ အိမ်ပဲပြန်တော့မယ်"

"ဟုတ်ကဲ့မမလေး...."

    စံ ဘယ်မှလည်းမသွားချင်တော့ပါ။ မေမေ့ကိုသာတွေ့ချင်မိသည်။ပြီးတော့ စံ့ကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခဲ့သည့် ဟိုလူနဲ့ပတ်သပ်တာတွေကိုလည်း မေးချင်မိသည်။ မေမေနဲ့အဲ့လူ ဘယ်လိုတွေပတ်သက်ခဲ့တာလဲ။
......   .......   .......    ........   .......   ........

"မေမေ......"

"သမီးတောင် ပြန်လာပြီ။ မြန်ပါ့လားသမီးရဲ့။ သင်တန်းရော သေချာစုံစမ်းခဲ့ရဲ့လား..."

     အိမ်ထဲရောက်တာနဲ့ မီ့ကိုရှာကာ စံခေါ်လိုက်သည်။ မြန်မြန်ပြန်ရောက်လာသည့် စံ့ကြောင့် မီကိုယ်တိုင်လည်း အံ့သြသွားလေသည်။

"စံ သင်တန်းကို သေချာစုံစမ်းခဲ့ပါတယ်။ "

"ဒါဆိုဘယ်နေ့စတက်မလဲ။ မေမေ လိုက်ပို့ဖို့လိုသေးလား"

"ခဏလေးမေမေ။ သင်တန်းကိစ္စ စံနောက်မှပြောပြမယ်။ အခုအရင် မေမေ့ကို စံမေးစရာရှိတယ်"

"ဘာမေးမလို့လဲ သမီးက။ မေးလေ"

"ဟို....ဟိုတစ်နေ့က ကုန်တိုက်ရှေ့မှာ တွေ့ခဲ့တဲ့လူနဲ့ မေမေနဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲဟင်။ စံကိုပြောပြပါ"

"ဘယ်လို...."

      သခင့်အကြောင်းကို စံမေးလာတာကြောင့် မီ ထပ်ပြီး အံ့သြရပြန်သည်။

အကြင်နာစမ်းရေWhere stories live. Discover now