အကြင်နာစမ်းရေ (အပိုင်း ၁၂)
"စံ...စံ...."
တိုင်းသခင်၏ လက်တွေကို စံ ခါထုတ်လိုက်သည်နှင့် အိမ်ထဲကနေ စံကို ပြေးလိုက်ခေါ်သည့် ဟိန်းရဲ့အသံကိုကြားလိုက်ရသည်။
"စံ...."
"ဟိန္း..."
"နင်ပြန်သွားတယ်ဆိုလို့ ငါပြေးလိုက်လာတာ။ ဘာလို့ပြန်သွားတာလဲ။ အန်တီတို့ကို ငါပြန်ပို့ပေးပါမယ်လို့ပြောပြီးခေါ်လာတာလေ။ နင့်ဘာသာပြန်သွားရင် ငါပြောတဲ့အတိုင်းကတိမတည်တဲ့သူဖြစ်သွားမှာပေါ့။ လာ...ငါပြန်လိုက်ပို့မယ်..."
ဘေးမှာရှိနေသည့် တိုင်းသခင်ကို ဂရုမစိုက်တော့ပဲ ဟိန်းက စံကိုပြောစရာရှိတာပြောသည်။ စံ့ကိုပြန်လိုက်ပို့ဖို့က အဓိကဖြစ်သည်။
"နင်လိုက်ပို့မယ်ဆိုလည်း ကောင်းတာပေါ့။ သွားရအောင်...ဟိန်း။"
"ခဏလေး....ငါကားသွားယူလိုက်ဦးမယ်။ ဒီမှာပဲစောင့်နေနော်။ထပ်မသွားနဲ့တော့..."
ဟိန်းက စံ့ကိုမှာပြီး ပေါ်တီအောက်မှာ ရပ်ထားသည့် ကားဆီကိုပြေးသွားလေသည်။
"မင်းငါမေးတာကိုဖြေရဦးမယ်။"
စူးစိုက်ကြည့်ရင်းပြောလာသည့် သခင့်ကို စံက မျက်စောင်းလှလှထိုးကာ ကျောခိုင်းပြစ်လိုက်သည်။ ဂရုမစိုက်တော့သည့် ပုံစံမျိုး လုပ်လျှင် သခင် က သူမပုခုံးကို ကိုင်ကာ မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်၏။
"မင်း....အဲ့ဒါဘာလုပ်တာလဲ"
"စံ့ကို မကိုင်ပါနဲ့။ ပေါပေါသီသီရတဲ့ မိန်းမရဲ့အသားကို ရှင်မထိချင်ပါနဲ့"
"ငါမေးတာကို မင်းဖြေလေ"
"ဘာကိုဖြေရမှာလဲ။ ရှင်က ဘာကိုမေးလို့လည်း"
"မင်းငါ့ကို လက်ထပ်မယ်ဆိုတာ။ သေချာလား"
"အစကတော့ ဟုတ်တယ်။ သနားတဲ့စိတ်၊ ကိုယ်ချင်းစာတဲ့စိတ်ကြောင့် ဒါပေမယ့် ရှင်က စေတနာနဲ့မတန်တဲ့ယောက်ျား။ ဥပေက္ခာတရားတွေနဲ့ပဲတန်တဲ့လူ။ မေမေ့လို လူမျိုးနဲ့ရှင်တွေ့ခဲ့ရတာ နည်းတောင်နည်းသေးတယ်"
YOU ARE READING
အကြင်နာစမ်းရေ
Romanceအချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်မိသည့်အခါ နေ့စဥ်နှင့်အမျှ စိတ်သောကရောက်နေသည့် မိန်းကလေးတစ်ဦး။ အဖေဖြစ်သူနှင့် မိထွေးဖြစ်သူတို့ လုပ်ရပ်ကြောင့် စိတ်အနာတရဖြစ်နေသည့်အမျိုးသားကို စာနာစိတ်နှင့် လက်ထပ်ခဲ့မိရာမှ နာကျင်မှုတွေပါ ခံစားရင်း ထိုအမျိုးသ...