🔥အပိုင်သိမ်းမယ်🔥(၂)

11.5K 262 8
                                    

❤️ကြင်နာခွင့်လေး လက်တစ်ကမ်း၌ရှိပါသည်....❤️
(အပိုင်း-၂)❤️

အရာအားလုံးဟာ ကန်ရေပြင်လို
တိတ်ဆိတ်ငြိမ်သက်နေသည်.....
ခရီးပန်းလာတာကြောင့် ကုတင်ပေါ်မှာ
အိပ်မောကျနေတဲ့ ဘကြီး.....။

ဖေဖေဝယ်ပေးခဲ့တဲ့ ခွေးအရုပ်ကလေး.....
မေမေ ပေးခဲ့တဲ့ ကံကောင်းစေတဲ့ လက်ပတ်လေး....

ဒါတွေဟာ ဘုံ့ရဲ့ မွေးနေ့မတိုင်ခင်က ဝယ်ထားပေးခဲ့တဲ့
တန်ဖိုးအရှ်ိဆုံး မွေးနေ့အကြို လက်ဆောင်လေး‌တွေပေါ့.....။

နည်းနည်း အေးစိမ့်စိမ့်ဖြစ်လာတာကြောင့်
တွေးမိလိုက်တော့ အဲကွန်းဖွင့်ထားသည်။
အဲကွန်းဖွင့်ထားဝာာမို့ ဘုံတို့နေတဲ့အခန်းက
အေးတေးတေး ရှိသည်။

ဒါ့ကြောင့် ထိုင်ရာမှ ထပြီး ခရီးဆောင်အိတ်ထဲမှ
မေမေ့ရဲ့ ပုဝါအဝါလေးကို ဘုံ့ ခန္ဓာကိုယ်အပေါ်ပိုင်း
ဆီသို့ နွေးထွေး လုံခြုံမှုရှိစေရန် ပတ်ထားလိုက်သည်။

ဘဘကြီးရဲ့ ခရီးဆောင်အိတ်ထဲမှ ဂွမ်းကတ်
စောင် ပါးပါးလေးကို ထုတ်ကာ
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဘဘကြီးဆီ
လျှောက်သွားလိုက်ပြီး ခြုံပေးလိုက်သည်။

နေရာသစ်မှာ အိပ်မပျော်နိုင်တာကြောင့်
ဘဘကြီး အိပ်ပျော်နေတဲ့ ကုတင်ခြေစွန်းမှာထိုင်ပြီး
ဘုံတို့ မိသားစုလေးရဲ့ အကြောင်းကို
တွေးတော စဉ်းစားနေမိသည်။

ဒီစံအိမ်ကြီးကို ရောက်လာတာဟာ
‌ဘဘကြီးရဲ့ ကောင်းမှုကြောင့်လား?
မေမေပေးခဲ့တဲ့ လက်ပတ်လေးကဘဲ
ကံကောင်းစေလို့များလား? ပေါ့လို့......။

တစ်ချိန်က ပျော်ရွှင်ခဲ့ရတဲ့ ဘုံ့ မိသားစုလေးရဲ့ရိပ်မြုံကို
ဘုံ လွမ်းဆွတ်မိသည်၊ တမ်းတမိသည်၊ ပြန်လည်ပိုင်ဆိုင်ချင်မိသည်။

ဒါဟာဘုံ့မွေးနေ့မှာ ဆုတောင်းဖြစ်ခဲ့သော ဆန္ဒ တစ်ခု။

မရေရာတဲ့ ကံကြမ္မာထဲမှာ နေစရာမရှိတော့လို့
ဘကြီးဖြစ်သူရဲ့ ခေါ်ဆောင်မှုကြောင့်ဘဲ
အတွေးထဲမှာ မထင်မှတ်ထားတာထက်ပိုတဲ့
ဒီစံအိမ်ကြီးကို ရောက်လာတာ အိမ်မက်တစ်ခုလိုပင်။

🔥အပိုင်သိမ်းမယ်🔥SEASON 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ