🔥အပိုင်သိမ်းမယ်🔥 (or)
❤️ကြင်နာခွင့်လေး လက်တစ်ကမ်း၌ရှိပါသည်❤️
(အပိုင်း-၃၅)အဖြူရောင် အုတ်ဂူလေးရှေ့မှာ
ဂန္ဓာမာပန်းအဖြူလေးများကို
လှလှပပ စီထားတဲ့ ပန်းစည်းလေးကို
ထိုအုတ်ဂူလေးထက် တင်ထားသည်။ထိုအဖြူရောင် အုတ်ဂူလေး အထက်မှာ
ထွင်းထားတဲ့ မြန်မာစာ စာလုံးပေါင်း
အက္ခရာလေးကတော့ သူမ သိပ်ချစ်ရတဲ့
ကလေးမလေးရဲ့နာမည်....။မရွှေနန်းဘုံ....
အသက် ၁၈ နှစ် ဆိုတဲ့ စာသားလေးကို
ဝတိံငေး၍ ရပ်ကြည့်နေမိသည်မှာ
ကြာလှပြီ။၃ နှစ် ရှိပြီ.....။
ဘုံဘုံလေး သူမအနားမှာ မရှိတော့တာ
၃ နှစ်ရှိပြီ...။သူမလေး ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့
အမှန်တရားကို ဝတိံမသိမရချင်း
ဝတိံ အားသွန်ခွန်စိုက် ဆက်စုံစမ်းနေဦးမှာ။အတွေးများနဲ့ နယ်ချဲ့နေရင်းမှ
ထိုအဖြူရောင် အုတ်ဂူလေးကို
စိုက်ကြည့်ပြီး ကြေကွဲစွာဆိုမိသည့် စကားတစ်ခွန်း။"မမ မင်းကို ချစ်တယ် ကလေး..."
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ထိုစကားကို သူမလေးရဲ့ ဝိညာဉ်ကြားနိုင်ရင်
သိပ်ကောင်းမည်။"မမရဲ့ စကားကို ကလေးကြားပြီး
လှောင်ရယ်နေမလား?"ဒီစကားကို ဘုံလေးသာ
သူမအနား အခုချိန်ရှိနေရင်
လှောင်ရယ်နေမလားဆိုတဲ့ စိတ်ကြောင့်
ကိုယ့်ခေါင်းကိုယ်ခါလိုက်ပြီး နာကျင်စွာ ပြုံးမိသည်။"မမ မင်းကို ချစ်တာ အဖြူထည်သက်သက်ဘဲ
ဆိုတာကိုရောသိလား?"ထိုအုတ်ဂူအဖြူလေးကို စိုက်ကြည့်နေရင်းမှ
ဝတိံဟာ မျက်ရည်တွေဝဲလာမိသည်။
သူမလေးနဲ့ ပတ်သက်ရင် ပျော့ညံ့တယ်ဆိုတာ
ကိုယ့်ကိုကိုယ် အသိဆုံး။"ရင်ထဲနင့်အောင် ချစ်မိသွားတဲ့
အဖြူထည်သက်သက်ပါ...""ကလေး ပျော်ရင် မမ ပျော်တယ်..."
"ကလေး တစ်ခုခုကို ဝမ်းနည်းရင်
မမ ပို ဝမ်းနည်းတယ်ဆိုတာကိုရော
ကလေးသိလား?"
ВЫ ЧИТАЕТЕ
🔥အပိုင်သိမ်းမယ်🔥SEASON 1
Любовные романыUnicode မထင်မှတ်ထားတဲ့ ကားအက်ဆီးဒင့် တစ်ခုကြောင့်မိဘနှစ်ပါး ကွယ်လွန်ခဲ့ရတာကို မျက်မြင်ကိုယ်တွေ့ ထိတ်လန့်စွာဖြင့် မြင်တွေ့ခဲ့ရတဲ့ ရွှေနန်းဘုံလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ စွံ့အ သွားရပြီး အဘိုးဖြစ်သူအလုပ်လုပ်တဲ့ "စကြဝတေး" စံအိမ်ကို ရွှေနန်းဘုံ ရောက်ရှ...