chapter-35

2.7K 281 30
                                    

( မပြောင်နဲ့မပြောင်နဲ့ ငါမရယ်ချင်ဘူးနော်..အပေါ်ကပုံကိုကြည့်ပါ🤣🤣🤣)

ဇင်ပိုင်နဲ့ပြည့်စုံဟာအချင်းချင်းကြည့်လိုက် ဒေါက်တာကျားဟွေ့ကိုကြည့်လိုက်နဲ့ပေါ့။ ဒေါက်တာကျားဟွေ့ဟာ ပန်းသီးကိုလည်းစားပြီးရော..

" ဇင်ပိုင်ပြီးတော့..မင်း..မင်းနာမည်ကဘယ်သူ.."

" ပြည့်စုံအောင်..ပြည့်စုံလို့ခေါ်လို့ရတယ်.."

" ကောင်းပြီပြည့်စုံနဲ့ဇင်ပိုင်ငါ မင်းတို့နှစ်ယောက်ကိုကျေးဇူးအရမ်းရမ်းတင်တယ်..မင်းတို့နှစ်ယောက်သာငါ့ကိုလာမကယ်ခဲ့ရင် အခုငါသရဲဖြစ်နေလောက်ပြီ ငါအဲ့တုန်းကထင်ထားတာက ငါမကြာခင်သေရတော့မှာပါလားဆိုတဲ့ အတွေးဝင်လာခဲ့တယ်..ငါအရမ်းရမ်းလည်းကြောက်နေခဲ့တယ်..ကျေးဇူးပါကွာငါ့ကိုကယ်ပေးတဲ့အတွက်.."

" ဟိုလေ ဒေါက်တာကို အကိုကျားဟွေ့လို့ခေါ်လို့ရလား.."
ဆိုပြီးပြည့်စုံမေးလိုက်သည်။

" ရတာပေါ့ကွ မင်းတို့နှစ်ယောက်ကငါ့အသက်ကိုကယ်ထားတာလေ ငါ့ကိုဘယ်လို​ခေါ်ခေါ်ရတယ်..မင်းတို့နှစ်ယောက်ကအခုကစပြီးငါ့ရဲ့ညီလေးတွေဖြစ်သွားပြီ.."

" ဟုတ်အကိုကျားဟွေ့..တကယ်လို့အကိုကျေးဇူးတင်ချင်ရင် ဇင်ပိုင်ကိုကျေးဇူးတင်သင့်တယ်..သူသာသတိမထားမိလိုက်ရင်အကိုသေနေလောက်ပြီ.."

" မင်းကလည်းကို့ရဲ့ကျေးဇူးရှင်ပါပဲ..ဇင်ပိုင်ကလည်းငါ့ရဲ့ကျေးဇူးရှင် ဘယ်သူ့ကိုပဲကျေးဇူးတင်တင်အတူတူပဲမဟုတ်ဘူးလား..ဒါနဲ့ဇင်ပိုင်မင်းဘယ်လိုသိတာလည်း ငါ့ကိုလူသတ်သမားလာသတ်တော့မယ်ဆိုတာ.."

" မနေ့ညနေက အကိုကျားဟွေ့နဲ့ကျွန်တော်အတူတူလမ်းလျှောက်သေးတာကို မှတ်မိသေးလား.."

" မှတ်မိတာပေါ့မင်းကိုတောင် ဆေးရုံအနှံ့လိုက်ပြလိုက်သေးတယ်.."

" အဲ့တုန်းကကျွန်တော်တို့နောက်ကို အဲ့တစ်ယောက်လိုက်သေးတယ်..ကျွန်တော်ထင်တာကအကို့ကိုကြိုက်လို့ လိုက်ချောင်းတယ်ထင်တာ..သူကအကို့ကိုပဲစိုက်ကြည့်နေတာဆိုတော့ ကျွန်တော်လည်းသိပ်ပြီးတော့ဂရုစိုက်မနေပဲနေနေလိုက်တယ်..မနေ့ညကလိုင်းပေါ်လည်းတက်ရော တစ်လတစ်ခါဒေါက်တာတစ်​ယောက်ချင်းကို သတ်နေတဲ့သတင်းကိုကျွန်တော်တွေ့လိုက်တယ်လေ..

Mr.Zin (S-1) (Completed)حيث تعيش القصص. اكتشف الآن