Unicode

696 74 7
                                    

"Hmm..."

သက်ပြင်းချသံခပ်တိုးတိုးက တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲမှာ သိသိသာသာထွက်ပေါ်လာ၏။ မှန်စားပွဲပေါ် အသာချလိုက်တဲ့ စာအုပ်ကလည်း ပြီးဆုံးသွားပြီဖြစ်သည်။ Hyunjin ရဲ့ မျက်ခုံးတွေကလည်း အလိုမကျစွာ တွန့်ချိုးနေကြသည်။

"ထပ်ပြီးတော့ sad ending ပဲလား?" Chan က ဘာဖြစ်နေလဲ သိနေတဲ့ပုံစံဖြင့် လှမ်းမေးသည်။

နာရီအတန်ကြာအောင် စာဖတ်ထားလို့် တင်းမာနေတဲ့ မျက်ကြောတွေကို ပြေလျော့စေရန် လက်ချောင်းတို့ဖြင့် ဖိနှိပ်ရင်း Hyunjin က ခေါင်းညိတ်ပြလာသည်။

"ဘာလို့ အဆုံးသတ်က ဒီလောက်ကြေကွဲစရာ ကောင်းရတာလဲ?"

မလှမပဇာတ်သိမ်းသွားတဲ့ ဝတ္ထုအပေါ် Hyunjin ဘယ်လောက်မျောပါသွားခဲ့သလဲ သိပ်သိသာပါ၏။ စုတ်တစ်သပ်သပ်ဖြင့် လက်မခံနိုင်သေးပုံကိုပဲ ကြည့်ပါလေ။

"ဒီလိုဖြစ်မယ်မှန်း သိသိလျက်နဲ့ ဘာလို့ဖတ်သေးလဲ? သူ ရေးသမျှက sad ending တွေချည်း ဆိုတာ မင်းအပါအဝင် သူ့စာဖတ်သူတွေ အကုန်သိကြတာပဲ။"

ခေါင်းတခါခါ ဖြစ်နေတဲ့ Chan ကို Hyunjin က မျက်လုံးရွဲများဖြင့် လှမ်းကြည့်လာသည်။

"Sky ရေးသမျှက ဖတ်ချင်စရာဖြစ်နေတာကို ဘယ်တတ်နိုင်မလဲ Hyung? သူ့ဝတ္ထုတွေတိုင်းက ဝမ်းနည်းစရာကောင်းစွာ အဆုံးသတ်တတ်တာကို သိသိလျက်နဲ့ ဖတ်မိနေတုန်းပဲ...ဟာ Sky ကြောင့် ရူးတော့မှာပဲဗျာ..."

Chan ကတော့ Hyunjin ကို ကြည့်ပြီး ရယ်လျက်သာ။

လူအချို့က အသံကိုကြားရုံနဲ့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ကို စွဲလန်းတယ်။
အချို့ကျပြန်တော့ အပြုံးလေးကိုမြင်ရုံနဲ့ စွဲလန်းတတ်ကြပြန်တယ်။

ဒီလိုဆိုကြေးဆိုရင် Hyunjin ကတော့ Sky ရဲ့ ကလောင်စွမ်းကို စွဲလန်းနေတာလို့ ပြောရမည်ပင်။ လူကို မမြင်ဖူးပါဘဲ ၊ အသံကို မကြားဖူးပါဘဲ ၊ နာမည်အရင်းတောင် မသိပါဘဲ ၊ ယုတ်စွအဆုံး Sky ဆိုတဲ့ ကလောင်နာမည်ကလွဲရင် ဘာကိုမှ မသိပါဘဲ သူ့စာအုပ်တွေကတစ်ဆင့် Sky ကို စွဲလန်းမိခဲ့ခြင်း။

Sad ending တွေကို မနှစ်သက်တဲ့ Hyunjin က
Sky​ ​ရေးသမျှ sad ending တွေကိုတော့ နှစ်သက်စွာ ဖတ်သည်။ စာအုပ်တွေနဲ့ လားလားမှ မသက်ဆိုင်ခဲ့တဲ့ Hyunjin က အခုတော့ Sky ထွက်သမျှစာအုပ်တွေကို လိုက်စုလို့။

Aromantic • 황승Where stories live. Discover now