"ပြန်ရောက်ပါပြီ"
အိမ်ရှေ့မှအော်သံကြောင့် Argima မီးဖိုချောင်မှထွက်လာသည်။
Argima::: Baek ပြန်ရောက်ပြီလား
Baek::: nae Argima.Appa တို့ပြန်ရောက်ပြီလား
Argima::: မရောက်သေးဘူး။အဆာပြေတစ်ခုခုစားမလား
Baek::: မစားတော့ဘူး။Appa တို့နဲ့ထမင်းပဲစားတော့မယ်။Baek ရေသွားချိုးလိုက်ဦးမယ်
Argima::: ကောင်းပါပြီရှင်
Baek သီချင်းလေးညည်းပြီး ကျောင်းဝတ်စုံချွတ်ရေချိုးသည်။ပြီးတော့ ကျောင်းစာတွေထိုင်လုပ်နေတော့သည်။Baek ကစာတော်တဲ့ကျောင်းသားဆိုတော့ စာကိုအမြဲမပြတ်လုပ်နေရမှကျေနပ်သူ။စာလုပ်ရင်း Baek စဉ်းစားနေသည်။Appa တို့ကို မျှော်နေသည်ဆိုပိုမှန်ပါလိမ့်မည်။ဒီနေ့က Baek မွေးနေ့လေ။Appa က Baek suprise ဖြစ်သွားစေမယ့် လက်ဆောင်ပေးမယ်လို့ပြောထားတယ်လေ။ဘာများဖြစ်မလဲ။Baek ရင်ခုန်စွာနဲ့စောင့်စားနေစဉ်
Arjima::: Baek ရေ။Appa တို့ပြန်ရောက်ပြီ
Arjima အော်သံကြောင့် Baek အတွေးစဖြတ်ကာ လုပ်လက်စအလုပ်ကိုထားပြီး အိမ်အောက်သို့ ခြေကုန်သုတ်ပြေးဆင်းသွားသည်။
Tao::: သမီးရယ်။ဖြေးဖြေးဆင်းပါ။ချော်ကျပါဦးမယ်
Baek::: nae Omma.Appa ပြန်ရောက်ပြီလား။Baek အတွက် လက်ဆောင်ကော
Kris::: ပါပါတယ် သမီးရယ်။Appa အမောဖြေပါရစေဦး
Baek::: Appa ရေသောက်မလား။Omma ကော။သမီးသွားယူပေးမယ်
Kris::: နေပါစေ သမီးရယ်။Appa ကစတာပါ။yebo ရေ ခေါ်လာခဲ့လိုက်တော့။သမီး သိချင်နေပြီ
Tao::: nae Yebo.၀င်လာခဲ့လေ
Omma တံခါးအပြင်မှ တစ်စုံတစ်ခုကိုခေါ်လာသည်။Baek အံ့သြသွားခဲ့သည်။တကယ် Suprise ဖြစ်စေခဲ့တာပဲ။ထိုလက်ဆောင်ကတော့............
Baek::: ဟင် Appa သူက.....
Kris::: သူကသမီး သိပ်လိုချင်ခဲ့တဲ့ သမီးမောင်လေးလေ