Part 4

13 3 0
                                    

"အခြေအနေကတိုးတတ်လာတာမြန်တယ်နော်ကြည့်ပါလား ပန်းကုံးကိုကိုယ်တိုင်ဆီနေတာ"

လသော်တို့ဘာပြောပြောနရီကတော့ တစ်ဟင်းဟင်းသာရယ်နေမိသည်

"ဒီတစ်ခါတော့ နရီ့ကိုသူငယ်ချင်းတော်ရတာမှန်သွားပြီ"

"ဘာဖြစ်လို့"

"ဒင်းကိုအကြောင်းပြု ကောင်းမှုကြောင့် showပွဲတွေမလွတ်တမ်းအလကားကြည့်ရတော့မယ်"

"ဟုတ်ပါ့ ဟုတ်ပါ့"

~~~~~~
ညနေshowပွဲသွားတော့လဲသူငယ်ချင်းတွေက တဟေးဟေး တဝါးဝါး စကြနောက်ကြ

သူမတို့ရောက်နော့showပွဲစပြီ Djလက်စွမ်းပြသည်နှင့်ပရိတ်သတ်ကတခဲနက်အားပေးကြတာက ကြက်သီးမွှေးညင်း ထဖွယ်ရာလက်စွမ်းပြတီးလုံးတွေက တစ်ဆင့်ထက်တစ်ဆင့်ပို၍မြူးကြွလာသည်

ထိုအခိုက်မှာပဲသူမကပန်းကုံးစွပ်ပေးခဲ့ခြင်းဖြစ်သည်ပရိတ်သတ်ကလက်ခုပ်သံတွေ ရုံပွင့်ထွက်မတတ်

"ခဏလေးနရီ"

ညီသက်ပိုင်ကသူ၏ခေါင်းစည်းပုဝါအနီပေါ်၌အဖြူရောင်ကြယ်ပွင့်အဆင်ကလေးကိုဖြုတ်၍သူမ၏လက်ကောက်ဝတ်မှာစည်းပေး၏

"ကိုယ့် ကိုယ်စားပေါ့ သွားလေရာယူသွားပေးပါ"

ရှက်စိတ်ဖြင့် ထူပူစွာ စင်အောက်ပြန်ဆင်းလာခဲ့ရင်း

"နရီသွားလေရာ သယ်သွားရမတဲ့လား ရှင်ရယ်"

ရှိုးပွဲပြီး၍အိမ်ပြန်ရောက်တော့ထုံးစံအတိုင်းအိပ်ယာဝင်တော့မှညီသက်ပိုင်ကဖုန်ူးခေါ်သည်

"ကိုယ့် ပုဝါလေးရော နရီ"

"ရှိပါတယ်"

"နရီ့အနားမှာရှိရဲ့လား"

"အင်း"

သူ့အဖြေကမပွင့်တပွင့်

သူမ၏ရင်ကတော့ချစ်ခြင်းစွမ်းအားဖြင့်ဟင်းလင်းပွင့်နေခဲ့ပြီမိန်းမသားမို့သာကွယ်ဝှက်မျိုသိပ်နေရသည်

~~~~~~~\

မနက်တိုင်းခြံရှေ့ကို စက်ဘီးကလေးဖြင့်ရောက်လာသည်မာမီမတွေ့အောင်အိမ်ဖော်တွေမရိပ်မိအောင်ခိုးထွက်တွေ့ရသည် သူကအညိုရောင်အမွှေးဖွားကြီးတွေနှင့်သူမခါးလောက်ရှိသောခွေးရုပ်ကြီးကိုပွေ့လျက်

​မောင့်နရီ(ေမာင့္နရီ)Where stories live. Discover now