"ကိုယ့်ကို ချစ်လား"
"အင်း"
"နရီ့ကိုရောချစ်လား"
"များ များ များ များကြီးချစ်"
"အံမယ် ပြောတာကြီးကhip hopကြနေတာပဲ"
"ကိုယ့်ချစ်က အရမ်းလှတယ်"
"မလှပါဘူး"
ေ တကယ်လှမလှရှေ့ကလာတယ့်ကောင်လေးတွေမေးပြမယ်"သူမတားချိန်တောင်မရလိုက်လမ်းလျှောက်လာသောကောင်လေးတွေကို
"ဟေး! သူငယ်ချင်းတို့ ဒီမှာကိုယ့်ကောင်မလေး လှလားမလှဘူးလား သူကသူ့ကိုယ်သူမလှဘူးတယ့်"
ကောင်လေးတွေကပြုံးစိစိဖြစ်သွားကြပြီး
"လှတယ်အရမ်းလှတယ်ဗျို့ !!"
"ဟင်ကြည့်စမ်း ကြည့်စမ်းရှင် တော်တော် အရှက်နည်းလှချည် လား ကဲကဲ"
သူမက ရှက်ရမ်းရမ်းပြီး ညီသက်ပိုင်ရဲ့ ရင်ဘတ်ကိုထုရိုက်မယ်ကြံတော့
"အင့် "
ညီသက်ပိုင်ကသူမ၏လက်လေးကိုချုပ်ကိုင်ရင်း
ကျန်လက်တစ်ဖက်က သူမ၏ခါးလေးကို ဖက်လိုက်ရင်းရင်ခွင်ထဲဆွဲသွင်းတော့ အင့်ကနဲ အသံလေး ထွက်လာ၏ မေးဖျားလေးကို ဆွဲမော့တော့ ညီသက်ပိုင်အား ငေးကြည့်နေသည့်မျက်ဝန်း လေးတစ်စုံနှင့်ဆုံသည်ထို့နောက် သူ့၏အကြည့်တွေက သူမရဲ့ ပန်းဆီရောင် နှုတ်ခမ်းပါလေးဆီအကြည့်ရောက်တော့ သူမကရှက် ဝဲဝဲနှင့် မျက်လွှာလေးချမိ၏ ညီသက်ပိုင် မနေနိုင်စွာ နှုတ်ခမ်းလေးအား ဖိကပ်နမ်းတော့ သူမက ရင်ဘတ်ကို ထု၏"ပြွတ်"
နှုတ်ခမ်းလေးအား ပြွတ်ကနဲမြည်အောင်တစ်ချက်စုပ်ပြီး ပြန်လွှတ်ပေးလိုက် သည်
"ရှင် ! ဒါက လူမြင်ကွင်းကြီးဆိုတာမသိဘူးလား လူယုတ်မာရဲ့ ကဲဟယ် ကဲဟယ် "
ညီသက်ပိုင်ရဲ့ ကျောကုန်းအား ထုမည်ကြံတော့ သူကရှေ့ကပြေး သူမကနောက်ကလိုက်နှင့် ချစ်ခြင်း၏ရနံ့တွေက ထုံသင်းမွှေးပြလို့နေ၏။
~~~~~~~~~~~~~~~~~~~~~~~
သူ့ဖုန်းကို နရီကတောင်းယူသွား၍ ဖုန်း ဆားဗစ်ထဲဝင်ရင်း
"သူ....လိုက်မလာနဲ့"
"ဘာလဲကွာ"
ကြောင်စီစီနှင့်ရပ်၍သာကျန်ခဲ့သည် ဖုန်းserviceထဲဝင်သွား၍ခဏအကြာ
သူမပြန်ထွက်လာပြီး
"ရော့ဒီမှာ နရီ့ရဲ့ အမှတ်တရလက်ဆောင်"
လက်တစ်ဖက်မှထိုးပေးလာသောအရာအားကြည့်၍ညီသက်ပိုင်တစ်ယောက်ရယ်ချင်သွား၏။ဒါကဘယ်လိုကလေးဆန်မှုမျိုးလဲ
"ဟာ ဘာလဲကွာလက်ဆောင်ဆိုပြီး ကိုယ့်ဖုန်းကိုပြန်ပေးတာ"
"လျှာရှည်လိုက်တာရော့ ဖုန်းယူပြီးပြန်တော့"
"ဟာ အတူပြန်မှာပေါ့ စိတ်မချဘူး"
"ဒီမှာမွေးကတည်းက တက္ကဆီပေါ်မှာမွေးတာဘာမှမပူနဲ့"
"တကယ်"
"တကယ်ပေါ့ မာမီကနရီ့ကိုမွေးခါနီး တက္ကဆီနဲ့ ဆေးရုံသွားရင်း တက္ကဆီပေါ်မှာမွေးတာတယ့် ကဲ ယုံပြီလား ပြီးရင်ပြန်တော့ နရီလဲပြန်တော့မယ်"
တက္ကဆီတစ်စင်းငှား၍သူမကားပေါ်ရောက်တော့
"တာ့တာ နရီဖုန်းဆက်လိုက်မယ်သိလား"
သူမကိုတင်ဆောင်သွားသောတက္ကဆီကားကလေးကသူ့ရှေ့မှာ လျောခနဲထွက်ခွာသွား၏။
'ကိုကိုရေ ဖုန်းလာနေတယ် ကိုကိုရေဖုန်းလာနေတယ်ဆို !'
သူမပေးခဲ့သောဖုန်းကလေးကို ကိုင်ရင်းသူငေးမောကျန်ရစ်ဆဲသူ့ဖုန်းမှအသံစူးစူးကလေးထွက်လာ၏
သူဆက်ခနဲတုန်သွားသည် သူမ၏အသံဖြစ်သည်အချက်ပြမီးလင်းနေသောဖုန်းစခရင်မှာသူမ၏ဖုန်းနံပါတ်ပေါ်နေသည်
"ဟယ်လို"
"ခိခိ ခေါ်နေတာကြာပြီ ဘာလဲအံ့ဩနေတာလား"
"ပေါက်ပေါက်ရှာရှာ နရီရယ်"
"ဖုန်း ခေါ်သံ ထဲကခေါ်သလို သူ့ကိုခေါ်မယ်နော်"
"ဘယ်အသံလဲ ဘယ်ဖုန်းခေါ်သံလဲ နရီ"
"သူနော် သိလျက်နဲ့"
"တကယ်မသိတာ ဘယ်လိုခေါ်တာလဲ"
"ဟွန်း တမင်ညစ်တာ ကိုကိုလို့ ကိုကို ကဲ သိပြီလား"
သူမ၏နှုတ်ဖျားလေးမှထိုအခေါ်အဝေါ်လေးအား
ကြားလိုက်သည်နှင့်တစ်ပြိုင်နက်ရင်ဘတ်ထဲ
လိပ်ပြာတွေအကောင်၁၀၀၀၀လောက်ဝဲပျံနေသည့်ခံစားချက်။ နရီကတော့ကွာ ။တစ်လောကလုံးပိုအပိုင်စားရသွားသည့်နှယ်
မျက်နှာတွင်လဲပါးချိုင့်ရေးရေးလေးကပေါ်နေတော့၏"နောက်တစ်ခေါက်"
"ကိုကိုလို့ တော်ပြီ ညကြမှဖုန်းထပ်ခေါ်မယ်"
နရီကဦးအောင်ဖုန်းပိတ်သွား၏သူ့ရင်မှာတငြိမ့်ငြိမ့်ခံစား၍မဝနိုင်ပါ။