" ငါစိတ်ညစ်တယ် Jung Yunho.. ငါစိတ်ညစ်တယ်။ ငါ မင်းကိုအတန်တန်ပြောထားရက်နဲ့ ဒီသတင်းတွေထွက်လာပြန်ပြီ။ ဒီသတင်းတွေက တလောကလုံးပြန့်နေပြီ။ အခုဘယ်လိုလုပ်ကြမလဲ"
" ငါ ဘာလုပ်နေလို့လဲကွာ။ ငါ့ဘာသာငါ အေးအေးဆေးဆေးနေနေတာပါ"
" မင်းဘာမှမလုပ်ဘူး ဟုတ်လား။ မင်းဘာမှမလုပ်ဘဲ ဒီသတင်းတွေက မင်းဓါတ်ပုံကြီးနဲ့တကွ တက်လာမလားကွ။ ဒီမှာကြည့်စမ်း။ မင်းမျက်နှာကြီး အင်တာနက်တွေ ဂျာနယ်တွေထဲမှာ ထင်ထင်ရှားရှားပါနေတာတောင် အရင်လို မင်းမဟုတ်ပါဘူးလို့ ငါက လူတွေကို မုန်လာဥထပ်လုပ်လို့ရဦးမလားကွ"
" ငါ အေးဆေးနေတာပါကွာ။ မိန်းမတွေကိုက လာလာကပ်နေတာကိုး"
" သူတို့လာကပ်လဲ ရှောင်ရမှာ မင်းအပိုင်းလေ။ မင်းအခု ဒီလောကမှာ တော်တော်နာမည်ပျက်နေပြီဆိုတာကော မင်းသိရဲ့လား။ မင်းပရိသတ်တွေအားလုံးကလည်း မင်းကို ဒီမင်းသားနှာဘူးကြီးလို့ ထင်ကုန်ကြပြီကွ"
" ငါ က ကိုယ့်ဘာသာနေနေတာကွ။ သူတို့က လာလာပြီး အီစီကလီလုပ်နေတာ။ သူတို့ကမိန်းမတန်မဲ့ လာကပ်တော့ ငါက ယောက်ျားလုပ်ပြီး မကပ်နဲ့လို့ ပြောထွက်ပါ့မလားကွ"
" အေး အခုမင်းပြောမထွက်တဲ့အကျိုးက မင်းနဲ့စာချုပ်နေတဲ့companyအားလုံး သူများတွေနောက်ပါကုန်ပြီလေ။ ဘယ်လိုလုပ်ကြမလဲ"
" ဟင် ဒါဆို ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ"
" အခုမှ ငါ့ကို ပြန်မမေးနဲ့လေ။ ငါလဲ မသိတော့ဘူး။ မင်းသာ အနေအထိုင်ဆင်ခြင်ပါကွာ။ ငါတောင်းပန်ပါတယ်။ မင်းဒီလိုတွေ ဆက်လုပ်နေရင် မင်း မန်နေဂျာဘ၀က ငါနှုတ်ထွက်လိုက်မှာနော်"
" ဟာာာ အဲလိုတော့မလုပ်ပါနဲ့ကွာ။ မင်းကလဲ.. ငါတို့က ငယ်ငယ်လေးတည်းက ပေါင်းလာတဲ့သူငယ်ချင်း အရင်းကြီးတွေကို။ မင်းမရှိရင် ငါဘယ်လိုနေရမှာလဲ"
" အေး သူငယ်ချင်းအရင်းကြီးတွေမို့ ငါဒီလောက်သည်းခံနေတာပေါ့။ မဟုတ်ရင် ငါထွက်သွားတာကြာပြီ။ ငါ့နေရာမှာလဲ မင်းဒဏ်ကိုသည်းခံပြီး လုပ်မယ့်သူဆိုတာ ရှိမှာမဟုတ်ဘူး"
YOU ARE READING
The Wedding Game
RomanceHello Everyone !!! Long time no see.. Would you enjoy Thingyan festival? This is my second fanfic. Hope you enjoy my story. I will try my best in this story again. I was confessed this story is based on one of the Chinese movie. I have changed into...