ဒီနေ့က Yunhoအတွက် တန်ဖိုးရှိသောနေ့ဟုဆိုရမည်။ တနည်းအားဖြင့် သူတို့နှစ်ယောက်လုံးအတွက် နောင်တွင် အမှတ်တရနေ့တစ်နေ့ဖြစ်လာမည့်နေ့။ အခု သူတို့နှစ်ယောက်လုံး ညစာစားပွဲသို့ ရောက်နေကြသည်။ ဒီညစာစားပွဲက သူတို့ လက်ရှိရိုက်နေသော ရုပ်ရှင်ဇာတ်ကား၏ အပြီးသတ်ရိုက်ကူးခြင်း အထိမ်းအမှတ်အဖြစ်ကျင်းပသည့်ပွဲ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး မဖြစ်မနေ တက်ရောက်ရသည့်ပွဲလည်း ဖြစ်သည်။ ဖြစ်နိုင်လျှင် Yunhoတစ်ယောက် အချိန်တွေကို မြန်မြန်ကျော်ပစ်ပြီး ညစာစားပွဲကို မြန်မြန်ပြီးဆုံးစေချင်နေပြီ။ ထိုညစာစားပွဲပြီးလျှင် Jaejoongကို သူစပါယ်ရှယ် ပြင်ဆင်ထားသော နေရာလေးသို့ခေါ်သွားပြီး ချစ်ခွင့်တောင်းခံရန် စီစဉ်ထားပြီးသားပင်။ Yunho သူ့အတွှေးနဲ့ သူ ကြည်နူးရင်း Jaejoongကို တစ်ချက်လှမ်းကြည့်ုလိုက်သည်။ ဒီနေ့ Jaejoongအရမ်းလှနေသည်။ အနက်ရောင်ဝတ်စုံလေးက သူ့၏ချောမောလှပသောရုပ်ရည်လေးကြောင့် ပိုပြီးတောက်ပနေသည်။ သူကြည့်နေစဉ် သူ့ဆီသို့ ပြန်ကြည့်လာသော မျက်ဝန်းလေး။ သူရင်တစ်ချက်ခုန်သွားသည်။ ဒီမျက်ဝန်းရဲ့အကြည့်ဒဏ်တွေကို Yunhoခံနိုင်ရည်မရှိပါ။ အရည်ပျော်သွားလောက်အောင်ကြည့်တတ်သော မျက်ဝန်းပိုင်ရှင်လေးကို သူဒီညချစ်ခွင့်တောင်းဖို့ အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူ ဘာဖြစ်လို့ Jaejoongကို ဒီလောက်မြတ်နိုးသွားမှန်း သူကိုယ်သူတောင် မသိတော့ပါ။ Jaejoongကိုသာ ပိုင်ဆိုင်ရလျှင် သူ့လောက်ဒီလောကကြီးတွင် ကံကောင်းမည့်သူရှိမည်မထင်ပါ။
နောက်ဆုံးတော့ Yunhoမျှော်လင့်နေသော အချိန်သို့ ကျရောက်လာသည။် ညစာစားပွဲ ပြီးဆုံးကြောင်း ကြေငြာပြီးပြီးချင်း Yunhoနေရာမှထကာ Jaejoongနားသွားလိုက်သည်။
" Jae ပြီးရင် ကိုယ်နဲ့ခဏလိုက်ခဲ့ပေးပါ"
" ဘာကိစ္စရှိလို့လဲ Yunho"
Yunho ဘာမှပြောမနေဘဲ သူ့လက်ကိုဆွဲကာ ကားဆီသို့ခေါ်လာခဲ့သည်။ Jaejoongတစ်ယောက် အူကြောင်ကြောင်ဖြင့် Yunhoနောက်ကိုပါလာသည။် ကားပေါ်တက်ခိုင်းပြီးတော့ ကားမောင်းထွက်လာခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင် Yoochunဆီမှ ဖုန်းဝင်လာသည။်
VOCÊ ESTÁ LENDO
The Wedding Game
RomanceHello Everyone !!! Long time no see.. Would you enjoy Thingyan festival? This is my second fanfic. Hope you enjoy my story. I will try my best in this story again. I was confessed this story is based on one of the Chinese movie. I have changed into...