Yoochunအတွက် ဒီရုပ်ရှင်ကို ရုံတင်နိုင်ရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။ ပရိုဂျူဆာ ဒါရိုက်တာ ထုတ်လုပ်ရေး အကုန်လုံးနှင့် အတိုက်အခံလုပ်ပြီး ရုပ်ရှင်ကိုရုံတင်နိုင်ရန် ကြိုးစားခဲ့ရသည်။ အားလုံးက မဖြစ်နိုင်ဘူးပြောနေချိန်တွင် Yoochunစိတ်ထဲတွင် ယုံကြည်နေတာတစ်ခုရှိသည်။ ထိုအရာကတော့ Yunho နဲ့ Jaejoongတို့ရဲ့ ကြိုးစားမှုပင်။ ဒီကားမှာ သူတို့နှစ်ယောက်လုံး ရေကုန်ရေခမ်း စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့သည်ကို သူအသိဆုံးပင်။ သူတို့နှစ်ယောက်၏ ကြိုးစားမှုအတွက် သူဒီလောက်တော့ လုပ်ပေးသင့်သည် ထင်သည်။
ရုပ်ရှင် press show စပြသည့်နေ့တွင် ပရိုဂျူဆာ ဒါရိုက်တာ မင်းသား မင်းသမီး တစ်ယောက်မှမလာဘဲ မန်နေဂျာများသာ လာသည်ဟုဆိုလျှင် တော်တော်ရယ်ရမည်ထင်သည်။ သို့သော် အမှန်ပင်ဖြစ်သည်။ ထိုနေ့ပွဲကို Yoochun နှင့် Junsuမှလွဲ၍ မည်သူမျှမလာကြပါ။ ပထမဆုံးစပြသည့်ရက်တွင် ရုံထဲ၌လူပင်မရှိ။ တစ်မြို့လုံးတွင် တစ်ရုံတည်းပဲ ပြသည်။ ထိုရုံကလည်း Junsuဦးလေးပိုင်သောရုံဖြစ်သောကြောင့်သာ အားနာပါးနာနှင့် ပြရခြင်းဖြစ်သည်။ ရုံပိုင်ရှင်ကလည်း တစ်ပတ်ပဲတင်ရန် Yoochunကို သတိပေးထားကြသည်။
သို့သော် ကံကြမ္မာဆိုသောအရာက လူတွေကို ကျီစယ်တတ်မှန်း လက်တွေ့ကြုံလာမှပင် Yoochunယုံကြည်သွားသည်။ ထိုနေ့က ရုံတွင် ရုပ်ရှင်နောက်ဆုံးပြမည့်နေ့၏ တရက်အလို။ ရုပ်ရှင်ရုံတွင် မှတ်မှတ်ရရ လက်မှတ်တစ်စောင်သာ ရောင်းရသောနေ့။ ထိုလက်မှတ်ကို ၀ယ်သောသူကား သတင်းစာရှင်းလင်းပွဲတွင် နောက်ဆုံးမေးခွန်းကို မေးသွားသော နာမည်ကြီးသတင်းထောက်။
နောက်တစ်နေ့ အင်တာနက်တွင် ထိုသတင်းထောက်၏ ချီးကျူးထောက်ခံထားသော ရုပ်ရှင်ကောင်းသတင်းကား ပရိသတ်များအကြားတွင် ပျံ့နှံ့သွားလေသည်။ ထိုရုပ်ရှင်ဇာတ်ကားထဲတွင် Yunho နဲ့ Jaejoongနှစ်ယောက်လုံး စကားမပြောတတ်သော ဆွံ့အသူများအဖြစ် သရုပ်ဆောင်ကြရသည်။ တကားလုံးတွင် ပါးစပ်ဖြင့်မပြောဘဲ မျက်လုံးများဖြင့်သာ သရုပ်ဆောင်သွားကြသည်။ ထိုဇာတ်ကားကိုရိုက်ရန် တလနီးပါး နှစ်ယောက်စလုံး ဆွံ့အနားမကြားကျောင်းတွင် body languageကို သွားရောက်သင်ကြားရသည်။ ဆွံ့အသူနှစ်ယောက် ချစ်ကြိုက်မြတ်နိုးပြီး လက်ထပ်ကြရာဝယ် ဆင်းရဲလွန်းလှသောကြောင့် တွေ့ရာအလုပ်ကို နှစ်ယောက်စလုံး ၀င်လုပ်ရင်း ပိုက်ဆံရှာကြရသည်။ စကားမပြောတတ်သောကြောင့် အရာရာတွင် အဆင်မပြေဖြစ်ရာမှ Jaejoongတွင်ကိုယ်ဝန်ရှိလာခဲ့သည်။ Jaejoongကို အလုပ်မလုပ်ခိုင်းတော့ဘဲ Yunhoမှာ ပိုက်ဆံပိုရှာပြီး အရာရာဂရုစိုက်ခဲ့သည်။ Jaejoongကတော့ Yunhoပိုပင်ပန်းမှာကိုသိပြီး Yunhoမသိအောင် သူများအိမ်တွင် အိမ်အကူလိုက်လုပ်လေသည်။ တနေ့ Yunho အိမ်တစ်အိမ်တွင် လှေကားပေါ်တက် ဆေးသုတ်နေရင်း ဟိုဘက်အိမ်မှ အိမ်ဖော်ကိုနှိပ်စက်သံကြား၍ လှမ်းကြည့်မိရာမှ Jaejoongမှန်းသိသွားသောအခါ အံ့သြ၀မ်းနည်းလွန်း၍ လှေကားပေါ်မှ အခက်မသင့်ဘဲ ပြုတ်ကျတော့သည်။ Jaejoongကြားသောအခါ ပြေးလာသော်လည်း အသက်မမှီတော့ချေ။ Jaejoongလည်း ထိုနေရာမှာပင် heart attackဖြင့် အသက်ဆုံးရှုံးရလေသည်။ ဆွံ့အသူများ၏ ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားသော ထိုရုပ်ရှင်သည် နောက်ဆုံးပြမည့်ရက်တွင် ရုံပြည့်ရုံလျှံရုံသာမက ကြည့်ပြီးထွက်လာသည့် ပရိသတ်တိုင်း၏မျက်နှာတွင် မျက်ရည်လည်ရွှဲရသောနေ့ဖြစ်သည်။ ထိုနေ့မှစ၍ ထိုရုပ်ရှင်၏အောင်မြင်မှုသည် ကြောက်ခမန်းလိလိပင် ဖြစ်လေသည်။ အချိန်အကြာဆုံးရုံတင်နိုင်ခဲ့သော ရုပ်ရှင်ကားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၀င်ငွေအများဆုံးရှာနိုင်သော ရုပ်ရှင်ကားလည်း ဖြစ်ခဲ့သည်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်များအထိ သွားရောက်ပြသနိုင်ခဲ့သည်။
YOU ARE READING
The Wedding Game
RomanceHello Everyone !!! Long time no see.. Would you enjoy Thingyan festival? This is my second fanfic. Hope you enjoy my story. I will try my best in this story again. I was confessed this story is based on one of the Chinese movie. I have changed into...