Ten

1.5K 72 1
                                    

Unicode ver

""tae! jeongguk! မနက်စာ အဆင်သင့်ဖြစ်ပြီ"
taehyung ရဲ့အမေက taehyung အခန်းအပြင်ကနေ အော်ပြီး နှစ်ယောက်သား နှိုးလိုက်တယ်။

"ငါအိပ်ချင်သေးတယ်" လို့
အိပ်ချင်မူးတူးနဲ့ညည်း​ညူပြီးပြောနေတယ်။

"11နာရီတောင်ရှိနေပြီ ထရအောင်"
Jeongguk က Taehyung ၏ပါးကိုနမ်းပြီး
အိပ်ယာမှထလိုက်သည်။

Jeongguk ရဲ့ ခိုင်ခံ့တဲ့လက်တွေက
သူ့ခန္ဓာကိုယ်ကို မဖတ်ထားတော့တာကြောင့်ူရ
taehyung က ရုတ်တရက် အေးစက်သွားသလို
ခံစားလိုက်ရတယ်။

taehyung က ထထိုင်လိုက်ပြီး
အိပ်ချင်သေးကြောင်း ညည်းညူသံတွေ ထွက်လာသည် ။ နံနက် ၆ နာရီအထိ သူတို့နှစ်ယောက်က
သူတို့ဘဝအကြောင်း ဟာသာများနှင့် လျှို့ဝှက်ချက်အချို့ကိုနာရီပေါင်းများစွာ ပြောဆိုနေခဲ့ကြတယ်။

Taehyung လည်းအိပ်ယာကနေ
မတ်တတ်ထရပ်လိုက်တယ် ။
ဒိအချိန်ဆိုသူ့အဖေက အလုပ်မှာဆိုတော့
taehyung ရဲ့အမေပဲအိမ်မှာရှိမှာ
Taehyung ထမင်းစား စားပွဲမှာထိုင်လိုက်တော့

"jeongguk မင်းအလုပ်ရှိလား"
taehyung ရဲ့အမေကမေးတယ်။
Jeongguk ကိုမေးတဲ့မေးခွန်းကို
Taehyung ကဝင်​ဖြေလိုက်တယ်

“မရှိပါဘူး။ ဒါပေမယ့် သူက မူးယစ်ဆေးဝါး ရောင်းဝယ်သူဆိုတော့ ချမ်းသာတယ်။ "
Jeongguk က ကိုင်ထားတဲ့ခက်ရင်းကိုအလန့်တကြားလွှတ် ချမိလိုက်သည် ။
Taehyungအမေက သူ့ကို ထိတ်လန့်စွာ ကြည့်ပြီးနောက်

"အိုး.. ဒါအရမ်းမိုက်တာပဲ"
လို့ သူမကပြောလိူက်တယ်။

jeongguk က သူ့လက်ထဲမှာ နောက်ထပ် ခက်ရင်းတစ်ချောင်းရှိနေသေးရင် နောက်တစ်ကြိမ်ထပ် လွှတ်ချမိမှာ သေချာပါတယ်။

"မိုက်-မိုက်တယ်?"
Jeongguk က မေးလိုက်တော့

"ဟုတ်​တယ်​ ​ပြောချင်​တာက... ငါမင်းကို ဘယ်လိုဘယ်ဟာကမကောင်းပါဘူးလို့မပြောချင်​ဘူး taehyung ကိုတော့လူကောင်းဖြစ်​​စေချင်​တယ်​။"

“ကျွန်တော် ကတိပေးပါတယ်”
လို့ ပြောပြီး ထမင်းဆက်စားနေ​လိုက်ကြတယ်။

သူဘာတွေလုပ်နေလဲသိရင် taehyung ရဲ့မိဘတွေဘာပြောမလဲ သူအမြဲတွေးနေမိတယ်။ သူ့အမေရဲ့ အေးစက်စက် တုံ့ပြန်မှုက သူ့အတွက်အနည်းငယ်စိတ်သက်သာရာရစေတယ်။ ဒါပေမယ့် သူ့အဖေရဲ့သဘောကျန်သေးတယ်မဟုတ်လား။

SAVE ME (Completed)Where stories live. Discover now