seventeen

1.2K 62 0
                                    

Unicode ver

ggukie: ကလေး ဘာဖြစ်နေတာလဲ မသိပေမယ့် ကျေးဇူးပြုပြီး မငိုပါနဲ့ ။ ကိုယ်ဖုန်းခေါ်တာကို မဖြေ
ချင်လဲရတယ်။အရာအားလုံးထက် မင်းကိုပိုချစ်တယ် ။

ညကTaehyungငိုနေရင်းနောက်ဆုံးတော့ နည်းနည်းစောပြီး အိပ်ပျော်သွားတယ်။ ဒါပေမယ့် အခုသူနိုးနေပြီး jeongguk ရဲ့ စာကိုဖတ်နေတယ်။ မနက် ၆ နာရီလောက်ပေါ့

Jeongguk ကို လွမ်းဆွတ်တာရော ဒဏ်ရာကနာကျင်မှုရောကြောင့် အတော်နာကျင်နေသေးတယ်
။အရမ်းမောပန်းပြီး အားနည်းနေသလို ခံစားရတယ်။ ဒါပေမယ့် တံခါးခေါက်သံကြားတော့ သူ့နှလုံးကအဆမတန် ခုန်လာတယ်။
သူ့အဖေလို့ ထင်တဲ့အတွက်ကြောင့် ပိုတုန်လှုပ်နေ
ပါတော့တယ်။

အိမ်တံခါးကိုခေါက်သံကြားလို့ သူ့အမေက တံခါးဖွင့်ဖို့ မတ်တပ်ထရပ်လိုက်တယ်။တံခါးကိုဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက

" သူ ဘယ်မှာလဲ "

" သူ့အခန်းထဲမှာ "

Jeongguk က အပေါ်ထပ်ကို ပြေးတက်သွားတယ်။ အလျင်အမြန်သူ့အခန်းဆီကိုပြေးလာသံ
ကြားတော့ taehvung တစ်ကိုယ်လုံးတုန်နေပြီး သူ့အဖေသူ့ကိုထပ်ပြီးနာကျင်အောင်လုပ်ဖို့သူ့ဆီပြန်လာခဲ့တယ်လို့ထင်နေတယ်။

တံခါးကိုတွန်းဖွင့်ကာအခန်းထဲဝင်လာခဲ့တဲ့သူ
ဘုရားသခင်.. သူ ဒီလို အခြေအနေမျိုးမှာ jeongguk ကို မြင်လိုက်ရတဲ့ ခံစားချက်ကို ဘာနဲ့မှ မဖော်ပြနိုင်ပါဘူး။

" tae ."
Jeongguk ကိုတွေ့တာနဲ့ taehyung ငုတ်တုတ် ထထိုင်လိုက်တောင် ခုနကခံစားရတဲ့ဝေဒနာက
မခံစားရတော့ဘူး။ Jeongguk က ချက်ချင်း ပြေးလာပြီး ကုတင်ပေါ် ထိုင်ချလိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ကလေး ၊ ငါဒီမှာ " လို့ ပြောပြီး taehyung ရဲ့ နောက်ကျောက်ကို သိုင်းကာ ဖက်ထားပြီး ကျောကိုလက်နဲ့ပွတ်ပေးမိတဲ့အခါ taehyung ရဲ့ အော်ဟစ်သံကို ကြားလိုက်တာနဲ့ မြန်မြန်လွှတ် လိုက်ပါတယ်။

" O - Oww . "

" ကလေး ဘာဖြစ်နေတာလဲ "

ဒါပေမယ့် taehyung ကတော့မဖြေပဲ ဆက်ပြီး ငိုနေလေရဲ့ ။

SAVE ME (Completed)Where stories live. Discover now