🍀 စေတနာ၏ ဝေဒနာ (Unicode)

54 17 20
                                    

- စေတနာ၏ ဝေဒနာ -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

- စေတနာ၏ ဝေဒနာ -

Author
Win Thae(WinThae)

မေ့ဖျောက်ရခက်သော စိတ်ဒဏ်ရာများအတွက် အကောင်းဆုံးသောဆေးသည် အချိန်ကာလဟု ဆိုကြသည်။အကယ်၍ ကိုယ်အချစ်ရဆုံးသောလူသားတစ်ဦးက ဖြေရှင်းရမည့်အမေးပုစ္ဆာကို မဖြေရှင်းခဲ့ပါဘဲ ထွက်သွားခဲ့မည်ဆိုပါက ထိုအဖြေကို စောင့်ဆိုင်းနေသောလူသားတစ်ယောက်အတွက် စိတ်ဒဏ်ရာဟုဆိုရမည်လား။

အဖြေစောင့်မျှော်နေရသူအဖို့ အချိန်တွေက ကုစားပေးနိုင်မည်လား။ရှောင်တိမ်းထွက်ခွာခဲ့သော ထိုသူ၏စိတ်ထဲ၌ရော မည်သို့ မည်ပုံ နေမည်လော။

'လား'ပေါင်းများစွာသော ​မေးခွန်းတို့ပါဝင်သည့်အတွေးများ နှိပ်စက်သောကြောင့် အိပ်မရခဲ့သော ညပေါင်းများစွာကို ထိုသူသိစေချင်မိသည်။ တစ်ခါတစ်ရံ ထိုသူနှင့်မဆုံဖြစ်ခဲ့ပါက ၊ရှေးတစ်ချိန်ကရေစက်များသာမရှ်ိခဲ့ပါက အကောင်းဆုံးဖြစ်မည် ဟုတွေးမိသည်အထိ။

သို့သော် ထိုသူနှင့်ဆုံတွေ့ခွင့်ရခဲ့သည့် အချိန်မှစ၍ ယခု ထိုသူရှောင်ပြေးသွားလေတဲ့ကာလ မရောက်မှီ အချိန်တွေကလည်း ကိုယ့်ဘဝ၏ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့တာကိုတော့ လိမ်ညာ၍မရ။

အမြဲတမ်းခပ်တည်တည်နေတတ်သောကိုယ်က ထိုသူနှင့်တွေ့မှ ပြုံးခြင်း၏တန်ဖိုးကိုသိခဲ့သည်။

ဓာတ်ပုံတိုင်းလိုလိုခပ်တည်တည်နဲ့ဆူပုတ်နေတတ်သောကိုယ်က ထိုသူနှင့်ရိုက်ဖူးခဲ့သော ဓာတ်ပုံလေးမှာဖြင့် ရှားရှားပါးပါး အပြုံးလေးတစ်ခုပန်ဆင်လျှက်။ လုံချည်၊ထဘီဆိုလျှင် ခါးပေါ်တောင်ယောင်လို့မတင်ခဲ့ဖူးသည့် ကိုယ်က ထိုသူနဲ့တွေ့ပါမှ ထဘီလေးနှင့်ယဥ်တတ်ခဲ့ပြီး ပါးပြင်မှာလည်း အမြဲလိုလိုပါးကွက်လေးနှင့်ဖြစ်ခဲ့သည်။

ᗷirthday ᑭresent for Khin Sandakuu (One Shot)Where stories live. Discover now