အဖြည့်ခံ🍀
လှပတဲ့ဇာတ်လမ်းလေးတွေရဲ့အစမှာချစ် စရာကောင်းတဲ့ကလေးဘဝလေးဟာလည်းမပါမဖြစ်....။
စာရွက်လေးတွေမြင်ရင်သူနဲ့အတူခေါက်ခဲ့ဖူးတဲ့ကြယ်လေးတွေကိုသတိရသလိုဒန်းလေးတွေမြင်ရင်လည်းသူနဲ့အတူအမြင့်ဆုံးအထိစီးခဲ့ဖူးတာကိုသတိရတယ်။
ဂျွန်ဆိုတဲ့လူသားအတွက်ဆိုရင်ဘတ်ကြီးတစ်ခုလုံးအမှတ်တရတွေနဲ့ပင်ပြည့်နေပြီလားမသိ။
သေချာတာတစ်ခုကတော့ဂျွန်ဆိုတဲ့လူသားအတွက်အချစ်တွေအများကြီးကတော့ဒီရင်ဘတ် တစ်ခုနှင့်ပင်မဆန့်တော့ချေ။အစားကောင်းစားရရင်ကိုယ်ချစ်တဲ့သူကိုသတိရတတ်သလို......ဂျီမင်ဆိုတဲ့သူ့အတွက်ကတော့ထိတွေ့သမျှအရာဝတ္တုတွေနဲ့အစားစာတွေအားလုံးဟာဂျွန်ဆိုတဲ့လူသားကိုသတိရဖို့များဖန်ဆင်းထားသလားအောက်မေ့ရတယ်။လွမ်းလိုက်တာဂျွန်
ဒီနှစ်နွေကောမင်းပြန်လာပါ့မလား အရမ်းတွေလွမ်းနေလို့ပါ...။
🍀~🍀~🍀~🍀~🍀
"ငါကိုရီးယားကိုပြန်လာတော့မယ် ဂျီ "
ဆိုင်းမဆင့်ဗုံမဆင့်ဖုန်းဆက် ကာပြောလာသောဂျွန်ရဲ့စကားကြောင့်ဂျီမင့်နှလုံးသားတစ်ခုလုံးအခုန်မြန်ကာအသံများပင်တုန်ချင်လာသည်။
၃နှစ်ဆိုတဲ့အချိန်ကာလကြီးကိုဖြတ် သန်းကာစောင့်လာရသောစကားလေးတစ်ခွန်းကိုနောက်ဆုံးတော့ကြားခွင့်ရခဲ့ပြီ။
"မင်းတကယ်ပြောနေတာလားဂျွန်"
"တကယ်ပြောတာပေါ့ဂျီရဲ့ ...ငါဒီတစ်ခါတကယ်ပြန်လာတော့မှာ ကိုရီးယားကိုအရမ်းလွမ်းနေပြီ"
"ပြီးတော့မင်းကိုကောဘဲ..."
နောက်ဆုံးပြောလိုက်သောစကားလေးတစ်ခွန်းကြောင့်ဂျီမင့်လက်ဖျားလေးများပင်အေးစက် ကာနှုတ်ခမ်းတစ်လျောက်အပြုံးလေးများဝေဆာသွားရသည်။
"ငါလဲမင်းကိုအရမ်းလွမ်းနေတာ...ဂျွန်"
နောက်ဆုံးစကားအဖျားလေးမှာပင်အသံလေးတုန်ကာငိုသံနည်းနည်းစွတ်သွားသည်။
တကယ်လည်းဂျွန့်ကိုဂျီမင်အရမ်းပင်လွမ်းနေသည်။
ငယ်ငယ်လေးထဲကအတူတူကြီးပြင်းလာခဲ့တဲ့သူတို့၂ယောက်အတွက် မတွေ့ရတဲ့၃နှစ်ဟာအရမ်းကိုရှည်လွန်းလှသည်။အနာဂတ်အတွက်သာမဟုတ်ရင်ဂျွန့်ကိုအမေရိကားသို့သွားခိုင်းမည်မဟုတ်။
ကိုယ်ကိုတိုင်ကဂျွန့်ထက်၂နှစ်လောက်ကြီးသဖြင့်အရာရာတိုင်းကိုဂျွန်နှင့်ပြိုင်၍ကလေးဆန်လို့မရ ...ဒါတောင် ဂျွန်ကသူနဲ့ရွယ်တူသူငယ်ချင်းလိုပေါင်းတတ်သေးသည်။
သို့သော်အပြစ်မဆိုမိ ထိုအတိုင်းလေးနေရတာကိုပင်ဂျီမင်သဘောကျမိသည်။
YOU ARE READING
အဖြည့်ခံ (One shot)
Fanficအဖြည့်ခံဆိုတာ အချစ်ခံဖြစ်ဖို့ ကံခေလာတဲ့သူတွေလား..... 29.4.2022