"ခလေး...မင်းကိုယ့်ကိုယုံလား"
ရုတ်တရက်နှစ်ယောက်သားစားပွဲ
ပေါ်မှာအလုပ်တွေလုပ်ရင်း
Taehyungကထမေးလိုက်သည်။မြတ်နိုးရသူလေးရဲ့မျက်၀န်းလေးတွေကိုကြည့်ရင်းနဲ့
"ယုံပါတယ်ကိုရဲ့
ဘာဖြစ်လို့လဲ"အခုလိုရုတ်တရက်ထမေးလိုက်တာ
ချစ်ရသူလေးစိတ်ထဲတစ်ခုခု
ဖြစ်နေပြီဆိုတာသိလိုက်သည်။"ကိုတို့ခိုးပြေးကြမလား"
"ဟင်?!
ကြားလိုက်ရတဲ့စကားကြောင့်
ကိုယ့်နားကိုယ်တောင်မယုံနိုင်
ဖြစ်နေခဲ့တယ်။ဘာလို့ခိုးပြေးမှာလဲ"သူမ"ရဲ့အမေ
ဖြစ်သူကတောင်သဘောတူပြီးသားလေ။မဟုတ်မှအမေပြောသလိုများ
"သူ"မိဘတွေကသဘောမတူလို့များလား။စတဲ့အတွေးတွေ၀င်လာခဲ့တယ်။
"ကို...ကို့မိဘတွေက
ခလေးနဲ့သဘောမတူလို့လား"ဒါမျိုးကိစ္စကတည့်မေးရန်
လိုအပ်တာကြောင့်သူမမေးလိုက်တယ်။
"အင်း..ဒါမဲ့ကိုယ်မင်းကိုချစ်တယ်"
အမေဖြစ်သူရှေ့မှာ"သူမ"နဲ့
အဆက်အသွယ်ဖြတ်မယ်လို
လိမ်ညာခဲ့တဲ့စကားရဲ့နောက်ကွယ်ကလျိုဝှက်ချက်ဆိုတာသိပ်မြတ်နိုးရတဲ့သူမနဲ့
ခိုးပြေးပြီးလူခြေနည်းတဲ့အရပ်ကို
ပြောင်းရွှေ့ဖို့သာဖြစ်တယ်။"ခလေးလည်းချစ်ပါတယ်
ကိုရယ်"ငွေကြေးအခြေအနေသိပ်မကောင်းတာရယ်။
ဆွေကြီးမျိုးကြီးထဲကမဟုတ်တာရယ်ကြောင့်"သူ"မိဘတွေ
သဘောမတူဘူးဆိုတာ
သိနေပြီးသား။တဖက်ကလည်း မြတ်နိုးရသူလေးကို ဒီလိုအကြောင်းကိစ္စ မျိုးနဲ့ လက်လွှတ်ရမယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတခုပင်။
"ကိုယ့်နဲ့လိုက်မယ်မလားဟင်"
"အင်း"
"သူမ"တုံ့ဆိုင်းခြင်းမရှိဘဲဖြေဆိုလိုက်သည်။
ဒီယောက်ျားဟာသူသိပ်ချစ်ရတဲ့
ပထမဆုံးနဲ့နောက်ဆုံးဘဲမဟုတ်လား။
YOU ARE READING
ချစ်ခြင်းတရားရဲ့ချုပ်နှောင်ခြင်း
FanfictionTaeHyung shii! "ရှင်ကရှင့်ညီမအတွက်နဲ့ကျွန်မကိုကွာရှင်းမယ်ပေါ့လေ!ရတယ်ကွာရှင်းကြတာပေါ့" "ကျွန်တော်ynမရှိဘဲဘယ်လိုနေရမှာလဲ" "Oppa!ynရှိနေရင်ညီမကိုတွေ့ရမယ်လို့လုံး၀မထင်နဲ့"!