part16

895 35 0
                                    

"မိန်းမ ဘာဖြစ်လို့လဲ"

မိန်းမဖြစ်သူဖုန်းကြည့်ရင်း
သူမမျက်၀န်းထဲက ထိတ်လန့်မှု
တွေကြောင့်။

"ကို....ဘယ်တုန်းကပြန်ရောက်နေတာလဲ"

ဖုန်းကိုအာရုံစိုက်နေတာကြောင့်
ယောကျာ်းဖြစ်သူပြန်ရောက်လာတာတောင်သတိမထားမိ။

"ခနကမှပြန်ရောက်တာ
ဒါနဲ့ မိန်းမဘာဖြစ်လို့လဲ
မျက်နှာလည်းသိပ်မကောင်းဘူး"

"ကို..အမေတို့ရပ်ကွက်မှာလေ
လူသတ်မှု..ဖြစ်..ဖြစ်လို့တဲ့

မိခင်ဖြစ်သူကိုစိတ်ပူလွန်းတာကြောင့် စကားပြောတာတောင်
ထစ်ထစ်ငေါ့ငေါ့ဖြစ်နေသည်။

"ဟုတ်လား!!

"ကို...အမေ့ကိုလေအိမ်ခေါ်ထားလို့ရမလား စိတ်မချတော့လို့"

သူမလည်းဒီအိမ်မှာနေရတာ
သိပ်အဆင်မပြေပေမဲ့
အမေဖြစ်သူကိုတော့လူသတ်မှု
ဖြစ်သွားတဲ့လမ်းမှာ
မနေစေချင်တော့တာအမှန်ပင်။

"ရပါတယ်
ကိုယ်မနက်ဖြန်ခေါ်လာပေးမယ်နော်"အခုတော့ အိပ်ပျော်‌အောင်
အိပ်လိုက်ဦး"

သူမ နည်းနည်းတော့ကြောင်သွားပေမဲ့ နာရီလှမ်းကြည့်လိုက်တော့
ည9နာရီတောင်ရှိခဲ့ပြီ။

"အင်း"

-----🍂

"သား! ဘယ်ကိုသွားနေတာလဲ'

ခါတိုင်းဆို8နာရီလောက်မှ
အလုပ်သွားပေမဲ့

မနက်အစောကြီးထွက်သွားပြီး
အခုမှအိမ်ပြန်လာတာတဲ့အပြင်
နောက်မှ သူ့အရွယ်မိန်းမ
တစ်ယောက် ပါလာတာကို
ကြည့်ရင်း

စိတ်တိုသွားခဲ့တယ်။

"Hyg!အနောက်ကအဒေါ်ကြီးက
ဘယ်သူလဲ.."?

ရှုပ်ရှုပ်ရှက်ရှက်မကြိုက်တဲ့
ညီမဖြစ်သူ

အကိုဖြစ်သူနောက်မှာ
မိန်းမ တစ်ယောက်ပါလာတာကို
တွေ့တော့ စိတ်တိုသွားရင်း

"ဒါynရဲ့အမေလေ
ညီမလေးရဲ့"

"တွေ့ရတာ၀မ်းသာပါတယ်
ကျွန်မကynရဲ့အမေပါ"

ထိုမိန်းမဘက်မှာ
ရို"ကျိူး"နှုတ်ဆက်လိုက်သည်။

"အေး ၀မ်းသာပါတယ်"

ချစ်ခြင်းတရားရဲ့ချုပ်နှောင်ခြင်းWhere stories live. Discover now