Eposide - 1 [ Unicoad ]

306 19 6
                                    

Pretty Memories

" မ "

ခြံထဲက မာမားစိုက်ထားတဲ့ အပင်လေးတွေကို
ရေလောင်းနေတဲ့ မ ​​ရဲ့နောက်ကျောလေးက
ကျွန်မကို လာဖတ်လှည့်ပါလို့ ဖိတ်ခေါ်နေသလို

ကြိုးတစ်လုံး အဝါရောင်croptopလေးက
မ ရဲ့ သွယ်လျလျခါးလေးကို မနာလိုချင်စရာကောင်းအောင် ဖော်ပေးထားလေသည် ။
ထို့ကြောင့် ကျွန်မရဲ့လက်တွေနဲ့ သွယ်ဖက်လိုက်ပြီး
ဖုံးပေးလိုက်မိတယ် ။ မ ဆိုတဲ့နာမ်စားလေးကို
အသာအယာခေါ်ပြီး ခါးလေးကို ဖက်လိုက်တော့ကိုယ်လေးက တုန်တက်သွားသည် ။ လန်သွားတဲ့ပုံပဲ ။

" ယောင်းငယ် လန့်သွားတာပဲကွယ် "

" မလှည့်နဲ့ မ ဒီတိုင်းလေးပဲ
ခနလောက်နေပေး "

ကျွန်မမှန်း သိသွားတဲ့ မ က နောက်လှည့်လာဖို့
ပြင်သည်မို့ ပိုတိုး၍ဖက်ကာ ဒီတိုင်းနေပေးဖို့ ပြောရသည် ။ မ ရဲ့ ကိုယ်သင်းနံ့လေးက ကျွန်မကို
ဆွဲဆောင်နေသည်မလား ။

ယောင်းငယ် ဟုတ်တာပေါ့
ဒီနာမ်စားဟာ ကျွန်မ ကလေးဘဝထဲက
မ က ခေါ်ခဲ့တဲ့ ကျွန်မအနှစ်သက်ဆုံးသော
နာမ်စားလေး ။

ဒါပေမဲ့ နောက်ဆို
ဒီလူသား​​​ခေါ်ခဲ့တဲ့ ဒီနာမ်စားလေးကို
ကြားတောင်ကြားရပါတော့မလား မသိဘူး ။

" ဘာဖြစ်လို့လဲ ယောင်းငယ်
အန်တီလေးက ဘာပြောလိုက်လို့လဲ "

တစ်ကယ်ကိုပဲ မ သာလျှင်
ကျွန်မစိတ်ကို ဖတ်တတ်သည် ။
ကျွန်မဒီကို ထွက်လာခဲ့တာ မာမားနဲ့ ရန်ဖြစ်ပြီး
စိတ်ပြေလက်ပျောက် ဖြစ်ရအောင် မ ဆီကို
လာခဲ့တာပင် ။ ဒါကို တစ်ချက်တည်းရအောင်
ခန့်မှန်းနိုင်တဲ့ မ ကို ကျွန်မဘာဆုပေးရပါ့မလဲ ။
popoလား မဟုတ်ရင် တစ်နေကုန် အတူ
လျှောက်လည်ပေးရမှာလား ။

" မ က မှော်ပညာတွေဘာတွေ
သင်ထားတာတော့ မဟုတ်ပါဘူးနော် "

" အယ် ဒီကလေးနဲ့
ပေါက်ပေါက်ရှာရှာ ဘယ်ကမှော်ပညာကို
မ ကသင်ရမတုန်း ဒီတိုင်း ခန့်မှန်းလိုက်တာပါ
မှန်သွားတာကတော့ ကံကောင်းလို့ နေမှာပေါ့နော် "

ရယ်ကျဲကျဲနဲ့ ပြန်ဖြေလာတဲ့ မ ကြောင့်
ကျွန်မပြုံးမိလိုက်တယ် ။ မ ရဲ့ရယ်သံလေးက
တစ်ကယ်ကို ကလေးလေးအတိုင်းပဲ ။
အပြစ်ကင်းလွန်းတယ် ။

" PAINFUL LOVE " [ နာကျင်မှုများနဲ့အစပျိုးသော ] [ နာကျင်မှုများနဲ့အစပျိုးသော]Where stories live. Discover now