မုန်းမာန်ဖွဲ့၍မစီမ်းစေလို

1K 32 3
                                    

အပိုင်း၄၈+၄၉

မုန်းမာန်ဖွဲ့၍မစီမ်းစေလို

(စာလုံးပေါင်းသတ်ပုံဖြည့်ဖတ်ပေးပါနော်)

ဒယ်ဒီ

ဟမ်း သားကြီးပြောဘာလုပ်ချင်လို့တုန်း

ဘာမှမဟုက်ဘူးသွားမယ်လေ ဖေဖေမှမမြင်ရတော့တာ

အော် အင်းအင်း  သားရဲ့ညီလေးကိုပါသွာခေါ်ကျမလား

အဲသလိုသွားခေါ်လို့အဆင်ပြေပါ့မလား တော်ကြာဒယ်ဒီမေမေကစီတ်ဆိုးနေလိမ့်မယ်

အရွယ်နဲ့မလိုက် လူတယောက်ရဲ့စီတ်ကိုဖတ်တတ်နေတဲ့ခလေးကို မိုက်ကြည့်လိုက်ပြီ ....။

ဘာမှမဖြစ်ပါဘူး ဒယ်ဒီပါနေတာပဲဟာ ပြီးတော့ဖွားဖွးလို့ခေါ်လို့ရပါတယ်သားရဲ့

သားကခေါ်ချင်ပါတယ် ဖွားဖွားကမကြိုက်ဘူးထင်လို့ပါ ဒါကြောင့်မခေါ်ပဲနေလိုက်တာ

အင်းပါဒါဆိုလဲ သားကဘယ်လိုခေါ်ချင်လဲပြောလေ

သားလိမ္မာဖွားဖွားလို့ပဲ ခေါ်လိုက်မယ်လေ ဒါဆိုသူတို့ကပိုကြိုက်မယ်ထင်တယ်

သားကြီးသဘောနော် သားကြီးကအရမ်းတော်တာပဲ

​မိုက်ကချီးကျူးလိုက်တော့ မျက်လုံးလေးတွေကအရောင်လက်လာကါ ပျော်သွားတဲ့သားကြီးကိုကြည့်ပြီမိုက်လဲပျော်ရပါသည်။ အခုသားကြီးခေါ်မဲ့အခေါ်အဝေါ်ကိုကြိုက်မှာကျိန်သေနေတာကိုမိုက်သိတာပေါ့ ။ဘာဖြစ်လို့လဲဆို မေမေကသားလိမ္မာလေးကိုမိုက်တို့မိသားစုရဲ့တဦးထဲသောအမွေးဆက်ခံရာလို့သက်မှတ်နေလိုပါပဲ ။ပြီးတော့သားလိမ္မာဟာသူ့မြေး  သူကသားလိမ္မာရဲ့ဖွားဖွားဆိုတာကို လူတကါသိစေချင်လို့အခုလိုတွေလုပ်နေတဲ့ဟာကိုမိုက်မသိပဲနေမလား။
ဒီနေ့လဲရောင်ခြည်ဆီမသွားခင်မေမေပြောတာကသားလိမ္မာကိုသီးသီးသန့်သန့်ပွဲစီစဉ်ပေးချင်တယ်တဲ့။မိုက်စီတ်ပူတယ်။ဒီအခြေအနေထိရောက်လာပြီမှရောင်ခြည်နဲ့ထပ်ပြီသဘောထားကွဲလွဲရင်ဘယ်လိုလုပ်ရပါ့မလဲ။ရောင်ခြည်များစီတ်ဆိုးသွားမလားဆိုပြီတော့ အတွေးတွေနဲ့ပြည့်နှက်နေ​၏။ ဒီနေ့ကမိသားစုတွေအစုံထမင်းစားကျတဲ့အခါမေမေကမိုက်ကိုပြောထားတဲ့စကါးကိုပြောလာသည်။
သားလိမ္မာကိုပွဲထုတ်ချင်တာခွင့်ပြုပေးမလားဆိုပြီ။တခဏတော့ရပ်တန့်သွားတဲ့ရောင်ခြည်ကမေမေကိုကြည့်ပြီ*ရပါတယ်တဲ့*။တော်သေးတာကဘာမှမဖြစ်ပဲထမင်းတောင်အတူတူအပြီးသတ်တဲ့ထိစားန်ိုင်ခဲ့ကျလို့။တကယ်တော့မိုက်ရဲ့မေမေကအဆင့်အတန်းခွဲခြားတတ်တာမိုက်အသိဆုံး။ဒါပေမဲ့ အခုလိုရောင်ခြည်ကိုလိုက်လိုက်လျောလျောဆက်ဆံနေတာမြင်ရတော့ပိုလို့တောင်အံ့ဩကါဝမ်းသာပိတိဖြစ်နေရတယ်။မေမေပြောတဲ့ပွဲကရောင်ခြည်နဲ့မိုက်တို့ရဲ့လက်ထပ်ပွဲပြီမှဖြစ်သင့်တာလို့ဆိုတာပိုတော့မေမေနဲ့မမကိုပြောထားရမယ်။ဖေဖေဆီကပါအကူညီယူပြီတော့ပေါ့။
သားကြီးကိုတော့မေမေနဲ့မမဆက်ဆံတာကိုမကြိုက်ပေမဲ့ပြောလို့အဆင်မပြေဖြစ်နေတော့ မိုက်ကပဲသားကြီးကိုပိုချစ်ပေးလိုက်မယ်ဆိုပြီပဲစီတ်ဖြေလိုက်ရသည်။ရောင်ခြည်ကလဲသားကြီးနဲ့သားလိမ္မာကိုခွဲခြားပြီဆက်ဆံနေတာကိုမကြိုက်မှန်းသိပါတယ်။ သူကိုယ်တိုင်လဲမိုက်တို့အသိုင်းအဝိုင်းရဲ့အထာကိုသိနေသူပီပီဘာမှမပြောပဲရေငုံနူတ်ပိတ်နေနေရပေမဲ့ သူ့စီတ်ထဲမှာတော့စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ရောင်ခြည်မပြောပဲနဲ့လဲမိုက်သိတာပေါ့။
ဒါပေမဲ့ဒီလိုအချိန်မှာသွားပြောလိုက်ရင်လဲ အခုရနေတဲ့အခွင်အရေးတောင်ဆုံးရှုံးသွားမှာစိုးရသည်။ ဟိုတခါပြောခဲ့သလိုပါပဲ ။ မိုက်နဲ့ရောင်ခြည်ကိုမေမေနဲ့မမတို့ကသဘောတူပြီလိုက်လျောပေးနေတာ သားလိမ္မာဆိုတဲ့သူတို့မြေးရှိနေလို့ဆိုတာကအမှန်တရားပါပဲ။ သားလိမ္မာအတွက်နဲ့မိုက်ကကံကောင်းခဲ့ပေမဲ့ သားလိမ္မာအလှည့်ကျရင်တော့ မေမေနဲ့မမကဘယ်လိုချယ်လှယ်ပြီ စိုးမိုးတော့မလဲမသိတော့ဘူး။
ဒါကိုစီတ်ပူနေပေမဲ့လဲ နောင်ခါလာနောင်ခါစျေးပေါ့ ။ မိုက်ကသာစီတ်ပူနေတာ လေ။ တကယ်လို့သူကြိုတ်တဲ့လူနဲ့မေမေတို့မမတို့သဘောကျတဲ့လူနဲ့တထပ်တည်းကျနေရင်လဲ တမင်းသတ်သတ်ကြီးမိုက်ကစီတ်ပူခဲ့သလိုဖြစ်နေမှာ။ ဒါကြောင့် သားလိမ္မာကတော့ဘာပဲပြောပြောသူ့ကိစ္စသူရှင်းရမှာပဲ။
မိုက်တို့ကါးလေးကအိမ်ထဲရောက်လို့ဘေးကသားကြီးကိုကြည့်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ သည်။ မိုက်လဲသားကြီးကိုအသာပွေ့ပြီအိမ်ထဲကိုခေါ်ပြီဝင်လာတုန်းကမေမေနဲ့တိုးတော့ ။ မေမေကမိုက်မျက်မှောင်ကျုံ့ကါကြည့်လိုက်ပြီ စကါးပြောမယ်လုပ်နေတာမို့ မိုက်ကစကါးမပြောဖို့မျက်နှာရိပ်မျက်နှာကဲလုပ်ပြကါ သားကြီးကိုအပေါ်ထပ်မိုင်အိပ်ခန်းဆီကိုခေါ်လာပြီသိပ်လိုက်သည်။
သားကြီအဲကွန်းကိုအအေးအပူအနေတော်ချိန်ပြီ စောင်ကိုလုံအောင်ခြုံပေးပြီ အခန်းထဲကထွက်လာလိုက်တော့သည်။ အောက်ရောက်တော့မေမေကဧည့်ခန်းမှာအသင့်စောင့်နေတာတွေ့တာမို့ မိုက်လဲအနားသွားလိုက်ပြီ...။

မုန်းမာန်ဖွဲ့၍မစီမ်းစေလို  / မုနျးမာနျဖှဲ့၍မစီမျးလိုWhere stories live. Discover now