ထာဝရထက်တစ်သက်ပို

637 8 4
                                    

ထာဝရထက်တစ်သက်ပို {အပိုင်း၁၅}
……………………………………………………

မာန်ခ…ဒီမှာ နင် နေလည်ကြရင် စားဖို့အတွက် ငါအိမ်ကနေ ကြာဇံကြော်ထည့်ယူလာခဲ့တယ်သိလား.."

မင်းမာန်ခ မနက်ခင်းပိုင်း အတန်းထဲမှာ ဆရာမ စာမသင်ခင်၊မနေ့ကကျက်မှတ်ထားလေတဲ့သင်ခန်းစာများအား ပြန်နွှေးနေစဉ် ချစ်ဖူးငုံအနားမှာ လာရပ်လို့ပြောသည်။

မင်းမာန်ခ ချစ်ဖူးငုံကို တစ်ချက်မျှမော့ကြည့်လေပြီးသည့်နောက် စာသာ ပြန်ငုံ့ဖတ်နေလိုက်၏။ချစ်ဖူးငုံက ချိုင့်ကို စာသင်ခုံပေါ်တင်လိုက်ကာ အဖုံးကို ဆွဲလို့ဖွင့်လိုက်သည်။အထဲမှာတော့ ပူပူနွေးနွေးသာရှိသေးသော ကြာဇံကြော်များက အငွေ့တထောင်းထောင်းထလို့နေဆဲပင်.။

ဒီမှာလေ..ကြည့်ပါဦး'.မာန်ခရဲ့…ငါက အမေ့ကို အရမ်းခင်ရတဲ့သူငယ်ချင်းတစ်ယောက်ကိုကျွေးချင်လို့ဆိုပြီး ပူဆာလိုက်တာ အမေက ငါကျောင်းမလာခင် ကြော်ပေးလိုက်တယ်လေ'.ကြက်သားကြော်လေးလည်းပါတယ်.ကြွပ်ရွနေတာပဲ သိလား.."

ဆောရီးကွာ…ငါ မစားချင်ဘူး နင့်ဘာသာပြန်ယူသွားလိုက်..ဟုတ်ပြီလား.."

မင်းမာန်ခ စာဖတ်နေရာက ခေါင်းမော့ကာ ပြောလိုက်လေတော့ ချစ်ဖူးငုံ မျက်နှာလေး ငယ်ကျလို့သွားလေသည်။သူမက မင်းမာန်ခကို အတော်ကြာအောင် မျက်နှာငယ်နဲ့စိုက်ကြည့်လို့နေပြီးမှ လေသံသဲ့သဲ့နဲ့ပြောလာခဲ့လေ၏။

ဘာဖြစ်လို့လဲ မာန်ခရဲ့..ငါက နင့်ကိုစားစေချင်လွန်းလို့ ယူလာပေးတာကို..ပြီးတော့ နင်ဒီရက်ပိုင်းဘာဖြစ်နေတာလဲဟာ…ငါ့ကိုရှောင်တိမ်းနေသလိုပဲ…"

မင်းမာန်ခ သူမကို တစ်ခုခုပြောရန်ပါးစပ်ပြင်လိုက်သည်။ထိုစဉ်စာသင်ခန်းထဲသို့ ဖိုးဥာဏ်နဲ့ ဆိုးသွမ်းကျောင်းသားတစ်သိုက် ဝင်လာတာကို မျက်ဝန်းထောင့်က မြင်တွေ့ လိုက်သည်မို့ ဘာမှဆက်ပြောမနေတော့ပဲ စာသာပြန်ဖတ်နေလိုက်၏။

ဖိုးဥာဏ်က အတန်းနောက်ဆုံးက သူ့နေရာမှာ ဝင်ထိုင်ကာ ချစ်ဖူးငုံနဲ့ မင်းမာန်ခရဲ့အခြေနေကို မကြည်သလိုမျက်ဝန်းများနဲ့ကြည့်၍ အကဲခတ်သည်။

Default Title - Write Your OwnWhere stories live. Discover now