ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"ငါ...ငါ...မင်းခိုင်းတာလုပ်ပါမယ် ငါ့ရဲ့ကိုကြီးကိုတော့ ဘာမှမလုပ်ပါနဲ့ ငါ့အသက်ကိုပြန်ယူချင်လဲယူပါ ငါ့ကိုကြီးအသက်ကိုတော့ ချမ်းသာပေးပါ ကောင်လေး""ကောင်းပြီ ဒီလိုမှပေါ့...ဟ ဟ
အရုပ်လေးကသိပ်လိမ်မာတာပဲ"🧵A Corner Of The End 🧵
2ဆောင်ပြိုင်အိမ်ကြီး၏အရှေ့မျက်ခင်းပြင်တွင် အသက်24နှစ်အရွယ်ကောင်လေးတယောက်ဟာ ညတာနှင့်မလိုက်ဖက်စွာ အိမ်ကြီးကိုမျက်နှာမူလျက် ဒူးထောက်နေပေသည်။
နှင်းစက်လေးတွေက ဆောင်းဦးမို့အနည်းငယ်ကျရောက်ကာ အေးစက်သောဆောင်းလေက လူတယောက်ကိုအတွေးများစေသည်။
"ကင်မ်ထယ်ယောင်း"
"........."
တိကျရှင်းလင်းသောအခေါ်အဝေါ်အတွက် ပြန်ဖြေသောအသံတို့စိတ်သုန်းလျက်ရှိပေသည်။
"ရော့ ...လက်မှတ်ထိုး"
ကောင်လေး၏အရှေ့မြေပြင်ပေါ်သို့ စာရွက်၂ ရွက်နှင့် ဘောပင်တခုအားပစ်ချပေးလေသည်။သို့သော်ထိုကောင်လေးမှာ အံကျိတ်၍တင်းထားလေသည်။
"နားကမ်းနေလား ကင်မ်ထယ်ယောင်း...ဟမ်...လက်မှတ်ထိုးလေဘာလုပ်နေတာလဲ"
"ငါမထိုးနိုင်ဘူးကောင်လေး...
ငါကကိုကြီးနဲ့ပဲလက်ထပ်မှာ...ငါမချစ်မနှစ်သက်တဲ့သူကို ငါလက်ထပ်မယ်လို့တခါမှစိတ်မကူးခဲ့ဖူးဘူး""ဟား...ဟား...ကင်မ်ထယ်ယောင်း...ကင်မ်ထယ်ယောင်း ...အပြောကတော့သိပ်ကြီးသကိုးနော့...ဟား...ဟား...ဟား...စိတ်မကူးခဲ့လဲ လက်ထပ်ရမှာပဲ...ခင်ဗျားကိုသိပ်ချစ်နေလို့တော့မဟုတ်ဘူး...မုန်းလို့..မုန်းလို့...အရမ်းမုန်းလို့...လျှော်ကြေးအနေနဲ့ခင်ဗျား ကျုပ်ကိုလက်ထပ်ရလိမ့်မယ်...အေး..ဒါကလည်းအစပဲရှိသေးတာ ဟား...ဟား..."
"ဟူး"
ကင်မ်ထယ်ယောင်းတယောက်သက်ပြင်းချယုံမှတပါးမရှိပေ။သူ့ဘဝက ဆုတ်လည်းရူး စားလည်းရူးဘဝပင်မဟုတ်လား။အဲ့လောက်ထိလုပ်လိမ့်မည်ဟု တကယ်ထင်မထားသည်ပင်။
ဂျစ်ကန်ကန်နှင့် အဖေနှင့်တောင်ဖက်ပြိုင်ရန်ဖြစ်ခဲ့သည့် ကင်မ်ထယ်ယောင်းဟာ ဂျွန်ဂျောင်ဂု၏အိမ်ရှေ့တွင်ဒူးထောက်ကာ ဂျွန်ဂျောင်ဂုပြောသမျှကို ခေါင်းငြိတ်နရသည့်ကောင်လေးပါဆိုလျှင် မည်သူကယုံမည်နည်း။
![](https://img.wattpad.com/cover/308998293-288-k391069.jpg)
BẠN ĐANG ĐỌC
A Cᴏʀɴᴇʀ Oғ Tʜᴇ Eɴᴅ [KOOᗰOՏ]
Lãng mạn🌅ᑌᑎIᑕOᗪᗴ+ᘔᗩᗯᘜI🌅 🧵အဆုံးသတ်၏တထောင့်တနေရာ🧵 ᴀ ᴄᴏʀɴᴇʀ ᴏғ ᴛʜᴇ ᴇɴᴅ.. "ငါကတိပေးထားတယ် အရုပ်လေးရှိတဲ့နေရာ လိုက်လာခဲ့မယ်လို့ ဒီတခါတော့ ငါကအရုပ်လေးခံစားခဲ့ရတာတွေကို တဖန်ပြန်လည်ခံစားမယ်" "ငါမင်းကိုချစ်တယ်င့ါရဲ့အရုပ်လေး" 🏳️🌈KᴏᴏᴋV🏳️🌈 Kᴏᴏᴍᴏs {ကူးမိုစ်...