ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"သားအိမ်က...""ပျက်စီးစပြုနေပီမဟုတ်လား"
"အွန်း...တခြမ်းလောက်ပဲ ကောင်းတော့တာ"
"ထုတ်မယ်ဆိုရင်ရော"
🧵A Corner Of The End 🧵
သတို့သား မင်ယွန်းဂီမှ သတို့သားပတ်ခ်ဂျီမင်အား ရိုးမြေကျပေါင်းဖက်ပါမည်လား...
"......"
"အဂီ"
ပတ်ခ်ဂျီမင်က သတို့သားစဉ်မြင့်ပေါ်မှ ငူငူငေါင်ငေါင်အတွေးများနေသူအား လက်ကိုလှုပ်ကာသတိပေးသည်။
သတို့သား မင်ယွန်းဂီမှ သတို့သားပတ်ခ်ဂျီမင်အား ရိုးမြေကျပေါင်းဖက်ပါမည်လား...
"ဟုတ်...ဟုတ်ကဲ့
ပေါင်းသင်းပါမည်"သတို့သား ပတ်ခ်ဂျီမင်မှ သတို့သားမင်ယွန်းဂီအား ရိုးမြေကျပေါင်းဖက်ပါမည်လား...
"ဟုတ်ကဲ့ သေချာပေါက် ပေါင်းသင်းပါမည် အရိုးမြေကျသည်အထိ"
ကောင်းပြီ။ဤယနေ့မှစ၍အသင်တို့နှစ်ဦးသည် အကြင်အမျိုးသားများဖြစ်သွားကြပါပြီ။
လက်ခုတ်သံများကြား အကြင်အမျိုးသားနှစ်ဦးသည် အနမ်းတို့ကိုနူးညံ့စွာပုံဖော်နေကြပေသည်။
ကျနော်မျက်ရည်ကျမိသည်။ကျနော်အပေါ်ကောင်းပေးသည့် ကိုကြီးသည် အိမ်ထောင်ဦးစီးတယောက်ဖြစ်ခဲ့လေပြီ။
ကျနော်အိမ်မက်ခဲ့ရသည့် စိတ်ကူးယဉ်ခဲ့သည့် အဖြူရောင်သတို့သားတယောက်အဖြစ်ပုံစံသည် ကျနော်ဒီဘဝမှာတော့ အကောင်အထည်ဖော်နိုင်တော့လိမ့်မည်မဟုတ်။
ကိုကြီး၏ အမျိုးသားနေရာကို နေ့ချင်းညချင်းဆုံးရှုံးခဲ့ရသည်။အမှန်ဆို ကျနော်လည်းမုန်းတယ် အင်ယွန်ဆူကိုရော ဂျွန်ဂျောင်ဂုကိုရော...
ဂျွန်ဂျောင်ဂု...
ကျနော်တကယ်တော့ သူ့ကိုအရမ်းစိတ်နာတယ်။သူနဲ့ပါတ်သတ်သမျှ ကျနော့်ဘဝကပိုနာကျင်ခဲ့ရတယ်။အရှက်ဆိုလည်း ရစရာမရှိအောင် ကွဲခဲ့ရသည်။မျိုးရိုးကြီးအမျိုးအနွယ်မှ ဆင်းသတ်ခဲ့ပေမယ့် ကျနော်က တိတ်တိတ်ပုန်းတယောက်လိုရှင်သန်ခဲ့ရသည်။
VOUS LISEZ
A Cᴏʀɴᴇʀ Oғ Tʜᴇ Eɴᴅ [KOOᗰOՏ]
Roman d'amour🌅ᑌᑎIᑕOᗪᗴ+ᘔᗩᗯᘜI🌅 🧵အဆုံးသတ်၏တထောင့်တနေရာ🧵 ᴀ ᴄᴏʀɴᴇʀ ᴏғ ᴛʜᴇ ᴇɴᴅ.. "ငါကတိပေးထားတယ် အရုပ်လေးရှိတဲ့နေရာ လိုက်လာခဲ့မယ်လို့ ဒီတခါတော့ ငါကအရုပ်လေးခံစားခဲ့ရတာတွေကို တဖန်ပြန်လည်ခံစားမယ်" "ငါမင်းကိုချစ်တယ်င့ါရဲ့အရုပ်လေး" 🏳️🌈KᴏᴏᴋV🏳️🌈 Kᴏᴏᴍᴏs {ကူးမိုစ်...