ချစ်သော လမ်းခွဲ ၁

339 7 0
                                    

ချစ်သော လမ်းခွဲ ၁

"ခင်... အဲ့ဒီမင်္ဂလာပွဲကို လက်ခံလိုက်ပါ”

"ဟင်...”

ကြားနေရတဲ့ ကိုယ့်နားကိုယ်တောင် မယုံချင်။ အံ့ဩ မှင်သက်ခြင်းနဲ့ မော့ကြည့်လိုက်တော့ ကိုကို က ခင့်ကို ခပ်ပြုံးပြုံး ကြည့်နေတာနဲ့ ဆုံတယ်။

"ဘာ... ဘာရယ် ကိုကို ဘာပြောလိုက်တယ်”

"ခင်... အဲ့ဒီ မင်္ဂလာပွဲ ကို လက်ခံလိုက်ပါလို့...”

"အော်...”

ဒီ့ထက်ပိုတဲ့ စကားတွေ ရင်ထဲမှာ မပြည့် ဖြစ်နေပေမယ့် "အော်...”  ဆိုတဲ့စကားလေး တစ်ခွန်းပဲ ထွက်လာခဲ့တယ်။ ကိုကိုကတော့ ဟိုးအဝေးကြီးကို ငေးကြည့်နေလေရဲ့။ ပါးသိုင်းမွှေး စိမ်းစိမ်းတွေနဲ့ ကိုကို့ ရဲ့ ငေးနေတဲ့ မျက်နှာတခြမ်းကို မြင်ရတော့ ခင့် မျက်ဝန်းက မျက်ရည်တွေ ထိန်းမရနိုင် ပြိုကျလာခဲ့လေရဲ့။

"ကိုကို... ခင့်မျက်ဝန်းတွေထဲ သေချာကြည့်ပြီး အဲ့စကားကို ပြောလိုက်ပါလား” လို့ ပြောလိုက်ချင်ပေမယ့် ခင့်နှုတ်ဖျားက ဘာစကားမှ ထွက်မလာခဲ့ဘူး။ ခပ်ဝေးဝေးကို ငေးနေတဲ့ ကိုကို့ ကိုပဲ အသံတိတ် ငေး ကြည့်နေဖြစ်တယ်။

"ကိုကို... ခင့်ကို အဆင်ပြေနေတာပဲ မြင်ချင်တဲ့ ခင့်ဘဝလေး ပိုပိုလှလာတာပဲ မြင်ချင်တယ်”

"အဲ့တာနဲ့ ခင်က မနှစ်သက်တဲ့ အဲ့ဘဝကြီးကို လက်ခံလိုက်ရမယ်ပေါ့ ဒါ တရားတယ်လို့ ထင်သလားကိုကို”

"ခင် အဆင်ပြေဖို့အတွက် ဒါက တရားတဲ့နည်းလမ်းပါပဲ”

"တော်စမ်းပါ ကိုကိုရယ်... ခင်အဆင်ပြေအောင် ဆိုတဲ့ စကားနဲ့ ကိုကို့ရဲ့ သတ္တိကြောင်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာပဲ...”

ကိုကိုက ခြောက်ကပ်ကပ်နဲ့ တစ်ချက်ရယ်တယ်။ ခင့်ပါးပြင်ပေါ်က စီးကျနေတဲ့ မျက်ရည်တွေကို သူ့ လက်ကလေးနဲ့ ခပ်ဖွဖွ သုတ်ပေးတယ်။ စိတ်ထင်တာလားတော့မသိပေမယ် ပြုံးထားတဲ့ ကိုကို့ မျက်နှာနဲ့ ဆန့်ကျင်စွာပဲ ကိုကို့ လက်တွေ တုန်နေခဲ့တယ် ထင်ပါရဲ့။ ဒါကလဲ ခင့် စိတ်အထင်ပဲလား မသိနိုင်ဘူး။

ချစ်သော လမ်းခွဲWhere stories live. Discover now