ချစ်သောလမ်းခွဲ ၃
ပန်းနုရောင် လက်ထပ်ဖိတ်စာလေးကို ကြည့်ရင်း ကျွန်တော်ပြုံးမိတယ်။ ဘဝမှာ ကိုယ်မြတ်နိုးရပါတဲ့ အဲ့ဒီအမျိုးသမီးလေးကို မကြာမီမှာပဲ ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတာ သက်သေပြနေတဲ့အရာလေးမို့လေ။
ခင့်ကို ကျွန်တော် သိပ်ချစ်တယ်။ ငယ်စဥ်ကတည်းက ညီမငယ်လေးတစ်ယောက်လိုရော၊ အရွယ်ရောက်လာချိန် မြတ်နိုးဖွယ်ရာလေးအနေနဲ့ရောပေါ့။
ကျွန်တော်က ခံစားချက်တွေဖွင့်ထုတ်ရမှာ ကြောက်တတ်တဲ့သူမျိုး။ ခင့်ကို ဟိုးအရင်ကတည်းကနေ ခုချိန်ထိ မြတ်နိုးချစ်ခင်မိကြောင်း တစ်ခွန်းတလေမှ မပြောဖြစ်ခဲ့လေဘူး။
ခင်ကတော့ ကျွန်တော့်ကို သာမန်ထက်မပိုတဲ့ သဘောထားမျိုးပဲ ရှိတာကိုလဲ ကျွန်တော်သိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ခင့်ကို တိုးတိုးတိတ်တိတ် မြတ်နိုးနေခဲ့တာကြောင့် မိဘတွေစီစဥ်တဲ့ ဒီမင်္ဂလာပွဲကို လက်ခံဖြစ်ခဲ့တော့တယ်။
"ရင်ကပ်ပန်းတပ်လိုက်ရအောင် သတို့သားရေ... မင်္ဂလာအချိန်က သိပ်မလိုတော့ဘူး”
"ဟုတ်ကဲ့ ”
မိတ်ကပ်ပြင်တဲ့သူက ကျွန်တော့်ရင်ကပ်ပန်းလေးကို တပ်ပေးနေရင်း သတို့သမီးလေးခင့်ကို ချီးမွမ်းစကားဆိုနေလေရဲ့။
"သတို့သမီးလေးက သိပ်ကိုလှလွန်းတယ်ရှင်... သတို့သားမြင်ရင်တော့ ပေးပြီးပွေ့ဖက်ထားချင်မိမှာ... ဖြူဖြူဝင်းဝင်း သေးသေးသွယ်သွယ်လေးမို့ ပန်းရောင်ထိုင်မသိမ်းလေးနဲ့ လိုက်ဖက်လွန်းနေရော... ချစ်စရာတအားကောင်းတာ”
ခင့်အတွက် ချီးမွမ်းစကားက ကျွန်တော့်ရင်ကို ပီတိကြီးကြီးမားမားဖြစ်စေတယ်။ ဒါပေါ့ ခင်က သိပ်ချစ်ဖို့ကောင်းတာလေ။ ခင်ရဲ့ ခပ်ရဲရဲပါးပြင်လေးတွေ၊ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ အညိုရောင်ဆံနွယ်လေးတွေ အားလုံးဟာမြတ်နိုးစရာအတိနဲ့။ ဘယ်သူကများ အဲ့ဒီအမျိုးသမီးလေးကို မချစ်ပဲနေနိုင်မှာတဲ့လဲ။
"သတို့သားကလဲ ပြုံးနေတာပဲနော်... မှိုရထားတဲ့အတိုင်းပဲ သတို့သမီးလေးကို အတော်ချစ်တာပဲလား မျက်နှာမှာကို အထင်းသားနော်”
YOU ARE READING
ချစ်သော လမ်းခွဲ
Short Storyအတိတ်နေနေ... ပစ္စုပ္ပန် နေနေ... အနာဂါတ်ဖြစ်စေ ဦးညွှတ်ချင်သူမို့ အပြုံးတစ်ပွင့် ဆိုမျှရုံနဲ့ မြတ်နိုးရပါတယ် ခင်။