ကြီးကျယ်ခမ်းနားလှတဲ့မင်္ဂလာခမ်းမကြီးအလယ် ပျော်ရွှင်မှုတစိုးတစိမျှမရှိတဲ့အေးတိအေးစက်အပြုံးတွေနဲ့ သူတို့နှစ်ဦး....
နှစ်ဖက်သောမိဘတွေရဲ့ စီစဥ်ပေးမှုအောက်မှာ မလွန်ဆန်နိုင်ခဲ့သူနှစ်ဦး....
တစ်ဦးကချစ်ရတဲ့သူကိုလက်လွှတ်ခဲ့ရပြီး တစ်ဦးကတော့စိတ်ညစ်စရာအနှောင်အဖွဲ့တစ်ခု ရရှိခဲ့တော့သည်....
မင်္ဂလာချိန်ပြီးလို့ဧည့်သည်တွေပြန်တာနဲ့တစ်ပြိုင်နက် မိဘတွေကိုအရိုအသေပေးပြီး သူတို့နှစ်ဦးအတွက် သီးသန့်ဖြစ်တဲ့ စံအိမ်တော်ကြီးဆီ ထွက်ခွာခဲ့ကြသည်...
အိမ်ရှင်နှစ်ဦးနှင့် အလုပ်သမားနည်းနည်းသာရှိသည့်အတွက် စံအိမ်ကြီးကအင်မတန်မှကြီးလွန်းနေသည်...
" ဂျောင်ကု ရေအရင်ချိုးမလား"
တစ်ဦးနှင့်တစ်ဦးမရင်းနှီးပေမယ့် နာမည်တော့သိထားဟန်ဖြင့်..
" ငါချိုးချင်ရင်ချိုးမယ် မချိုးချင်ရင်မချိုးဘူး ပြီးတော့ ဒီအိမ်မှာရေချိုးခန်းတစ်လုံးတည်းရှိတာမဟုတ်ဘူး သေသေချာချာသိအောင် အိမ်ကိုပတ်ကြည့်လိုက်အုံး"
" ဒီနေ့တော့ ငါပင်ပန်းနေလို့ မနက်ဖြန်မှကြည့်တော့မယ် "
" အဲ့တာမင်းသဘောလေ"
"အင်း...ဒါဆိုငါ့အခန်းကဘယ်မှာလဲ"
"ဟိုမှာ အလုပ်သမားတွေမြင်လား? မြင်ရင်သူတို့ကိုသွားမေး ငါ့ကိုလာမမေးနဲ့ အာရုံနောက်တယ်"
" အင်းပါ မင်းအဝတ်အစားတွေမလဲဘူးလား"
"ကျစ်...အဲ့တာမင်းေ-ာက်ကြောင်းလား?"
"ငါမင်းထက်အသက်ကြီးတယ်နော် စကားကိုဆင်ခြင်ပြောပါ"
"ေ-ာက်ဂရုမစိုက်ဘူး ရှင်းလား? မကျေနပ်ရင်လည်း လဲသေလိုက်"
ဒေါကြီးမောကြီးဖြင့်ပြောကာ ထွက်သွားသူကိုလက်သီးဆုပ်ပြီးကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်...
" အကိုလေး... အကိုလေးကိုအားနာလိုက်တာ အကိုလေးဂျောင်ကုကအဲ့လိုပဲ သူမကြိုက်တဲ့အရာတွေဆို ဂရုမစိုက်ပဲပြောချင်ရာပြောတာ အကိုလေးကနားလည်ပေးပါနော်"