"အကိုလေး...မနက်အစောကြီးဘာလို့မီးဖိုချောင်ထဲဝင်နေတာလဲ ဗိုက်ဆာနေရင်အိမ်အကူတစ်ယောက်ကိုချက်ခိုင်းလိုက်ပါ့မယ် အကိုလေးအေးအေးဆေးဆေးနားနေပါ''
မနက်အစောကြီး မီီးဖိုချောင်ခန်းထဲဝင်ပြီးချက်ပြုတ်နေသူ ဆော့ဂျင်အား အိမ်ထိန်းကြီးမှစကားဆိုလိုက်သည်..
"အာ....ရပါတယ် ကျွန်တော်အလုပ်မရှိလို့ပျင်းတာနဲ့ ချက်ပြုတ်နေတာပါ အိမ်မှာလည်းအမြဲချက်ပြုတ်ပေးနေကြဆိုတော့ ဒါကျွန်တော့်အတွက်အပန်းမကြီးပါဘူး"
"အော်...အကိုလေးရယ် အကိုလေးကအပန်းမကြီးဘူးဆိုပေမယ့် နောက်ဆိုမချက်ပါနဲ့နော် အကိုလေးစားချင်တာရှိရင် ဘာမဆိုပြောပါအကုန်လုံးချက်ပေးပါ့မယ်"
"အာ...ဟုတ်ကဲ့ပါ"
တီ...တီ...တီ...
(အိမ်ရှေ့ကကားဟွန်းတီးသံကြောင့်..)"အကိုလေးပြန်လာပြီထင်တယ်.."
"အင်း...သွားကြိုရအောင်လေ"
"ဟုတ်ကဲ့ အကိုလေး"
"ကျစ်...ခြံတံခါးလာဖွင့်ဖို့ဘာလို့အဲ့လောက်ထိကြာနေကြတာလဲ?"
"ဟုတ်ကဲ့...တောင်းပန်ပါတယ်အကိုလေး"
အိမ်ရှေ့မှာဂျောင်ကုပြန်ရောက်ရောက်ချင်းဆူညံသံများထွက်ပေါ်လာခဲ့သည်...
ဂျောင်ကု ကားပေါ်ကဆင်းပြီးအိမ်ထဲပြန်ဝင်လာချိန်အိမ်ထိန်းကြီးမှ..
"အကိုလေး ဒီနေ့အစောကြီးပြန်ရောက်တယ်နော် မနက်စာရောစားပြီးပြီလား"
"မစားရသေးဘူး ကျွန်တော်ဗိုက်ဆာနေပြီ"
"ဟုတ်ကဲ့အကိုလေး ရေမိုးချိုးပြီးမနက်စာသုံးဆောင်လို့ရပါပြီ"
"Ommm..."
အပေါ်ကထပ်ဝတ်လာတဲ့ အကျီလက်ရှည်အနက်ရောင်ကိုချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဂျောင်ကု၏ထင်သာမြင်သာရှိသောနေရာများတွင် အမှတ်အသားများက မမြင်ချင်မှအဆုံးထင်ထင်ရှားရှားပေါ်လွင်နေသည်~
"အို!! အာ...အကိုလေးရေသွားချိုးတော့လေ"
အိမ်ထိန်းကြီးမှဂျောင်ကုကိုယ်ပေါ်ကအမှတ်အသားများကိုမြင်ပြီး အံသြသွားရ၍ ထိုအရာများကိုဆော့ဂျင်တွေ့လျှင်စိတ်မကောင်းဖြစ်မည်စိုးသောကြောင့် ဂျောင်ကုအား ရေမြန်မြန်သွားချိုးရန်ပြောလိုက်သည်