My husband friend is my boyfriend

659 50 0
                                    

                            Ep-1
                      

မနက်ခင်းနေသာတဲ့နေ့မှာ အိပ်ယာပေါ်ကကောင်လေးတစ်ယောက်ကတော့ အိပ်ယာကမထဘဲ ကလေးတွေလိုလူးလိမ့်နေစဲ။ရေချိုးခန်းတံခါးဖွင့်သံနဲ့အတူ ‌bathrobe ဝတ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်က အိပ်ယာပေါ်မှာဇိမ်ခံနေတဲ့ကောင်လေးကိုငြင်သာစွာနှိုးနေသည်။

"အိပ်ပုတ်လေးထတော့ မောင်မင်းအတွက်မနက်စာပြင်ပေးထားတယ်သည်းငယ် ထတော့နော် ဆိုင်ဖွင့်တာနောက်ကျနေမယ်။"

"_______"

"ထပါတော့မောင့်အချစ်ရေ မနက်စာတွေအေးကုန်လိမ့်မယ် အချစ်ကြိုက်တဲ့latteလေးပြင်ထားတဲ့‌လေ ထတော့နော်"

ထိုအခါမှာစောင်တွေနဲ့လုံးနေတဲ့ကောင်လေးက အိပ်ယာကထလာတော့တယ်။

"ကြည့်ပါအုံးမောင့်သည်းငယ်က ခွေးပေါက်လေးလိုပဲ မျက်နှာသွားသစ်တော့ ဆိုင်ဖွင့်တာနောက်ကျလိမ့်မယ်"

ထိုအခါအိပ်ယာပေါ်ကကောင်လေးမှာ

"ချီ"

"Aigooမောင်ခွေးပေါက်လေးက က‌ေလးလေးလို့ပဲ"

ပြောပီးရေချိုးခန်းသို့ချီသွားလေတယ်။ဒါကတော့ ကျွန်တော်တို့ရဲ့တစ်နေ့တာပါ။ကျွန်တော်က Shim Jaehyunပါ။ကျွန်တော်နဲ့မောင်ကလက်ထပ်ထားတာ၁နှစ်ကျော်လောက်ရှိပါပီ။မောင်ကကျွန်တော်အပေါ်တာဝန်ကျေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။မောင်ကJ Groupရဲ့CEOဖစ်ပီးကျွန်တော်က စာအုပ်ဆိုင်တစ်ဆိုင်ကိုဖွင့်ထားပါတယ်။တကယ်တော့ကျွန်တော်တို့နှစ်ယောက်က အရမ်းချစ်လို့လက်ထပ်ထားကြတဲ့သူတွေမဟုတ်ပါဘူး နှစ်ဖက်မိဘကခင်မင်ရင်းနှီးမှုနဲ့စီးပွားရေးအရလက်ထပ်ထားတာပါ။ဒါပေမဲ့လည်းမောင်က ကျွန်တော်အပေါ်ကိုသစ္စာရှိပီး ဂရုစိုက်နားလည်ပေးပါတယ်။ကျွန်တော်လည်းထပ်တူပါပဲ။ကျွန်တော်တို့ကမချစ်ပဲလက်ထပ်ထားကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့နားလည်မှုတွေအပြန်အလှန်ရှိကြပါတယ်။တကယ်တော့မောင်က ချောမောခန့်ညားပီးယောကျာ်းပီသလွန်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့သူပါ။အချက်အပြုတ်လည်းတော်ပီး စီးပွားရေးလောကမှာလည်း အလွန်တော်တဲ့ceoတစ်ယောက်ပါ။မောင်ကိုငေးနေတာဘယ်လောက်ကြာသွားလဲမသိဘူးမောင်ခေါ်မှာပဲသတိဝင်တော့တယ်။

"သည်းငယ်ဘာဖစ်လို့လဲ မနက်စာစားမကောင််းလို့လားဟင် မောင်ကိုပဲငေးနေတာ"

"မဟုတ်ပါဘူးမောင်ရဲ့ ဒီအတိုင်းမောင်ကအရမ်းခန့်ညားနေလို့"

"သည်းငယ်ကတော့လုပ်ပီ မောင်ချောတာမောင်သိပါတယ် မနက်စာပဲသေချာအောင်စားနော် ဆိုင်ရဲ့အခြေအနေကရော ပုံမှန်ပဲလား"

"ပြေပါတယ်မောင်ရဲ့ ရောင်းအားကတော့ပုံမှန်ပါပဲ မောင်လည်းအလုပ်မှာ‌အဆင်ပြေရဲ့လား အခုတလောမောင်ကြည့်ရတာပင်ပန်းနေသလိုပဲ"

"ဒီလိုပါပဲ မောင်တို့ကုမ္ပဏီမှာ အရေးကြီးတဲ့projectရှိနေလို့အခုတလောမအားပါဘူး မောင်သွားရတော့မယ် သည်းငယ် အစားလည်းသေချာစားနော် လိုအပ်တာရှိရင်မောင်ကိုဖုန်းဆက်လိုက်နော်"

"ဟုတ်ပါပီမောင်ရေ ကောင်းကောင်းသွားနော်"

ဒီနေ့လည်းအရင်နေ့တွေလိုပဲ မောင်ကကုမ္ပဏီကိုသွားတယ် ကျွန်တော်ကတော့စာအုပ်ဆိုင်ဖွင့်ဖို့အတွက်အလုပ်ကိုသွားရတယ်။ကျွန်တော်စာအုပ်ဆိုင်လေးက နာမည်အသင့်အတင့်ရတဲ့စာအုပ်ဆိုင်လေးပါ။လူငယ်တွေကြားမှာတော့နာမည်ကြီးနေတဲ့ဆိုင်လေးပေါ့။ဒီနေ့လည်းဆိုင်မှာ အသစ်ရောက်နေတဲ့စာအုပ်လေးတွေကိုလာရှာတဲ့သူတွေနဲ့ဝယ်သူတွေနဲ့ပြည့်နှက်နေပါရဲ့။

အေးချမ်းနေတဲ့ဘဝထဲကိုမုန်တိုင်းတစ်ခုရောက်လာလိမ့်မယ်ဆိုရင် သူတို့တွေအရင်ကလိုပဲပြုံးပျော်နိုင်ပါမလား?

_______________&_________________________
#Writer_by_Elna
#Fanfic

အရေးအသားတွေကတော့မြင်တဲ့အတိုင်းစုတ်ပြတ်နေပါတယ်။😅
တကယ်လို့မရှင်းရင်လည်းအားမနာဘဲElnaကိုလာမေးကြပါ။idol imageထိခိုက်စေခြင်းလုံးဝမရှိပါ။ficလို့ပဲသဘောထားပီးဖတ်ပေးကြပါ။😘

My husbands friend is my Boyfriend.  Where stories live. Discover now