Ep-3ဒီနေ့ကျမှာ မိုးကအရမ်းရွာနေသည်။ဆိုင်မှာလည်းဝယ်သူတွေပါး၍ ဂျယ်ယွန်းတစ်ယောက် vanilla latte တစ်ခွက်နဲ့အတူ ဆိုင်ရဲ့ထောင့်ကျတဲ့နေရာလေးမှာထိုင်၍ ပြတင်းဘောင်ကိုလာရောက်ထိခတ်နေသော မိုးစက်လေးတွေကိုအကြောင်းပြချက်မရှိငေးကြည့်နေသည်။vanilla latte ပူပူလေးတစ်ငုံကိုသောက်ပြီး အတွေးတွေကြားမှာပျံ့ကျဲနေလျှက်။ဒီနေ့လည်း မထင်မှတ်ဘဲ အတိတ်တွေစီကိုအတွေးတွေက ရောက်ရှိသွားလေရဲ့။အတိတ်လို့လည်းပြောလို့ရသလို ဆယ်ကျော်သက်အရွယ်ရဲ့အလှအပဆုံးအခိုက်အတန့်တစ်ခုဖြစ်တဲ့ သူဆိုတဲ့အကြောင်းကိုပေါ့။သူ ဟုတ်တယ် ဂျယ်ယွန်းဘဝရဲ့ပထမဆုံး ရင်ခုန်သံတွေစခဲ့တဲ့အချိန်ပေါ့။ဒီနေ့လိုမိုးရွာတဲ့အချိန် မိုးရေထဲမှာမထင်မှတ်ဘဲတွေ့ဆုံရာကနေ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိရောက်လာခဲ့တယ်သူ။ဆယ်ကျော်သက်အရွယ်တွေကို လူကြီးတွေကတော့ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့အရွယ်လို့ပြောကြတယ်။ဒါဆိုရင်အဲ့ဒီအရွယ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ခံစားချက်တွေကိုတော့ စိတ်ကစားတဲ့လို့ပြောကြတယ်။အမှန်တကယ်တော့ အချစ်ဦးဆိုတဲ့အရာကိုဆယ်ကျော်သက်အရွယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။အဲ့အရွယ်မှာ ဖြစ်ပေါ်ခဲ့တယ်ခံစားချက်တွေက တကယ်တမ်းအဖြူထည်သက်သက်ပါ။ကိုယ့်သဘောကျနေတဲ့လူကို ပျော်စေချင်တဲ့စိတ်တစ်ခုတည်းပဲရှိတဲ့သူတွေပါ။လွမ်းဆွတ်စရာကောင်းလှတဲ့ မိုးရေစက်တွေနဲ့အတူ အတိတ်တွေကိုတစ်ဖန်ပြန်လည်ရောက်ရှိလှ၏။
Flashback
ဒီနေ့လည်း ပုံမှန်ရက်တွေလိုလည်ပတ်နေစဲ။အထက်တန်းေနာက်ဆုံးနှစ်ဖြစ်ပီး စာကလွဲရင်ဘာမှာစိတ်မဝင်စားတဲ့ဂျယ်ယွန်းက တစ်ပတ်တစ်ခါပုံမှန်သွားနေကြ စာအုပ်ဆိုင်လေးကိုရောက်ရှိလာ၏။ကိုယ်လိုချင်တဲ့စာအုပ်လေးတွေကိုဝယ်ကာ ဆိုင်ရှင်ဦးလေးကြီးကိုနှုတ်ဆက်၍ ဆိုင်ထဲမှာထွက်လာ၏။ကံဆိုးချင်တော့ မိုးကရုတ်တရက်ပြင်းထန်စွာရွာသွန်းလာ၏။ဂျယ်ယွန်းလည်းလွယ်အိတ်ထဲက ခေါက်ထီးလေးဖွင့်၍အိမ်ပြန်လာခဲ့၏။ဒီနေ့မှာထီးယူလာတာတော်ပါသေးရဲ့။အိမ်က ဦးလေးကြီးကိုတော့လာမကြိုခိုင်းတော့ဟင်။မိုးရွာမှာကြိုသိ၍ အိမ်သို့လမ်းလျှောက်ပီးပြန်မယ့်ဟုစိတ်ကူးထား၏။မိုးရေထဲမှာ ထီးဆောင်းပြီးလမ်းလျှောက်ရတာကို ဂျယ်ယွန်းသဘောကျ၏။စာအုပ်လေးကိုပိုက်ကာ ထီးကိုကွယ်နေ၍ တစ်ဖက်လမ်းကြားကလာနေတဲ့ လူကိုမမြင်ဘဲမတော်တဆဝင်တိုက်မိ၏။ဂျယ်ယွန်းလည်း အောက်ကိုကျနေတဲ့စာအုပ်တွေကိုကောက်နေရာက တစ်ဖက်လူကိုတောင်းပန်စကားပြောမလို့ မော့ကြည့်ရာ အချိန်စက်ဝန်းတစ်ခုရပ်တန့်သွားသလိုပဲ။မိုးသံတွေနဲ့လမ်းသွားလမ်းလာအသံတွေကိုလည်းကြားတစ်ချက်မကြားတစ်ချက် ထိုသူရဲ့မျက်ဝန်းတွေဟာ ညှိ့အားပြင်းလွန်း၏။ဝဲဘက်ရင်အုပ်က အမည်မသိခုန်လာသည်။
YOU ARE READING
My husbands friend is my Boyfriend.
Fanfictionပထမဦးဆုံးရေးတဲ့ ficလေးဖစ်လို့လိုအပ်ချက်တွေရှိနိုင်ပါတယ်။အရေးအသားအဆင်မပြေတာဖစ်ရင်လည်း ပြောခဲ့ပါနော်။ idol imageကိုထိခိုက်စေခြင်းလုံးဝမရှိပါ။ တကယ်လို့Elnaရေးတဲ့ထဲမှာ အမှားတွေပါရင်ချက်ချင်းလာပြောကြပါ ဘာမှာအားမနာကြပါနဲ့။ ficကိုficလို့ပဲဖတ်ကြပါ။🙆♥️ အရေး...