(Unicode)
Harry တစ်ကိုယ်လုံးပေါ့ပါးနေကာ တိမ်တွေပေါ် လွင့်မြောနေသလို ခံစားနေရသည်။ လေးဖက်လေးလံမှာလည်း မျက်စိတစ်ဆုံး ဖြူလွှလွှ လွင်ပြင်ကသာ ကာဆီးထားလျက်...။ သူ ဘယ်ကိုရောက်နေတာပါလိမ့်?
ဦးတည်ချက်မရှိ အဆုံးအစမဲ့ အဖြူရောင်လွင်ပြင်ထဲ လျှောက်သွားကြည့်မိတော့ ရှာတွေ့ခဲ့သည်မှာ တံခါးလေးတစ်ခု...။
ဤတံခါးကရော သူ့ကို ဘယ်ဆီခေါ်ဆောင်သွားလိမ့်မလဲ? သိချင်စိတ်နှင့်အတူ Harry ဖွင့်ကြည့်မိလိုက်တော့ အခန်းတစ်ခုအတွင်း ရောက်ရှိသွား၏။ ထိုအခန်းအတွင်း၌ သူမမျှော်လင့်ထားသော တစ်စုံတစ်ယောက်ကိုလည်း တွေ့လိုက်ရလေသည်။
"Draco?"
Draco သည် Harry အား စောင့်နေသည့်သဖွယ် အနီးသို့ အလျင်အမြန်တိုးကပ်လာ၏။ သူ့ပုံစံမှာအချိန်မရွေး မူးမေ့လဲသွားတော့မည့်ဟန် အလွန်ဖြူဖျော့နေလျက် နောက်ဆုံးတွေ့ချိန်ကထက်ပင် ပို၍ အားနည်းနေသကဲ့သို့ဖြစ်နေလေသည်။ Draco သည် စကားမဆိုဘဲ ရုတ်တရက် မမျှော်လင့်စွာ Harry ရင်ခွင်ထဲတိုး၀င်လာခဲ့သဖြင့် အလျင်အမြန် ပြန်ထိန်းကာ ဖက်ထားပေးလိုက်ရသည်။
"မင်းဘာဖြစ်နေတာလဲ? နေမကောင်းဘူးလား?"
"မေးခွန်းတွေ မမေးပါနဲ့။ အခုချိန်မှာ ကိုယ် မင်းကိုလိုအပ်နေလို့.."
ထို့နောက် Harry ပို၍ မထင်ထားသောအပြုအမူကိုပင် ပြုလုပ်လာခဲ့လေ၏။ Draco သည် Harry အား ဖက်ထားရင်းကပင် လက်တစ်ဖက်ဖြင့် မေးစေ့ကိုမော့စေကာ စတင်နမ်းရှိုက်လာတော့သည်။ ပြင်းရှစွာ..အလောတကြီးဆန်စွာဖြင့်...။
"Dra-Draco...ခ-ခဏ..အွန်းး"
သို့သော် Draco က သူ့အား စကားပြောခွင့်မပေးပါချေ။ Harry နှုတ်ခမ်းများကို အလွတ်မပေးဘဲ မွတ်သိပ်စွာ အလျင်တဆောနိုင်စွာဖြင့် အနမ်းများရယူနေခဲ့သည်မှာ မသိပါလျှင် သူ့အသက်က ဤအနမ်းအပေါ်တွင် မူတည်နေခဲ့သလိုမျိုး..။ ကြာတော့ Harry အသက်ရှူကြပ်လာရတော့သည်အထိ...။
"ဟင့်အင်း!"
မြစိမ်းရောင်မျက်၀န်းများမှာ အထိတ်တလန့် ဖွင့်ဟလာခဲ့တော့သည်။ အသိစိတ်ကောင်းစွာ မကပ်သေးသည့်အချိန်တွင် ၀ိုးတ၀ါးဖြင့် မိမိနှုတ်ခမ်းထက်သို့ လက်ဖြင့် အသာအယာစမ်းမိလိုက်သည်။ ရင်ခုန်နှုန်းများကလည်း စည်းချက်မကျ ထိန်းမရအောင် မြန်ဆန်နေဆဲရှိလေသည်...။
YOU ARE READING
Unexpected Miracle
Fanfiction(Unicode) Harry သည် မှော်၀န်ကြီးဌာနမှ စေလွှတ်သော စုံစမ်းရေးတစ်ခု သွားရန်ရှိနေခဲ့၏။ အမြဲတစေလုပ်နေကျ တာ၀န်တစ်ခုဖြစ်သည်မို့ အထူးအဆန်းမဟုတ်သော်လည်း နှစ်ပေါင်းများစွာ သတင်းအစအနမရှိဘဲ ပျောက်ဆုံးနေခဲ့သည့် Draco Malfoy နှင့်ပါ ပြန်တွေ့ရသည့်အခါ ကိစ္စများမှာ...