Zawgyi"နောင်ရေ ဒီနိုရောက်ပြီ"
တီမြတ်အော်သံကြောင့်စာအုပ်အနည်းငယ်သာပါသောလွယ်အိတ်ကိုကောက်ဆွဲလို့ အခန်းထဲကထွက်လိုက်သည် ။လှေကားပေါ်ကဆင်းဆင်းချင်းမြင်တွေ့ရသည်ကအနောက်တိုင်းဝတ်စုံကို ခန့်ညားစွာဝတ်ဆင်ထားပြီးကော်ဖီခွက်ကို ခြေထောက်ချိတ်သောက်နေသူတစ်ယောက် ။ အသက်အားဖြင့်ဆယ်နှစ်ကြီးသူကသူ့မေမေလေးရဲ့မိတ်ဆွေ ဘီလီယံနာသူဋ္ဌေးကြီး
ဦးဒီနိုရှေး ။မဲနက်နေသောမျက်ခုံးတို့ကအနက်ရောင်မျက်ဆံအတွက်ပါရမီဖြည့်ပေးနေသလို စင်းနေတဲ့နှာတံနှင့်ဗီပုံစံမေးရိုးက တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံနှင့်လိုက်ဖက်စွာတည်ရှိနေသည် ။ ကော်ဖီခွက်ကိုချပြီးလက်ကကျောက်စီနာရီကို တစ်ချက်ကြည့်လို့သူရပ်နေတဲ့လှေကားဘက်အကြည့်ရောက်လာသူက ခုနကတင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေအစား နူးညံ့သောအပြုံးတွေကိုပြောင်းလဲပစ်လိုက်သည် ။
"ရောက်တာကြာပြီလားယံယံ"
ကိုယ်မေးရမည့်စကားကို အရင်မေးသွားသူကြောင့်
နောင်တေးခြွေယံတစ်ယောက် ကြောင်အအပင်ဖြစ်သွားသည် ။"မကြာ..မကြာသေးဘူး သွားမယ်လေ"
ပထမဆုံးတွေ့ဆုံခြင်းမှာပင်ဦးနိုဆီက လွှမ်းမိုးမှုကိုသူလွန်ဆန်နိုင်ခြင်းမရှိခဲ့ပါ ။မွေးဖွားပြီးချင်းဆုံးသွားတဲ့မိခင်အစားမေမေလေးကသာ နေရာယူစောင့်ရှောက်ပေးခဲ့သည် ။အခြားသောမိထွေးများနှင့်မတူစွာ ကိုယ့်အပေါ်ကောင်းသူကကိုယ်နှင့်ဆယ်နှစ်သာကွာသည့်
မိန်းမလှလေးတစ်ဦးဖြစ်နေပြန်သည် ။ဒယ်ဒီကငါးဆယ်နားကပ်နေပြီဆိုလျှင် မေမေလေးကသုံးဆယ်ပြည့်ခါစပင်ရှိဦးမည် ။ မေမေလေးရဲ့သုံးဆယ်ပြည့်မွေးနေ့
တွင်စတင်တွေ့ဆုံခဲ့သူ ဒီနိုရှေးဆိုသည့်လူသည် ကိုယ့်လိုဆယ့်ရှစ်နှစ်မပြည့်သေးသည့် ကလေးကိုကြိုက်သည်ဆိုတာအနည်းငယ်တော့ရယ်စရာဖြစ်သည်။ပြိုင်ကားတွေသာကြိုက်သည်ဆိုသောသူ့စကားကိုသေချာမှတ်ထားပုံရသည့် ဦးနိုကသူ့ကိုလာကြိုတိုင်းပြိုင်ကားတစ်စီးမဟုတ်တစ်စီးကို စီးလာတတ်သည်။ ကားတံခါးဖွင့်လို့ခေါင်းကိုလက်ကာပြီး ကားပေါ်ရောက်သည်နှင့်ထိုင်ခုံခါးပတ်ပတ်ပေးသူကြောင့် သူဟာလည်းဦးနိုအပေါ်ကလေးဆိုးတစ်ယောက်လို ဂျစ်ကန်ကန်ဆိုးမိသည် ။ သူ့ဆယ့်ငါးနှစ်ပြည့်မွေးနေ့မှာချစ်ရေးဆိုသူကဆယ့်ခြောက်နှစ်ပြည့်မွေးနေ့တွင် စေ့စပ်ခွင့်တောင်းသည် ။
YOU ARE READING
U No
Romanceယံစိတ်ပူစရာမလိုပါဘူး ဦးနိုဘာသာကြည့်ကျပ်ချစ်မယ် ။ ယံစိတ္ပူစရာမလိုပါဘူး ဦးနိုဘာသာကြည့်ကျပ်ချစ်မယ် ။ Start-5/3/2022