Ep4

227 16 1
                                    

Zawgyi

ဘာလိုလိုနှင့်ကျောင်းတတ်လို့နှစ်လည်ကိုရောက်ရှိလာပြီဖြစ်သည် ။ ဦးနိုကလည်းသူ့အပေါ်တစ်ခုမှလိုလေစိတ်မရှိအောင်စောင့်ရှောက်ဆဲ ၊တီမြတ်ကလည်းသူလုပ်သမျှဦးနိုဆီ တစ်လုံးမကျန်ပြန်ပြောနေဆဲဖြစ်သည် ။ လွမ်းရှေးတစ်ယောက်ကတော့ကျောင်းမတတ်ရတော့တာမို့ ဦးအာဏာလျှမ်းခကုမ္ပဏီတွင်သာတစ်ချိန်လုံးနေတတ်သည် ။သူ့ရဲ့ဂိုက်ဆရာတွေအကုန်လုံးကိုလည်း ကုမ္ပဏီသာလာစေသည်အထိ ရူးနေတာဖြစ်သည်။

လင်းလက်တစ်ယောက်ကတော့socialနှင့်ပင်ကင်းဝင်းနေပြီဖြစ်ရာ တစ်ခါတစ်လေမှဖုန်းဆက်ပြီးအပြင်မှာတွေ့ဖြစ်ကြတော့သည် ။လင်းလက်မိဘတွေကသူ့ကိုဆေးမှတ်အထိမျှော်လင့်ထားကြတာဖြစ်သည်။နောင်ကတော့သတ်မှတ်ချက်ကြီးကြီးမားမားရှိမနေပါ၊အကောင်းဆုံးဖြေပြီးရတဲ့အမှတ်နှင့် အဆင်ပြေသည့်အလုပ်ကိုကြိုးစားလုပ်မည် ။ဒါကလည်းသူ့ရဲ့စေ့စပ်ထားသူကြီးအားကိုးကြောင့်ဆိုလည်း မမှားပေ။ ကိုယ်ကဘာမှမလုပ်ရင်တောင် သူရှာကျွေးတာနှင့်အေးဆေးထိုင်စားလို့ရနေပြီ ။

နောက်ဆုံးတော့သူရှာနေတဲ့Tharntype 7 years of loveကိုရှာတွေ့ခဲ့ပြီဖြစ်သည် ။ဟုတ်သည် ၊နောင်တစ်ယောက်အဂါင်္နေ့ကြီးကွန်ပျူ တာနှင့်ရုပ်ရှင်ထိုင်ကြည့်နေခြင်းဖြစ်သည် ။ဘေးနားတွင်လည်းအာလူးကြော် ၊ပေါက်ပေါက် ၊အချိုရည်နှင့်လိုအပ်တာအကုန်ယူထားပြီးဖြစ်သလို တံခါးကိုလည်းသေချာlockချပြီးပြီဖြစ်သည် ။ထို့​နောက်တွင်တော့နားကြပ်တပ်ပြီး အာလူးကြော်ကိုဖောက်ကာသူ့အာရုံအစုံကိုရုပ်ရှင်ထဲ စီးမျှောလိုက်တော့သည်။

အာလူးကြော်တစ်ဝက်ကုန်ချိန်တွင်တော့ ရုပ်ရှင်တစ်ဝက်ကျိုးသွားပြီဖြစ်သည် ။နားကြပ်ကိုဖြုတ် အပြင်းကြောဆန့်ပြီးမတ်တပ်အရပ် သူ့ဘေးမှာတောင့်တောင့်ကြီးမတ်တပ်ရပ်လက်ပိုက်နေသူကြောင့် ခုံပေါ်ကိုပြန်ထိုင်ကျသွားမိသည် ။ နာရီကိုကြည့်တော့
သုံးနာရီမထိုးသေး ၊ညနေဂိုက်က,လေးနာရီမမို့သူအေးဆေးအချိန်ဖြုန်းနေတာဖြစ်သည် ။ သဘတ်ခါစာမေးပွဲကသူ့အတွက်တော့ အေးဆေးလိုပင်။

"စာတွေသိပ်ရနေပြီလား ဘေဘီယံ"

ယံယံဆိုသောအခေါ်အဝေါ်မှ ဘေဘီယံသို့ပြောင်းလဲသွားရခြင်းမှာ ရှေ့တစ်ပတ်ဦးနိုနှင့်အတူအပြင်သွားရင်းမုန့်ဆိုင်မှာတွေ့ခဲ့သည့်ကလေးက သူ့ကိုယ်သူဘေဘီဟုသုံးနှုန်းတာကို သဘောကျမိပြီးဦးနိုကို
'ဘေဘီယံကလေ..'ဟုစခဲ့ရာမှ အတည်အခေါ်အဝေါ်တစ်ခုဖြစ်ခဲ့တော့သည် ။ ကိုယ်တိုင်လည်းထိုအခေါ်အဝေါ်ကိုသဘောကျသည်မို့ ငြိမ်ခံပြီးကျိတ်
ကျေနပ်နေတာဖြစ်သည် ။

You've reached the end of published parts.

⏰ Last updated: Jan 14 ⏰

Add this story to your Library to get notified about new parts!

U NoWhere stories live. Discover now