Zawgyi"အရမ်းလန့်သွားလား ယံယံ"
ခရမ်းရင့်ရောင်suitနှင့်မြင့်မားတဲ့အရပ်တို့ကြောင့်
ကြည့်ကောင်းနေသူကြီးကို သူမော့ကြည့်နေရသည်။
စိတ်ထဲမှာဒီနေရာကထွက်ပြေးချင်ပေမယ့် လက်တွေ့မှာလှုပ်လို့တောင်မရတော့ချေ ။ ခြင်းကိုကောက်ပြီးပြုတ်ကျသွားတဲ့ပစ္စည်းတွေကို ကောက်ထည့်နေသူကပဲခူးကိုအလုပ်ကိစ္စခရီးသွားပါတယ်ဆိုသည့် ဦးနိုပင်။ ခြင်းကိုတစ်ဖက်ကကိုင်ပြီးတစ်ဖက်က သူ့ပုခုံးကိုဆွဲဖက်ကာငွေရှင်းကောင်တာဆီ လျှောက်သွားသူရဲ့
စိတ်အခြေအနေကိုသူမခန့်မှန်းတတ်ပါ။ကျသင့်ငွေရှင်းပြီးပစ္စည်းထုတ်ကို အနက်ရောင်suit
နှင့်လူဆီကမ်းပေးလိုက်သူက ဖက်ထားတဲ့သူ့ကိုတော့မလွှတ်သေးချေ ။ အချို့လူတွေမှာသူတို့ကိုကြည့်
နေကြသည် ။စင်တာထဲရှိလေအေးပေးစက်ရဲ့အအေးဓာတ်ကြောင့် သူနားရွက်တွေနီလာပြီဟုပင်ခံစားရသည် ။"ခ..ခဏလေး ဦးနို"
"တတ်မယ် ယံယံ"
တစ်လမ်းလုံးစကားမပြောသည့်အခြေအနေအရဦးနို
ဒေါသထွက်နေပြီဆိုတာသူခန့်မှန်းမိသည် ။ ကားတံခါးဖွင့်ပြီးလက်ကာပေးထားသူက သူကားပေါ်ရောက်သွားသည်နှင့်ခါးပတ်ပတ်ပေးပြီး ကားကိုမောင်းတော့သည်။ လူနှစ်ယောက်ရှိသည့်ကားလေးကအရင်လိုသီချင်းသံတွေမကြားရသလို စကားပြောသံတွေလည်းမကြားရပါ ။သူ့ကိုစိတ်ဆိုးနေပါသည်ဆိုတဲ့ဦးနိုကို
သူကြိုက်တဲ့ပဲခူးမနီဝယ်ခဲ့သေးသလားလို့တော့ မေးချင်ပါသည် ။လက်တွေ့မှာတော့လိမ်ထားသည့်အမှုကြောင့်ဘာမှကိုမမေးနိုင်ချေ။"~Pretty Girl You Likes Peaches~"
အိတ်ထဲမှမြည်လာတဲ့ဖုန်းသံကြောင့် ကားမောင်းနေသူမျက်နှာကိုတစ်ချက်ကြည့်ပြီး ဖုန်းကိုင်လိုက်သည်။
ဆက်လာသူမှာလင်းလက်ဖြစ်တာကြောင့် သူပြန်သွားပြီဖြစ်တဲ့အကြောင်းပြောပြီးသာ ဖုန်းချလိုက်တော့သည်။ လွမ်းရှေးရှိတာကိုတော့မပြောတော့ပါ၊ဦးနိုကသူမိန်းကလေးသူငယ်ချင်းထားတာကိုမကြိုက်ပေ။"ဘာလို့ဦးနိုကိုလိမ်သလဲ ယံယံ"
မီးပွိုင့်ရပ်သွားသည်နှင့်သူ့ဘက်လှည့်ကြည့်ပြီးမေး
လာတဲ့မေးခွန်းက ဒေါသသံတို့အစားကလေးတစ်ယောက်ကိုချော့မေးသည့်အသံနှင့်သာ ဖြစ်သည်။
YOU ARE READING
U No
Romanceယံစိတ်ပူစရာမလိုပါဘူး ဦးနိုဘာသာကြည့်ကျပ်ချစ်မယ် ။ ယံစိတ္ပူစရာမလိုပါဘူး ဦးနိုဘာသာကြည့်ကျပ်ချစ်မယ် ။ Start-5/3/2022