Episode 2

3.9K 317 6
                                    

Bar ကို သွား​ပေမယ့်​ Kai သိပ်​မ​သောက်​ဖြစ်​ခဲ့ပါဘူး... တစ်​ယာက်​ထဲ ​ဒေါသတကြီးကားကို ​မောင်းထွက်​သွားတဲ့ Soo ကို စိတ်​ပူ​နေရတာနဲ့ပဲ အိမ်​ကို ​စော​စောပြန်​ခဲ့လိုက်​တယ်​.....

Kai အိမ်​ပြန်​​ရောက်​​တဲ့အချိန်​ထိ  Soo ပြန်​မလာ​သေး..... သူစိတ်​​တွေပူသွားပြီး ဖုန်းဆက်​​တော့လည်း စက်​ပိတ်​ထားပါသည်​တဲ့...... ဒီလိုအ​ခြေအ​နေမျိုးဆိုတာ သူတို့အိမ်​​ထောင်​သက်​တမ်းတ​လျောက်​လုံး ဖြစ်​​နေကြပဲ​လေ.... သက်​ပြင်းချရုံကလွဲရင် Kai ဘာတတ်​နိုင်​ဦးမှာလဲ.....

Soo ရဲ့ တစ်​ဖက်​သတ်​အ​စွဲ​တွေ အစွန်း​ရောက်​အ​တွေး​တွေကို Kai အချစ်​​တွေက မ​ပြောင်းလဲနိုင်​ခဲ့ဘူး .... သူက အချစ်​​တွေကို မ​ဖော်​ပြတတ်​တာလား? Soo က မမြင်​တတ်​ခဲ့တာလား Kaiကိုယ်​တိုင်​မသိ​တော့ .... ​သေချာတာက သူတို့နှစ်​​ယောက်​သိပ်​ချစ်​ခဲ့ကြပါတယ်​....အတိအကျ​ပြောရရင်​ လက်​မထပ်​ခင်​အထိ​ သိပ်​ချစ်​ခဲ့ကြတာ​ပေါ့....

တကယ်​​တော့ Kai နဲ့ Soo ကို မိဘချင်းသ​ဘောတူပြီး လက်​ထပ်​​ပေးဖို့ရည်​ရွယ်​ထားတာပါ.... အဲဒီအ​ကြောင်းအရာကပဲ Soo ရဲ့ တစ်​ဖက်​သတ်​အ​တွေး​တွေကို အစွန်း​ရောက်​​စေခဲ့တာပါပဲ....

ဘယ်​သူမှားခဲ့တာလဲတဲ့.... ကိုယ့်​ကိုယ်​ကိုပဲ Kai အပြစ်​တင်​မိတယ်​.... ချစ်​ရတဲ့မိန်းက​လေးကို ​ဘေးဖယ်​ပြီး မိသားစုကို ​ရှေ့တန်းတင်​ခဲ့မိတဲ့ သူ့အပြစ်​​တွေပါပဲ​လေ... အခု​တော့ Sooအနားမှာ ​နေခွင့်​ရ​ပေမယ့်​ Sooရဲ့ ​အေးတိ​အေးစက်​နဲ့ အရင်​လို မ​နွေး​ထွေး​တော့တဲ့ အပြုံး​တွေကြားမှာ ..... နှလုံးသားက နာကျင်​​နေ​ပေမယ့်​လည်း သူSooကို မလွှတ်​​ပေးချင်​ဘူး.....

*Soo ကသာ ချစ်​ရတာ Kai က Soo ကို တကယ်​မချစ်​ခဲ့ဘူး တကယ်​မချစ်​ပါဘူး* တဲ့..... မင်္ဂလာဦးညမှာ Soo ​ပြောခဲ့တာ.... အဲဒီစကားကို​ပြော​နေတဲ့အချိ​န်​မှာ ​အေးစက်​ပြီး ခံစားချက်​မဲ့​နေတဲ့ Sooရဲ့ မျက်​ဝန်း​တွေကို အခုထိ Kai မှတ်​မိ​နေတုန်းပဲ.....

#ကိုယ်​မှားခဲ့တာပါSooရယ်​ :(

တိုက်​ခန်းတံခါးပွင့်​သံနဲ့အတူ အိမ်​ထဲကို ဒယိမ်းဒယိုင်​နဲ့ ဝင်​လာတဲ့ Soo ​ကြောင့်​ အ​တွေးထဲမှာ ​​မြော​နေမိတဲ့ Kaiတစ်​​ယောက်​ ပြာယာခတ်​သွားတယ်​.... Soo အရက်​​တွေ​သောက်​လာတာပဲ.... စီးထားတဲ့ ၄လက်​မ ​ဒေါက်ဖိနပ်​နဲ့ ​ခြေလှမ်း​တောင်​မမှန်​​တော့တဲ့ Soo ကို အခန်းထဲတွဲပို့ဖို့ ပုခုံး​လေးကို ကိုင်​လိုက်​တာနဲ့ Soo က သူ့လက်​​တွေကို တွန်းဖယ်​လိုက်​ကာ...

You are my Piece of ParadiseWhere stories live. Discover now