Episode 4

2.9K 291 9
                                    

Kai နဲ့လမ်းခွဲပြီးတဲ့​နောက်​ပိုင်း Soo ​ကျောင်းကိုလုံးဝ မသွား​တော့ပါ... အပြင်​လည်းမထွက်​ဘဲ တစ်​​နေကုန်​အခန်း​အောင်း​နေတယ်​.... ဒီလို​နေ​တော့​ရော ရင်​ထဲကဒဏ်​ရာ​တွေ သက်​သာသွားမှာမို့လား? Kaiရယ်​ ရက်​စက်​လိုက်​တာ....

တကယ်​​တော့ လမ်းခွဲကြဖို့ Kai မ​ပြောခင်​ကတည်းက Soo မိဘ​တွေက Soo နဲ့သ​ဘောတူထားတဲ့သူကို သွား​တွေ့ဖို့​ပြော​နေခဲ့တာပါ.... Kai ရှိ​နေလို့.... Kai ကလွဲရင်​ တခြားတစ်​​ယောက်​ကို အစားမထိုးနိုင်​လို့ Soo ငြင်းခဲ့တာ..... သူက​တော့ Soo မဟုတ်​တဲ့တစ်​​ယောက်​ကို ​ရွေးချယ်​သွားတယ်​.... အင်း​လေ သူ​တောင်​​​နေနိုင်​​သေးတာပဲ Soo ကဘာလို့မ​နေနိုင်​ရမှာလဲ... Soo မျက်​ဝန်းတစ်​ဝိုက်​မှာ ဝဲတက်​လာတဲ့ မျက်​ရည်​စ​တွေကို ခပ်​ကြမ်းကြမ်းသုတ်​ပစ်​လိုက်​ပြီး နှုတ်​ခမ်းကိုဖိကိုက်​ထားမိတယ်​.....

#Kim Kai ရှင့်​အတွက်​ Sooရဲ့ မျက်​ရည်​ဆိုတာ ​နောက်​ထပ်​ရှိမလာ​စေရဘူး

ငိုစရာမလိုပါဘူး Soo ကပဲသူ့ထက်​ စိတ်​ချမ်းသာ​အောင်​ ​ပျော်​​အောင်​​နေပြမယ်​လို့ ​ကြွေး​ကြော်​ခဲ့တာမဟုတ်​လား... Kai မဟုတ်​တဲ့ တစ်​​ယောက်​နဲ့လည်း Soo ​ပျော်​နိုင်​တယ်​ဆိုတာ Kai သိလာ​စေရမယ်​....

မိဘ​တွေ စီစဉ်​တဲ့ လက်​ထပ်​ပွဲကို Soo လက်​ခံလိုက်​ပါတယ်​.... Soo နဲ့သ​ဘောတူထားတာက KT group ရဲ့ အကြီးဆုံးသားတဲ့​... KT group ဆိုတာ korea ရဲ့ထိပ်​တန်းစီးပွား​ရေးလုပ်​ငန်းစုပဲ Soo သိတာ​ပေါ့... KT group ရဲ့ chair man Kris ဆိုတာ စီးပွား​ရေးနဲပတ်​သတ်​ရင်​ အမြင်​စူးရှပြီး အရမ်း​တော်​တယ်​လို့ appa ​ပြောပြဖူးတယ်​... ဒါ​တွေက အ​ရေးမကြီးပါဘူး... Appa ရဲ့ လုပ်​​ဖော်​​ကိုင်​ဖက်​ မိတ်​​ဆွေမို့ မိသားစုနှစ်​ခု စီးပွား​ရေး​ပေါင်းစည်းတဲ့ မင်္ဂလာပွဲဆိုတာ Sooသိပြီးသား .... ဒါကလည်း မထူးဆန်းပါဘူး...

တကယ်​ တိုက်​ဆိုင်​​နေတာက KT group ရဲ့ သားကြီးက Kai တဲ့​​လေ....  Kai က သူနဲ့​သ​ဘောတူထားတာ ဘယ်​သူမှန်း​တောင်​ မသိဘူး​ပေါ့..... Soo မဟုတ်​တဲ့​တခြားတစ်​​ယောက်​ထင်​ပြီး လမ်းခွဲကြဖို့ ​ပြောခဲ့တာ..... Soo ဝမ်းသာရမှာလား??? သူ​ရွေးချယ်​ခဲ့တာ Soo မှ မဟုတ်​တာ... ဒီလက်​ထပ်​ပွဲကိုလည်း Soo ကိုချစ်​လို့ လက်​ခံခဲ့တာမှ မဟုတ်​ဘဲ....

You are my Piece of ParadiseWhere stories live. Discover now