Zawgyi

321 7 0
                                    

2004, December 25th.

မြို့ရဲ့လမ်းတစ်လျှောက်နဲ့ အပင်​တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ နှင်းစက်ဖြူတွေဖြင့် ဖုံးအုပ်လျက်ရှိသည်။ လမ်းမီးတိုင်တို့တွင် နီစိမ်းဝါ မီးကြိုးကလေးများကိုလည်း သွယ်တန်းထားပါ၏။ Mistletoe ပင်လေးများကိုလည်း တွေ့ရသလို santa claus အသွင် ဝတ်ဆင်ထားတဲ့ လူကြီးကိုလည်း မုန့်ဆိုင်ရှေ့ တွေ့ရသည်။

ကလေးများ လမ်းတစ်လျှောက် ပြေးလွှားရင်း ​ဆော့ကစားနေကြသည်။ မိသားစုတွေ ပျော်ရွှင်နေကြသည်။ မိဘအချို့ကလည်း carol ရဲ့ အကြောင်းကို ကလေးအား ပြန်ပြောပြနေကြသည်။

Carol..ပါးစပ်ပြော ရာဇဝင်လေးတစ်ခုပါပဲ။

ခရစ္စမတ်ကို သိပ်မုန်းကြောင်း ၊ carol သီချင်းသံတွေကို သဘောမကျကြောင်း နှင်းတွေကို ကြိမ်းဝါးမိလို့ ခရစ္စမတ်ရဲ့ညနက်တွေကြား ပိတ်လှောင်အကျဉ်းချတာ ခံလိုက်ရတဲ့ ကောင်လေးတစ်ယောက်။ အခုတော့ နတ်ဆိုးပေါ့။ လူအများက သူ့ကို carol လို့ ခေါ်ကြတယ်။

အဲ့ဒီကောင်လေးဟာ ခရစ္စမတ်မတိုင်မီနေ့မှာ ပေါ်လာပြီး ဒီဇင်ဘာနောက်ဆုံးညမှာ ပြန်ပျောက်ကွယ်သွားတတ်တယ်။

Carol ဟာ လေချွန်သံလေးနဲ့အတူ ပေါ်လာတတ်သလို ဆောင်းလေအေးတစ်ချက် ခပ်စိမ့်စိမ့်ဖြတ်တိုက်သွားရင်လည်း carol အနားမှာ ရောက်နေတာမျိုး ဖြစ်နိုင်ပါသတဲ့။

လက်ဆောင်ပစ္စည်းတွေကို ခိုးယူတတ်ပြီး ကလေးငယ်တွေကို ခြောက်လှန့်တတ်တဲ့ ကျီစားသန်တဲ့ ကောင်လေးအဖြစ်လည်း အချို့က သမုတ်ကြပြန်ရဲ့။

ဒါပေမဲ့ carol ရဲ့ ကျီစယ်ခြင်းတွေကလွဲရင် carol ကို ဘယ်သူမှ မမြင်ဖူးသေးပေ။ ဒါကြောင့်လည်း ယုံသူတစ်ဝက် မယုံသူတစ်ဝက်နဲ့ carol က ဒဏ္ဍာရီတွေထဲက ကောင်လေးတစ်ယောက်သာသာ ဖြစ်နေရတာပင်။

"မေမေ့အတွက်တော့ Carol က သိပ်သနားစရာ ကောင်းတယ်။ အသက်ကြီးသွားတာမျိုး ၊ သေဆုံးသွားတာမျိုး မရှိဘဲ တစ်နှစ်မှာ တစ်ပတ်တာလောက်ပဲ ရုပ်လုံးပြခွင့်ရတဲ့ အထီးကျန်ကောင်လေးပေါ့။"

အသက်လတ်ပိုင်း အမျိုးသမီးက သူ့ရဲ့ ​လေးနှစ်အရွယ် သားလေးကို carol အကြောင်း ပြောပြရင်း သူမရဲ့ carol အပေါ် အမြင်ကို ရှင်းပြသည်။

Carol • 황승Where stories live. Discover now