အပိုင်း - ၄ (ဇာတ်သိမ်း)

372 61 25
                                    

{Unicode}

အပိုင်း - ၄ (ဇာတ်သိမ်းပိုင်း)

စစ်​ကြေငြာပြီး တစ်ပတ်ခန့်အကြာတွင် ကာဗီလီယာတိုင်းပြည်နဲ့ ဆာရီယန်းတိုင်းပြည်တို့ စစ်ဖြစ်ခဲ့ကြသည်။ ဘယ်အချိန်တည်းက စစ်ဖြစ်ဖို့​စောင့်​နေလဲမသိ​သော ဆာရီယန်းက စာချွန်ရသည်နှင့်တစ်ပြိုက်နက် တပ်ဖွဲ့​တွေ စေလွှတ်လိုက်သည့်အတိုင်းပင်။ မင်းသား​လေးနီခီ ဦး​ဆောင်တဲ့ ကာဗီလီယာစစ်တပ်က​ စစ်သည်အင်အားသာသည်ဟုတော့ ပြန်ကြားရ၏။

ဒေစီယာသည် မင်းသား​လေးအတွက် တွေးပူရသည်။ နေ့စဥ်ရက်ဆက် မအိပ်နိုင်သည်အထိ စစ်ပွဲသတင်း​တွေကိုသာ နားစွင့်​နေမိ၏။ မင်းကြီးရဲ့ပ​ယောဂနဲ့ စိတ်သ​ဘောမပါဘဲ လက်ဆက်ခဲ့ရတဲ့ ခင်ပွန်းသည်သိမှာစိုးလို့ ဖုံးဖိကာလည်း နေရ​သေးသည်။ အဟင်း... သည်အတိုင်းအသက်ရှင်ရမယ့်အစား သေလိုက်တာကမှ ကောင်းဦးမည်သာ။

ပြည်​ထောင်နှစ်ခု စစ်ဖြစ်​နေစဥ် တစ်ပတ်ခွဲခန့်အကြာတွင် မင်းသား​လေးလက်​မောင်းကို ဓါးချက်ထိသည်ဆိုသော သတင်း​ကြောင့် ဒေစီယာ ပူ​လောင်ရပြန်သည်။ သူ အဆင်မှ​ပြေ​နေပါ့မလားမသိ။ ဖြစ်နိုင်ရင် ချက်ချင်း​တောင် ပြေးလိုက်သွားချင်မိပါရဲ့။

ဘာမှလုပ်မရတဲ့အဆုံး တစ်ခုတည်း​သောစဥ်းစားမိသည့် နည်းလမ်းက​ မင်းသား​လေးဆီ ဘယ်သူမှမသိ​အောင် စာပို့ဖို့သာဖြစ်​သည်။ မင်းသား​​လေးလက်ထဲ​ရောက်ဖို့ မ​သေချာ​ပေမယ့် စွန့်စားပစ်လိုက်ချင်သည်။ တောင်းလည်း​တောင်းပန်ချင်တာမို့။

ထို​နေ့ညကလည်း ဒေစီယာ အိပ်မ​ပျော်ခဲ့ပြန်​ပေ။ တိတ်တဆိတ် ကြိတ်ငိုရလွန်းလို့ မျက်ရည်​တွေလည်း ကုန်လုပြီထင်ပါရဲ့။ မင်းသား​လေးအတွက် စာ​ရေး​ပေးပြီးသည်နှင့် လူကြုံထည့်​ပေးလိုက်ရန်အတွက် မနက်မိုး​သောက်ဖို့ကိုသာ မျှော်လင့်ကြီးစွာ စောင့်စားခဲ့မိသည်။

နေ​ရောင်နည်းနည်း​လေးစထွက်တာနဲ့ ဒေစီယာရဲ့ အပျို​တော်​လေးတစ်​ယောက်ကို စာ​ပေးပြီးအကူစေလွှတ်မယ့် တပ်​​တွေနဲ့ ထည့်​ပေးလိုက်ဖို့ တိုးလျှိုစွာ အကူအညီ​တောင်းရ၏။ အပျို​တော်​လေး ထွက်သွားတာကို​တောင် လှေခါးနားထိ လိုက်သွားမိ​သေးသည်။ အင်း.. ရင်ပူရင်းနဲ့ စိတ်နဲ့ကိုယ်ပါ မကပ်​​တော့ဘူးပဲ။

Blooming Daisy in your HeartWhere stories live. Discover now