🐺Episode 3🐺ᵘⁿⁱ+ᶻᵃʷᵍⁱ

1.4K 104 5
                                    

ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂
"မင်းမှာ သူငယ်ချင်းတောင်မရှိဘူးလား ကင်မ်ထယ်ယောင်း"

"ငိုး...မရှိဘူးကွ"

"ဘာ...ဟ ...တကယ်ကြီး"

"ဟုတ်တယ် ငါသူငယ်ချင်းရဖူးချင်တယ်"
🐺ᴡᴇ ᴀʀᴇ ʙᴏᴛʜ ᴅᴏᴍɪɴᴀɴᴛ ᴀʟᴘʜᴀ 🐺

Ep-3.....
ဂျွန်ဂျောင်ဂု မနက်ကအဖြစ်အပျက်ကို သေချာပြန်တွေးကြည့်လေလေ မခံမရပ်နိုင်လေဖြစ်နေရသည်။ထို့ကြောင့် ကင်မ်ထယ်ယောင်း အကြောင်းကိုသိရန် သူ၏လက်များကို ဖုန်းစခရင်ပေါ်သို့အလုပ်ပေးလိုက်သည်။

သိပ်မကြာခင်ထွက်ကျလာသော သူ၏အကြောင်းအရာများကြောင့်...

"ဟ...၁၄နှစ်တဲ့...ငါ့ထက်တောင်တစ်နှစ်ငယ်သေးတယ် အရိုင်းအစိုင်း!"

"Dominant Alpha !
ဒါကလည်းသိပီးသားပဲ နောက်တခု"

"အရပ်က ၅ပေ၁၀!
အွန်း...ငါ့ထက်တစ်လက်မဝက်ပုတယ် နောက်တခု"

"နှစ်သက်သောအရောင် !
ဖော်ပြခြင်းမရှိ...အမ်...ကြီးကြီးကျယ်ကျယ် နောက်တခု"

"အစားအစာ!
ဖော်ပြခြင်းမရှိ ...လာပြန်ပြီ"

စိတ်မရှည်ကာ အကုန်တောက်လျှောက်လိုက်ကြည့်လိုက်တော့လည်း အကုန်ကိုပဲ ဖော်ပြခြင်းမရှိ။ဒါဆို ကင်မ်ထယ်ယောင်းနဲ့ပါတ်သတ်တာက ဒါပဲရှိတာလား။အိမ်တော်ကိုကြည့်တော့ "ကင်မ်နန်းရတာမဟာ"၏ အထွေးဆုံးလေးတဲ့။

မိသားစုပုံအားကြည့်တော့ အားလုံးအနက်ရောင်ဝတ်စုံတွေနှင့် အားလုံး၏ဘယ်ဘက်နားမှာ မဟူရာကျောက်နက်တစ်လုံးစီပင်။ကင်မ်ထယ်ယောင်းမှလွဲ၍ အားလုံးကြင်ယာတော်ကိုယ်စီရှိနှင့်ပြီးကြပေပြီ။ဒုတိယသခင်လေးဆိုသူကလည်း မကြာခင်လက်ထပ်ထိမ်းမြားတော့မည်ပင်။

ကင်မ်ထယ်ယောင်း၏ပုံကို Zoom ဆွဲကြည့်လိုက်တော့ နှာခေါင်းအထက်မှည့်နက်တလုံး၊မျက်ခမ်းအောက်မှဲ့နက်တလုံး၊စပါးတင်မှဲ့လိုလို ပါးပေါ်မှာမှဲ့နက်တလုံး။ဆံပင်ရှည်တွေက သေချာကြည့်မှ ပို၍မဟူရာဆန်စွာနက်မှောင်ပြောင်လက်နေသည်။နံဖူးအထက် ဆံပင်ကောက်လေးနှစ်မြှင်ကို ဘယ်တစ်ဖက်ညာတဖက်ချထားသေးသည်။

Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ [KOOᗰOՏ]Donde viven las historias. Descúbrelo ahora